သျှမ်းမြောက် ကိုဗစ်-၁၉ မြင့်တက်သော်လည်း ပြည်သူများပုံမှန်လှုပ်ရှားနေဆဲ

သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ဦးရေ မြင့်တက်လာ သော်လည်း ပြည်သူများ ပုံမှန်သွားလာမှု ရှိနေဆဲ ဟု စုံစမ်းသိရသည်။

Photo by Thaung Tun/ Facebook

လက်ရှိ သျှမ်းပြည် မြောက်ပိုင်း တွင် ကိုဗစ်-၁၉ စတင်တွေ့ရှိသည့် မတ်လ နှောင်းပိုင်းကစပြီး ယနေ့ချိန်ထိ စုစုပေါင်း (၈၄)ဦး ထိရှိပြီး၊ ထိုထဲတွင် ဆေးရုံဆင်းသူ (၅၈)ဦးရှိကာ ကိုဗစ်-၁၉ လူနာတဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသော်လည်း သျှမ်းမြောက်ပြည်သူများအနေဖြင့် ပုံမှန် လှုပ်ရှားသွားလာနေဆဲ ဟုလည်း သျှမ်းမြောက်ပြည်သူများကပြောသည်။

“ လားရှိုးမှာတော့ စုစုပေါင်း ၁၇ဦးရှိတယ်။ အခု ဆေးရုံတက်နေသူ (၇)ဦးရှိပါတယ်။ ကျန်တာ ဆေးရုံဆင်းသွားပြီ” ဟု လားရှိုးဆေးရုံ မှ ဒေါက်တာ ဉာဏ်မြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင်လည်း ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၃) ဦးရှိခဲ့သော်လည်း ယနေ့ ( ဒီဇင်ဘာ ၂ ရက်)တွင် ကိုဗစ် အတည်ပြုလူနာ ၁ ဦးဘဲကျန်ရှိကြောင်းသိရသည်။

“ လူနာကတော့ ၁ယောက်ဘဲကျန်ပါတယ်။ ၃၃ ယောက်ရှိတယ်။ ၃၂ ယောက်ကတော့ ဆင်းသွားပြီး။ ကျန်တဲ့တစ်ယောက်ရဲ ကျန်းမားရေးခြေနေကောင်းတယ်” ဟု မူဆယ်မြို့ဆေးရုံကြီး ဒေါက်တာဟန်နိင်စိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပိုးတွေ့လူနာ ကျဆင်းသွားသော်လည်း ပြည်သူများအနေဖြင့် သွားလာမှူပုံမှန်ရှိနေပြီ တချို့သော စားသောက်ဆိုင်များတွင် ထိုင်စား စနစ်ဖြင့်ပြန်လည်ရောင်းချနေပြီး ဖြစ်ကြောင်း မူဆယ်ဒေသခံများ ပြေပြချက် အရ သိရသည်။

“ ပုံမှန်ဘဲသွားလာနေတယ်။ ဆိုင်တချို့တွေကတော့ ထိုင်စားတာလဲရှိတယ်။ စိုးရိမ်မှုကတော့ သိပ်မရှိကြတော့ဘူး။ ကိုယ်မြို့နယ်ကလူ မဟုတ်ဘဲ တစ်ခြားမြို့နယ်က လာရင်တော့ စိတ်ပူရတာပေါ့” ဟု စိုင်းမြတ်အောင်ကပြောသည်။

လက်ရှိမှာ မူဆယ်မြို့နယ်တွင် Quarantine ဝင်နေသူ ၄၇ ဦးရှိနေသေးကြောင်း မူဆယ်မြို့ဂရုဏာလူမှူကူညီးရေး အသင်း ဦးသောင်းထွန်း ကပြောသည်။

“ မူဆယ်မြို့မှာ ကိုဗစ် ကျသွားတယ်ဆိုပေ့မယ့်ပြည်သူတွေကတော့ ကျန်းမားရေးလိုက်စားတာနည်းတယ်။ အပြင်ထွက်ရင်လဲ mask( နှာခေါင်းစည်း) ကိုမတပ်ကြတော့ဘူး” ဟု ဦးသောင်းထွန်းက ထပ်လောင်းပြောသည်။

မူဆယ်မြို့တွင် ကိုဗစ် ၁၉ အတည်ပြုလူနာကျဆင်းသွားသော်လည်း ဆရာဝန်များ နှင့် ပရိဟိတ အဖွဲ့များက ကိုဗစ် ၁၉ ဆက်မပြန်ပွားအောင် စည်းကမ်းလိုက်နာစေချင်ကြောင်း အကြုံပြုထားသည်။

မြန်မာနိုင်ငံတဝှမ်း ဒီဇင်ဘာ ၁ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ( ၉၂၁၈၉ ) ဦးရှိပြီး ဆေးရုံဆင်းလူနာ (၇၁၃၄၃) ဦးနှင် သေဆုံးလူနာ (၁၉၇၂) ဦးရှိကြောင်း ကျန်းမားရေးနှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

0
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...