Tuesday, January 27, 2026

လားရှိုးခရိုင်တွင် လက်ရှိ သျှမ်းဝန်ကြီးချုပ် အပါအဝင် NLD ၃နေရာနိုင်၊ SNLDမှ တနေရာနိုင်

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရှိ သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အနိုင်ရရှိ ခဲ့သည်။

လားရှိုးခရိုင်တွင် ယခု ရွေးကောက်ပွဲတွင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၃နေရာ ရရှိပြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ၁နေရာရရှိကြောင်းသိရသည်။

အနိုင်ရရှိသူများမှာ လားရှိုးမြို့နယ် ပြည်နယ် အမှတ်(၁) နေရာတွင် လက်ရှိ သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရရှိခဲ့ပြီး၊ ပြည်နယ်(၂) တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ရီရီမင်း နှင့် ပြည်သူ့လွှတ်တော် နေရာတွင်လည်း (NLD) မှ ဦးစိုင်းရင်ထွန်း တို့ ဖြစ်ကြောင်းသိရသည်။

ထို့ပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ နန်းမွန်းစိန် အနိုင်ရရှိသွား ကြောင်း သိရသည်။

အဆိုပါ အနိုင်ရရှိသည့် စာရင်းကို သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် ရွေးကောက်ပွဲ ကော်မရှင် ထံစုံစမ်းသိရသည့် စာရင်းများဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...