သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မဲဆန္ဒနယ် အားလုံးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အပြတ်အသတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် SNLD ပါတီမှ စိုင်းသီဟကျော် ၊ မိုင်ရယ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှ စိုင်းဆေအွမ်မိုင်း ၊ မိုင်းရယ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) မှ စိုင်းမြင့်ထူး တို့ အနိုင်ရရှိသွားကြောင်း သိရသည်။
“ဒီနေ့ ၂ နာရီခွဲ ၃ နာရီမှာတော့ မိုင်းရယ်က ၃ နေရာမှာ ကျားခေါင်း နိုင်ရသွားတယ်ဆိုတာ ကော်မရှင်တွေဘက်က အတည်ပြု လက်မှတ်ထိုးပြီးသွားပါပြီ။” ဟု ပြည်သူ့လွှတ်တော် စိုင်းသီဟကျော် က သျှမ်းသံတောဆင့် ကိုပြောသည်။
သျှမ်းသံတော်ဆင့် မှ မိုင်းရယ်မြို့နယ်ရှိ ရွေးကောက်ပွဲ ကော်မရှင် ကို ဆက်သွယ်ရာမှ ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။
ထို့ကြောင့် မိုင်းရယ်မြို့နယ် မဲဆန္ဒနယ် (၃) နေရာသည် SNLD မှ အနိုင်ရရှိသွားသော်လည်း လက်ရှိချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ တရားဝင် မကြေညာသေးပေ။











Leave a Comments