Tuesday, January 27, 2026

သျှမ်းတောင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ဦးတိုး

သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈) ဦး ထပ်မံတွေ့ရှိကြောင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့ (ဒီဇင်ဘာ ၃) ရက် ည ၈ နာရီ က ထုတ်ပြန်လိုက်သည်။

သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (တောင်ကြီး)မှ ဓါတ်ခွဲနမူနာ စုစုပေါင်း ( ၇၄၂) ခု စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြု လူနာသစ် (၈) ဦး တွေ့ရှိခဲ့ပြီး၊ ထိုသူများသည် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲနမူနာဆိုင်ရာ ဌာန (တောင်ကြီး) ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့သည် ပင်းတယမြို့ (၂) ဦး၊ ဖယ်ခုံမြို့ (၁) ဦး၊ မိုးနဲမြို့ (၁) ဦး ၊ လဲချားမြို့ (၂) ဦး နှင့် အေးသာယာမြို့ (၂) ဦး တို့ဖြစ်သည်။

လက်ရှိတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၉၉ ) ဦးရှိသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၃) ရက်ထိ ကိုဗစ် အတည်ပြု လူနာ (၉၉) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရှိသူ (၆၅) ဦး ရှိသွားပြီဖြစ်ကြောင်း တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာ မိုးထွန်း ထံမှ သိရသည်။

“မနေ့ကထိတော့ (၉၉) ယောက်ရှိသွားပြီ လက်ရှိ စဝ်စံထွန်းဆေးရုံမှာ (၃၄) ဦး ဆေးကုသမှု ခံယူနေပါတယ်။” ဒေါက်တာ မိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒီဇင်ဘာ(၃) ရက် ည (၈) နာရီ အချိန်မှာ ပြည်ထောင်စု အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာ အသစ်( ၁၄၁၈) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၁၁၄၇) ဦး၊ သေဆုံးလူနာ (၃၀) ဦး တို့ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

0
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...

သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်များအတွက် သန္ဓေတားဆေး ပြတ်လပ်မှုဖြစ်လာနိုင်

0
သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက်လည်း အရေးပေါ် သန္ဓေတားဆေး ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။ လက်ရှိ ဆေးဝါးပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ဆီဆိုင်၊ အင်းလေးဒေသ နှင့် သျှမ်း-ကရင်နီ နယ်စပ်တကြော ဖြစ်သည်။ “ကျမတို့ဆီမှာက ဆေးဝါးတွေကတော့ စပြတ်နေပြီ၊ အမျိုးသမီးတွေ အတွက်ကတော့ သန္ဓေတားဆေး...

ခေါင်းစဉ်အမျိုးမျိုးဖြင့် သျှမ်းတောင်မှ ပြည်သူများ အခွန်အခများထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် အနီးတဝိုက်မြို့နယ်များအတွင်း မီးမလာသော်လည်း မီတာခများမြင့်တက်လာသည့်အပြင် ပြည်သူများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်ဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခများအား တစ်ယူနစ် ကျပ်(၃၀)မှ ကျပ်(၅၀) ထိ တိုးမြှင့်ကောက်ခံခဲ့ပြီသော်လည်း လက်ရှိတွင်...

သျှမ်းတောင် ရေကြီးမှုနောက်ဆက်တွဲ ကုန်စိမ်းသီးနှံဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်

0
ရေကြီးမှုဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော သျှမ်းပြည်တောင်ပိုင်းတွင် နောက်ဆက်တွဲအဖြစ် ကုန်စိမ်းဈေးနှုန်း ထပ်မံမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိသည်။ စက်တင်ဘာလ ပထမအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်းတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီးခဲ့ပြီးနောက် လက်ရှိတွင် ကုန်စိမ်းပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း အောင်ပန်းမြို့...