သျှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နှင့် နမ့်စန်မြို့နယ်တို့ တွင် ငွေကျပ်သိန်း (၁၉ ၀၀) တန်ဖိုးရှိ စိတ်ကြွရှုးသွပ်ဆေးပြား နှင့် ဘိန်းဖြူ များ ဖမ်းဆီရမိကြောင် စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် မနက် ၂ နာရီအချိန်တွင် ရွာငံမြို့နယ်၊ အောင်ပန်း – ရွာငံ သွားလမ်းတွင် အသက် (၃၃)နှစ် မျိုးမင်းအောင် မောင်းနှင်ပြီး၊ ယာဉ်နောက်လိုက် အသက် (၅၃)နှစ် အရွယ်ရှိ ကျော်ဆန်းဝင်း လိုက်ပါလာသည့် express ခရီသည်တင် ကားတွင် ဘိန်းဖြူ ၅.၂၈ ကီလို၊ စိတ်ကြွရှုးသွပ်ဆေးပြား( ၁၁၀၀၀၀) ပြားတို့ကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲထုတ်ပြန်ချက် အရသိရသည်။
အဆိုပါ Express ကားတွင် ခရီးသည်များ မပါရှိကြောင်းလည်း သိရသည်။
အလားတူ ဒီဇင်ဘာ ၁ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် Honda Fit နှင့် Landcruiser အမျိုးစားတို့သည် နမ့်စန်မှ မန္တလေးမြို့သို့ သယ်ဆောင်ရာ ရှေးပြေးယာဉ်အဖြစ်မောင်းနှင်းသွားပြီး ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အနီးတွင် ဖမ်းဆီးရမိကြောင်းသိရသည်။
ထိုမူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည်သူများကို သတ်ဆိုင်ရာမှ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။