Wednesday, January 28, 2026

မသမာမှုများတဲ့ ကြိုတင်မဲကိစ္စ စိုးရိမ်နေရဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက်ရှိလာပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ကြိုတင်မဲနှင့် ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြသေးတာကိုတွေ့ရပါတယ်။

အောက်တိုဘာ ၂၉ ရက် မှစတင်ကာ နိုဝင်ဘာ ၅ရက်ထိ အသက် (၆၀)အထက် ရှိသူ မဲဆန္ဒရှင်တွေဟာ ကြိုတင်မဲသွားရောက်ပေးကြပေမယ့် အဆင်မပြေမှုတွေ၊ မဲပေးမှုသဘောတရားတွေ၊ မဲစာရွက်ကို စာအိတ်ထဲထည့်ကာ ကော်ကပ်ရမှုတွေ ကောင်းမှုစွာ မသိရှိတဲ့အတွက် ပယ်မဲတွေ ဖြစ်လာမှာကိုလည်း နိုင်ငံရေးပါတီတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလမှာလည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းက မြင့်တက်လာတဲ့အတွက် အသက်(၆၀) ကျော်သူတွေ နေမကောင်းသူတွေ ဟာ ကြိုတင်မဲပေးဖို့ အတွက် အားစိုက်နေကြပေမယ့် လူနည်းစုကတော့ ကြိုတင်မဲကို မယုံကြည်သဖြင့်သွားမပေးကြသူများလည်း ရှိပါတယ်။

လက်ရှိကြိုတင်မဲပေးမှုတွေမှာတော့ မဲစာရွက်ကို စာအိတ်ထဲတွင် ထည့်သော်လည်း ကော်မကပ်ကြတဲ့ ပြဿနာများနေကြောင်း မိုင်းရှုးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်း က ပြောပြပါတယ်။

“ အခု ကျမ အတွေ့အကြုံအရဆိုရင် စာအိတ်မှာ ကော်ကပ်တယ်။ ကော်ကပ်တဲ့ဟာလည်း တစ်ချို့က မကပ်တတ်ဘူး။ မဲစာရင်းကို ထိရင် ပယ်မဲ ဖြစ်မယ်။ အဲ့ဒါက အစပေါ့နော်။ နောက်ဆုံး စာအိတ်နဲ့ဆိုရင် အချိန်လည်း အကြာကြီးစောင့်ရတယ်။ ပြဿနာများတယ်” လို့ နန်းကောင်ခမ်း က ပြောပါတယ်။

အသက် ၆၀ အရွယ်ဖြစ်ပေမယ့် သွားနိုင်လာနိုင်တဲ့သူဖြစ်ပါက နိုဝင်ဘာ ၈ရက်နေ့တွင်သာ မဲထည့်ရန် ပြောချင်ကြောင်း၊ ကြိုတင်မဲထည့်ရင် ပြဿနာ များစွာ ရှိလာနိုင်ကြောင်း လို့ နန်းကောင်ခမ်း က ထောက်ပြ ပြောပါတယ်။

ကြိုတင်မဲပုံးများကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွင်သာထားရှိပြီး၊ သတ်မှတ်ထားသည့် လုံခြုံရေးရဲများရှိသော်လည်း ရာနှုန်းပြည့် စိတ်ချရသည့် အရာမရှိကြောင်း သျှမ်းပြည်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောဆိုခဲ့ပါတယ်။

ကြိုတင်မဲကိစ္စ ဟာ တောင်ပေါ်ကျေးလက်ဒေသပြည်သူတွေအတွက် ပြဿနာများစွာရှိနေတာကိုတွေ့မြင်ရပြီး၊ ကြိုတင်မဲပုံးကို ရက်ပေါင်း (၇)ရက် တိုင်တိုင် ကျေးလက်အုပ်ချုပ်ရေးမှူး၊ ကော်မရှင်ခွဲရုံးတွေမှာ ထားရှိသော်လည်း လုံခြုံရေး ပိုင်းမှာ စိတ်ချရမှု မရှိကြောင်း၊ မဲပုံးကို တိတ်ကပ်ခြင်း၊ ကြိုးတပ်ခြင်းဖြင့်သာပြုလုပ်သဖြင့် ယုံကြည်မှုမရှိမှုတွေကို လူမှုကွန်ရက်တွေမှာ ဝေဖန်ပြောဆိုမှုတွေ တွေ့နေရပါတယ်။

“ကြိုတင်မဲ နဲ့ ပတ်သက်ပြီး ဘာကြောင့်သဘောမကျလဲဆိုတော့ မဲပုံးထားတဲ့ နေရာဆိုရင်လည်း ဘယ်လိုပဲ ထည့်ထည့် တိတ်ဘယ်လောက်ပဲ ကပ်ကပ် လုံခြုံမှုက နည်းမှာပေါ့။ ကံတရားနဲ့ပဲ စမ်းနေရတယ်။ ယုံကြည်မှု နဲ့ကံတရားပေါ့နော်။” နန်းကောင်ခမ်း က ပြောပါတယ်။

Photo by Sai Tun Aye/ Facebook

ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသားရေး တာဝန်တရပ်ဆိုရင်လည်း ဥပဒေအရ အသက် ၆၀ကျော်ကြိုတင်မဲသွားပေးရမှာဆိုပေမယ့် ကျန်းမာသန်စွမ်းပါက မဲပေးတဲ့ရက်မှာ ကိုယ်တိုင်မဲသွားပေးတာကို သဘောကျကြောင်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားပြုပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးနေဇော်နိုင်က ပြောဆိုလိုက်ပါတယ်။

“ ကြိုတင်မဲမှာက ကျနော်တို့ မမြင်နိုင်တဲ့ နေရာမျိုးတွေမှာ မဲ မသမာမှုတွေ ဖြစ်မှာကို စိုးရိမ်ရတယ်။ မြို့မှာတောင်မှာ သွားစောင့်ကြည့်နေရင်း တန်းလန်း မဲ ကော်မရှင် တာဝန်ရှိတဲ့သူတွေက အခန်း ဝ နားသွားပြီး ဒီမှာ ဘယ်နှပါတီရှိတယ်။ ဘယ်လိုထည့်ရတယ် ဘာတို့ သွားတင်တာတွေရှိတယ်” လို့ ဦးနေဇော်နိုင် က ဆိုပါတယ်။

ကြိုတင်မဲ စောင့်ကြည့်ရန်အတွက် ပါတီတိုင်းဟာ မဲရုံမှူးကို ကျေးလက်ဒေသမလွှတ်နိုင်တဲ့အတွက် ကြိုတင်မဲဟာ လက်လှမ်းမမှီတဲ့ ကျေးရွာတွေမှာ မဲမသမာမှုတွေ ဖြစ်လာနိုင်ကြောင်းလည်း ဦးနေဇော်နိုင်က စိုးရိမ်စွာဖြင့် ပြောဆိုလာပါတယ်။

“ မဲရုံတိုင်းကို ကျနော်တို့ လူတွေ မလွှတ်နိုင်ဘူး။ မဲ ပေးရမယ့်နေ့ မဟုတ်ဘဲနဲ့ ကြိုတင်မဲဆိုတော့ ကော်မရှင်က ကျနော်တို့ကို အကြောင်းမကြားပဲ သူတို့ သွားတဲ့ ကျေးရွာတွေရှိတယ်။ အဲ့လိုမျိုးကျတော့ ကျနော်တို့က မမြင်နိုင်တာ။ အဲ့လိုမမြင်နိုင်တော့ စိတ်ချလက်ချ မရှိနိုင်ဘူးဗျ။ ကျနော်တို့ လက်လှမ်းမမှီတဲ့ ကျေးရွာတွေမှာ အဲ့ မဲ မသမာမှုတွေ စိုးရိမ်ရတယ်” လို့ ဦးနေဇာ်နိုင်က ကြိုတင်မဲ ကိစ္စ စိုးရိမ်နေရတဲ့အကြောင်း ပြောပါတယ်။

ကြိုတင်မဲပုံးတွေကို ကြည့်ခြင်းအားဖြင့်လည်း ကြိုးဖြင့်သာချည်ထားတဲ့အတွက် လုံခြုံမှု အားနည်းနေပါတယ်။ တချို့ နယ်မြေ ရှိ ကြိုတင်မဲပုံးချည်ကြိုးတွေပြတ်တာကြောင့် ချည်ကြိုး အသစ်ပြန်လဲှရတာတွေရှိပါတယ်။

သျှမ်းပြည်မှာအခု ကြိုတင်မဲကို နေရာအနှံ့ပေးနေကြပြီး တချို့ကြိုတင်မဲပေးတဲ့ နေရာတွေမှာ မိမိဆန္ဒအလျောက် မဲပေးခွင့်မရသလို တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေခံနေရတာတွေလည်းရှိနေပါတယ်။

လွန်ခဲ့တဲ့ ရွေးကောက်ပွဲ ၂ကြိမ်ဆက်တိုက်မှာလည်း ကြိုတင်မဲ ပြဿနာ အကြီးအကျယ်ရှိခဲ့ဖူးသဖြင့် ကြိုတင်မဲ ဟာ နိုင်ငံရေး အပြောင်းအလဲတွေ များစွာ ရှိလာနိုင်တာကိုတွေ့ရပါတယ်။

သျှမ်းပြည်အတွင်း ကြိုတင်မဲပေးရာမှာ မဲပုံး ကို ၁ပုံး တည်းသာ ထည့်ရတဲ့အတွက် ကြိုတင်မဲကို စိတ်ချရမှုမရှိကြောင်း၊ ကြိုတင်မဲထည့်တဲ့ စာအိတ်ကို ကော်ကပ်မရတာ၊ ကော်မကပ်နိုင်တာတွေ ရှိကြောင်း လည်း အသက်(၆၀)ကျော် ကြိုတင်မဲသွားပေးတဲ့သူတွေ က ပြောဆိုပါတယ်။

“မဲလက်မှတ်တွေ ၃ ပုံးထည့်ရမှာကို ၁ ပုံးပဲ ထည့်ရတယ်။ စိတ်ထဲမှာတော့ မယုံဘူး။ မယုံချင်တော့ဘူးပေါ့နော်။” အသက် (၆၀) အထက် ကြိုတင်မဲထည့်ခဲတဲ့ ပင်လုံဒေသခံ ပါ့လှ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တွင် အသက် (၆၀) နှင့် အထက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ လေးသိန်းကျော်ရှိပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မိုင်းကိုင်မြို့နယ်တွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ အသက် (၆၀) နှင့် အထက် (၈၀၀၀) ကျော်ရှိပါတယ်။

လက်ရှိ ကာလ မှာတော့ သျှမ်းပြည်သူတွေ ဟာ သျှမ်းပြည်ရဲ့ အနာဂတ် သျှမ်းပြည်ပြောင်းလဲဖို့အတွက် ကြိုတင်မဲ ကို စိုးရိမ်မှုမျိုးစုံကြားကနေ သွားရောက်ပေးနေရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ပင်းတယ တက္ကသိုလ်ကျောင်းတက်သူများ ကြိုတင်မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့တွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က တက္ကသိုလ်ကျောင်းသားများ မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြီး ကြိုတင်မဲ ထည့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် တက္ကသိုလ်ကျောင်းတက်နေသူများ၊ မသန်စွမ်းများ၊ ကျန်းမာရေးမကောင်းသူများ နှင့် သက်ကြီးရွယ်အိုများကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများက မဖြစ်မနေမဲထည့်ကြရန်...

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

လွိုင်ကော်မြို့တွင် ကြိုတင်မဲကောက်ယူနေပြီး မဲမထည့်လျှင် လုံခြုံရေးအာမ,မခံကြောင်း ခြိမ်းခြောက်

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ ကောက်ယူနေပြီး မဲစာရင်းပါသည့်အတိုင်း မဲမထည့်သူများကို လုံခြုံရေး အာမ,မခံကြောင်း ခြိမ်းခြောက်မှုများပါ ရှိနေသည်ဟု စုံစမ်းသိရသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်ကော်မြို့ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများထံမှ...