ကွတ်ခိုင်တွင် USDP (၃)နေရာ၊ TNP (၁)နေရာ နိုင်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) မှ ၃ နေရာ နှင့် တအာင်း အမျိုးသားပါတီ (၁)နေရာ အနိုင်ရရှိထားကြောင်း စုံစမ်းသိရှိရသည်။

Jai Fon Mong/ Facebook

ကွတ်ခိုင်မြို့နယ် အမျိုးသားလွှတ်တော်နေရာမှာ (USDP) မှ ဦးအောင်ရင် ၊ ပြည်သူ့လွှတ်တော် နေရာတွင် (USDP) မှ ဦးသူရလွင် ၊ မဲဆန္ဒနယ်အမှတ်(၂) နေရာတွင် ( USDP) မှ ဦးနော်အောင် နှင့် မဲဆန္ဒနယ် အမှတ်(၁) နေရာတွင် (TNP) မှ ဦးကြာထွန်း တို့ အနိုင်ရသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက် နေ့လည် ၁၂ နာရီမထိုးခင်မှာ ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်ကြေညာပေမယ့် မဲဆန္ဒနယ် အမှတ်(၅) မှာ ဝင်ရောက်ယှဉ်ပြိုင်သည့် SNLD ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မော်ထွန်းအောင် ကတော့ ပုံစံ (၁၉ ) လက်မှတ်ရေးထိုးခဲ့ခြင်း မပြုပေ။

ကွတ်ခိုင်မြို့နယ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ( UBP) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၊ ကချင်အမျိုးသားပါတီ ( KNP) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) နှင့် တအောင်းအမျိုးသားပါတီ ( TNP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...