Tuesday, January 27, 2026

ကွတ်ခိုင်တွင် USDP (၃)နေရာ၊ TNP (၁)နေရာ နိုင်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) မှ ၃ နေရာ နှင့် တအာင်း အမျိုးသားပါတီ (၁)နေရာ အနိုင်ရရှိထားကြောင်း စုံစမ်းသိရှိရသည်။

Jai Fon Mong/ Facebook

ကွတ်ခိုင်မြို့နယ် အမျိုးသားလွှတ်တော်နေရာမှာ (USDP) မှ ဦးအောင်ရင် ၊ ပြည်သူ့လွှတ်တော် နေရာတွင် (USDP) မှ ဦးသူရလွင် ၊ မဲဆန္ဒနယ်အမှတ်(၂) နေရာတွင် ( USDP) မှ ဦးနော်အောင် နှင့် မဲဆန္ဒနယ် အမှတ်(၁) နေရာတွင် (TNP) မှ ဦးကြာထွန်း တို့ အနိုင်ရသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက် နေ့လည် ၁၂ နာရီမထိုးခင်မှာ ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်ကြေညာပေမယ့် မဲဆန္ဒနယ် အမှတ်(၅) မှာ ဝင်ရောက်ယှဉ်ပြိုင်သည့် SNLD ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မော်ထွန်းအောင် ကတော့ ပုံစံ (၁၉ ) လက်မှတ်ရေးထိုးခဲ့ခြင်း မပြုပေ။

ကွတ်ခိုင်မြို့နယ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ( UBP) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၊ ကချင်အမျိုးသားပါတီ ( KNP) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) နှင့် တအောင်းအမျိုးသားပါတီ ( TNP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...

သီပေါဒေသခံများကို ဆန်၊ ဆီ၊ ငါးခြောက်ပေးပြီး USDP စည်းရုံးရေးဆင်းသော်လည်း လူထုစိတ်မဝင်စား

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဒေသခံများကို ဆန်၊ ဆီ၊ ငါးပိ ငါးခြောက်များ ပေး၍ စည်းရုံးရေးဆင်းနေသော်လည်း လူထုစိတ်ဝင်စားမှု မရှိကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၇) ရက်တွင် သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုရှိ ကွန်စံလိတ် မူလတန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ USDP...
Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...