Tuesday, January 27, 2026

မူဆယ်မြို့နယ်နှင့်မန္တလေးတို့တွင် ဘိန်းဖြူမူးယစ်ဆေး တန်ဖိုးငွေကျပ်သိန်း ၆၀၀၀ ကျော်ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ၄င်းနှင့်ဆက်စပ်ကာ မန္တလေးမြို့တို့တွင် ငွေကျပ်သိန်း ပေါင်း ၆၅၀၀ တန်ဖိုးရှိဘိန်းဖြူ များ  ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ယောဟန်နှင့်အတူဖမ်းဆီးရမိမူးယစ်ဆေးများ

 ဒီဇင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီအချိန်ခန့်က  မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးတပ်ဖွဲ့မှ မူဆယ် – မန္တလေး ကားလမ်းကို စောင့်ဆိုင်းစစ်ဆေးရာ  မူဆယ်မှ ယောဟန်(၂၈) နှစ်  မောင်းနှင်လာသောကားအတွင်း  ရေပူ၊ရေအေးစက် စက္ကူဂျပ်ဖာများအတွင်း၌   ဘိန်းဖြူ ၉ ကီလိုခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယောဟန်ထံမှ စစ်ဆေးသိရှိချက်အရ   မန္တလေးမြို့တွင် ကျော်ကျော်စိုးနှင့် ကျော်ဇင်ဝိုင်းဆိုသူများက စောင့်ဆိုင်းလက်ခံမည်ဖြစ်ကြောင်း သိရသည်။

တာ၀န်ရှိမူးယစ်ရဲများက မန္တလေးမြို့ရှိ ကျော်ကျော်စိုးနှင့် ကျော်ဇင်ဝိုင်းတို့နေအိမ်အား   ၀င်ရောက်စစ်ဆေးရာတွင် လူမတွေ့ရှိဘဲ    ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ကိုသာသိမ်းဆည်းရမိကြောင်းသိရသည်။

ထို့ကြောင့် အဆိုပါ ၂ နေရာတွင် ဖမ်းဆီးရမိသောဘိန်းဖြူများမှာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၆၅၀၀ ကျော်ရှိကြောင်း သိရသည်။

၄င်းဖမ်းဆီးရမိမှုတွင် မူးယစ်ဆေးသယ်ဆောင်သူ ယောဟန်တဉီးတည်းကိုသာဖမ်းဆီးမိနိုင်ခဲ့ပြီးလက်ရှိတွင်ဆပ်စပ်သူများဖြစ်သော ဘောက်လာ (ခ) မိုးတိမ် (၂၇) နှစ်၊ ကျော်ကျော်စိုး (၁၇) နှစ်၊ ကျော်ဇင်ဝိုင်း (၁၇) နှစ်တို့ကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။  

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်း

0
မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေဂိတ်များတွင် စစ်ဆေးတင်းကြပ်ပြီး ခရီးသွားများထံ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး- မိုးကုတ် လမ်းပိုင်းရှိ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် မန္တလေးမြို့အဝင် (၁၆) မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မန္တလေး-မိုးကုတ်...