Wednesday, January 28, 2026

ကိုဗစ်ကြောင့်တားမြစ်ကာလဖြစ်သော်လည်း သျှမ်းတောင်တွင် ယာဉ်တိုက်မှုကြောင့် ယခုနှစ်သေဆုံးသူပိုများ

သျှမ်းပြည်တောင်ပိုင်းတွင် ယခု ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက်မှုကြောင့် တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ယာဉ်တိုက်မှုပိုမိုဖြစ်ပွါးကာ သေဆုံးမှုပိုမိုများပြားနေကြောင်း စုံစမ်း သိရှိရသည်။

Photo by Moe Myint Thu / Facebook- နောင်ချိုယာဉ်တိုက်မှု

ယခုနှစ် ဧပြီလ  သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ စတင်ကူးစက်လာသည့်စအချိန်ကစပြီး သျှမ်းပြည်နယ်အစိုးရကမြို့အ၀င်အထွက် Lockdown ချခြင်း ညမထွက်ရမိန့်များထုတ်ပြန်ခြင်းများစဉ်ဆက်မပြတ်လုပ်ထားသော်လည်း   ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းမှာ ယမာန်နှစ်ကထက်ပိုမိုများပြားနေကြောင်းသိရသည်။

“ ကိုဗစ် ပထမလှိုင်းတုန်းကတော့ ယာဉ်တိုက်မှုနည်းတယ်။ ဒီနောက်ပိုင်းမှာတော့ ပြန်တော့ တက်လာတယ်။ အများအားဖြင့် တိုက်တာက ဆိုင်ကယ်နဲ့ ကားနဲတိုက်တာ များတယ်” ဟု အမှတ် ၁၈ ဒုယာဉ်ထိန်းရဲသျှမ်းတောင် ဦးအောင်မိုးက ပြောသည်။

သျှမ်းတောင်တွင် (၁၀) လပိုင်း ၁၁ လ ပိုင်းအထိ ယာဉ်တိုက်မှုပေါင်း ၈၀ မှုထိရှိကြောင်း နှင့် သေဆုံးသူ ၃၂ ဦးထိရှိကြောင်းသိရသည်။

“ ၁၀ လပိုင်းတုန်းကတော့ ယာဉ်တိုက်မှူပေါင်းက ၄၃ မှုရှိတယ်။ ၁၁ ပိုင်းမှာတော့ ၃၇ မှုရှိတယ်။ ၁၀ လပိုင်းမှာက ၁၃ ဦးရှိတယ်။ နိုဝင်ဘာ မှာကတော့ ၁၉ ဦးရှိတယ်။ ဒါကတော့ သေဆုံးမှုတွေပေါ့။ သေဆုံးတော့များတယ်။ အမှုတော့နည်းတယ်”ဟု ဉီးအောင်မိုး ကပြောသည်။  

အဆိုပါ ယာဉ်တိုက်မှုများပြားပြီး သေဆုံးသူများသောကြောင့် ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ပိုမိုလိုက်နာ စေလိုကြောင်း ဦးအောင်မိုးကပြောသည်။

“ မနက်မိုးလင်းတာနဲ့ စားဝတ်နေရေးအတွက် လူတိုင်းက အပြင်သွားအလုပ်လုပ်ကြရတယ်။ အဲတာကို ကိုယ်သွားတဲ့လမ်းပေါ်မှုတည်ပြီးတော့ စည်းကမ်းတွေလိုက်နာပါ” ဟု ဉီးအောင်မိုး က ထပ်လောင်းပြောသည်။

၂၀၁၉ ခုနှစ်က သျှမ်းပြည်တောင်ပိုင်းတွင်ယာဉ်တိုက်မှုအကြိမ်ရေ  ၅၁၃ မှုရှိပြီး ဒဏ်ရာရရှိသူ ၇၉၄ ဉီးရှိကြောင်း သေဆုံးသူ ၂၆၇ ဉီးရှိကြောင်း မော်တော်ယာဉ်ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် ယာဉ်တိုက်မှုအကြိမ်ရေ စုစုပေါင်းမသိရသေးသော်လည်း လက်ရှိအခြေအနေအထိ ယမန်နှစ်ကထက်ပိုများနိုင်ကြောင်းလည်း မော်တော်ယာဉ်ထိန်းသိမ်းရေးက ပြောဆိုပါသည်။

တဖက်တွင်လည်း သျှမ်းပြည်တွင်ယာဉ်တိုက်မှု ဖြစ်ပွါးရသည့်အဓိကအကြောင်းရင်းမှာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သေစာသောင်စားမူးယစ်ပြီးမောင်းနှင်ခြင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်းတို့ဖြစ်ကြောင်း လည်း မော်တော်ယာဉ်ထိန်းသိမ်းရေးဌာနက ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...