မူဆယ်မြို့နယ်နှင့်မန္တလေးတို့တွင် ဘိန်းဖြူမူးယစ်ဆေး တန်ဖိုးငွေကျပ်သိန်း ၆၀၀၀ ကျော်ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ၄င်းနှင့်ဆက်စပ်ကာ မန္တလေးမြို့တို့တွင် ငွေကျပ်သိန်း ပေါင်း ၆၅၀၀ တန်ဖိုးရှိဘိန်းဖြူ များ  ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ယောဟန်နှင့်အတူဖမ်းဆီးရမိမူးယစ်ဆေးများ

 ဒီဇင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီအချိန်ခန့်က  မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးတပ်ဖွဲ့မှ မူဆယ် – မန္တလေး ကားလမ်းကို စောင့်ဆိုင်းစစ်ဆေးရာ  မူဆယ်မှ ယောဟန်(၂၈) နှစ်  မောင်းနှင်လာသောကားအတွင်း  ရေပူ၊ရေအေးစက် စက္ကူဂျပ်ဖာများအတွင်း၌   ဘိန်းဖြူ ၉ ကီလိုခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယောဟန်ထံမှ စစ်ဆေးသိရှိချက်အရ   မန္တလေးမြို့တွင် ကျော်ကျော်စိုးနှင့် ကျော်ဇင်ဝိုင်းဆိုသူများက စောင့်ဆိုင်းလက်ခံမည်ဖြစ်ကြောင်း သိရသည်။

တာ၀န်ရှိမူးယစ်ရဲများက မန္တလေးမြို့ရှိ ကျော်ကျော်စိုးနှင့် ကျော်ဇင်ဝိုင်းတို့နေအိမ်အား   ၀င်ရောက်စစ်ဆေးရာတွင် လူမတွေ့ရှိဘဲ    ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ကိုသာသိမ်းဆည်းရမိကြောင်းသိရသည်။

ထို့ကြောင့် အဆိုပါ ၂ နေရာတွင် ဖမ်းဆီးရမိသောဘိန်းဖြူများမှာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၆၅၀၀ ကျော်ရှိကြောင်း သိရသည်။

၄င်းဖမ်းဆီးရမိမှုတွင် မူးယစ်ဆေးသယ်ဆောင်သူ ယောဟန်တဉီးတည်းကိုသာဖမ်းဆီးမိနိုင်ခဲ့ပြီးလက်ရှိတွင်ဆပ်စပ်သူများဖြစ်သော ဘောက်လာ (ခ) မိုးတိမ် (၂၇) နှစ်၊ ကျော်ကျော်စိုး (၁၇) နှစ်၊ ကျော်ဇင်ဝိုင်း (၁၇) နှစ်တို့ကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။  

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...