Saturday, April 20, 2024

သျှမ်းတောင် ကိုဗစ်-၁၉ လူနာ ၆ဦးတိုးလာ

Must read

သျှမ်းပြည် တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၆ ဦးထပ်မံတွေ့ရှိကြောင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ (၂၈) ရက် ည ၈ နာရီကထုတ်ပြန်လိုက်သည်။

သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာန (တောင်ကြီး) မှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၃၄၅) ခု စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၆ ဦးတွေ့ရှိခဲ့ပြီး၊ ထိုသူများသည် အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲနမူနာဆိုင်ရာ ဌာန (တောင်ကြီး) ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့သည် အောင်ပန်းမြို့ (၁) ဦး၊ ရွာငံ (၁) ဦး၊ ကလော (၁) ဦး၊ ဆီဆိုင်မြို့နယ် ဘန်းယဉ် (၁) ဦး၊ ရပ်စောက် (၁) ဦး နှင့် အေးသာယာမြို့ (၁) ဦး တို့ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ (၂၈) ရက်ထိ သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၉၉ ) ဦးရှိပြီး (၁) ဦး သေဆုံး၊ (၆၇) ဦး ဆေးရုံ ဆင်းသွားပြီ ဖြစ်ကြောင်း Rapid Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၂) ဦး ရှိကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ထံ မှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၈ ရက် ည(၈)နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၄၀၆) ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၂၆၃) ဦး နှင့် သေဆုံးသူ (၂၅) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၄၉ ၀၇၂) ဦး၊ ဆေးရုံဆင်းခွင့်ရသူ(၂၈၆၃၆) ဦး နှင့် သေဆုံးသူ လူနာ (၁၁၇၂) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article