သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ် မဲဆန္ဒနယ် အားလုံး တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ အပြတ်သတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရသည်။

လဲချားမြို့နယ် အမျိုသားလွှတ်တော် နေရာတွင် SNLD ပါတီ မှ စိုင်းထွန်းဝင်း(ခ) စိုင်းဝင်းအေး၊ ပြည်သူ့လွှတ်တော်နေရာတွင် SNLD ပါတီမှ စိုင်းဥက္ကာ၊ လဲချားမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)နေရာတွင် SNLDမှ စိုင်းဥက္ကာ (ခ) စိုင်းကောင်ခမ်း နှင့် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) နေရာတွင်လည်း SNLD မှ စိုင်းသူရိန်ဦး တို့ အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့ကြောင့် လဲချားမြို့နယ် မဲဆန္ဒနယ် အားလုံးကို SNLD မှ အနိုင်ရရှိသွားသော်လည်း လက်ရှိ အချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)မှ တရားဝင်မကြေညာသေးပေ။










Leave a Comments