Saturday, April 20, 2024

သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ဦး သေနတ်ပစ်ခံရ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ ဦး မေ ၂၀ ရက် မနက် ၁ နာရီတွင် သေနတ်ပစ်ခံရပြီး မန္တလေး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

သေနတ်ပစ်ခံရ ကုန်းသာကျေးရွာ ဒေသခံ

“ သေနတ်ပစ်ခံရတာက လင်မယား ၂ယောက်ပါ။ အမျိုးသားကတော့ ပေါင် မှာ ၂ချက်၊ အမျိုးသမီးကတော့ မျက်နှာ မှာ ၁ ချက်၊ ဝမ်းဗိုက်မှာ ၁ ချက် နဲ့ပေါင် မှာ ၁ ချက်ပါ။ ကလေးကတော့ မထိဘူး။ မန္တလေး ဆေးရုံ ပို့ပေးထားပါတယ်” ဟု သီပေါမြို့ နယ်စည်းမခြား လူမှုကူညီရေး အသင်း မှ ကိုမျိုးက ပြောသည်။

ကုန်းသာ ကျေးရွာ ဒေသခံ၂ ဦးကို မည်သည့် အဖွဲ့မှ လာရောက်ပစ်ခတ်သည်ကို မသိရှိရသေးကြောင်း၊ လက်ရှိ အချိန်မှာတော့ အသက် အန္တရာယ် စိုးရိမ် စရာ မရှိကြောင်းလည်း ကိုမျိုးက ပြောဆိုသည်။

“ မနက် မှာ ကုန်းသာ ဒေသခံ တဦးက ဖုန်းဆက်လာလို့ ကျနော်တို့အဖွဲ့နဲ့ သီပေါမြို့နယ် ရဲစခန်းကလူတွေ သွားပြီး ဒဏ်ရာ ရတဲ့သူကို သွားကူတာပါ။ ဘယ်အဖွဲ့လက်ချက်ဆိုတာတော့ ကျနော်လည်း မသိဘူး” ဟု ကိုမျိုးက ဆိုသည်။

ယခု မေ အတွင်း သီပေါမြို့နယ် အတွင်း မကြာခဏ သေနတ်ပစ်ခတ်ခံရကာ သေဆုံးမှုများရှိနေပြီး မေ ၉ ရက် နေ့တွင် ကုန်သာကျေးရွာ ဒေသခံတဦးလည်း အမည်မသိအဖွဲ့မှ သေနတ်ပစ်ကာ သေဆုံးခဲ့သေးကြောငး် သိရသည်။

“ သီပေါမြို့နယ် ခဏခဏ သေနတ်ပစ်ခံရတဲ့ သတင်းကြားရတယ်။ အိမ်ထဲထိ ဝင်ပစ်သွားတာတွေကြားရတော့ အလိုလို ကြောက်နေရတယ်။ လုံခြုံမှု မရှိတော့သလိုပါပဲ” ဟု သီပေါမြို့ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

သီပေါမြို့နယ် တွင် မြန်မာတပ်မတော်၊ သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) တို့ လှုပ်ရှားနေသည့်နေရာ လည်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article