Tuesday, January 27, 2026

မိုင်းပန်မြို့နယ် အတွင်း ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ ဦးသေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု တွင်း ယနေ့ (အောက်တိုဘာ ၂၇)ရက် နေ့လည် ၁နာရီဝန်းကျင်က ခရိုင်ထွေအုပ်မှ ဦးစီးအရာရှိ ၂ ဦး သေနတ်ပစ်ခတ်ခံရကြောင်း ကနဦး သတင်းအရ စုံစမ်းသိရှိရသည်။

ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရပြီး၊ လက်ရှိမှာလူနာ ၂ဦး ကို လင်းခေး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း SNLD မှ မိုင်းပန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူတို့ပစ်တဲ့ နေရာမှာ ရွာမရှိဘူး။ တောအုပ်ပဲ ဖြစ်ပါတယ်။ အသံ ၂ ချက်ပစ်တယ်လို့တော့ လူနာ တင်လာတဲ့ ကားသမားတွေ ကနေ ဖုန်းဆက်လာပါတယ်။ ခရိုင်ထွေအုပ်ဦးစီး နဲ့ ဒုဦးစီး ၂ ယောက်စလုံး ဘယ်ဘက်ပေါင်မှာ ထိပါတယ်။ လူနာ ၂ ယောက်စလုံး လင်းခေးဆေးရုံကို သွားလိုက်ပါပြီ။” ဟု စိုင်းကျော်ခိုင် ကပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးစလုံးသည် လင်းခေးခရိုင်က အထွေထွေ အုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိ တဦး နှင့် ဒုဦးစီးအရာရှိဖြစ်ကြောင်း ဦးစိုင်းကျော်ခိုင် ကပြောသည်။

လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့တို့သည် မိုင်းပန်မြို့နယ် အတွင်းရှိ ကျေးရွာများရှိ မဲရုံးများသွားရောက် စစ်ဆေးပြီး အပြန်ခရီးစဉ် တွင် လက်နက်ကိုင်တပ်ဖွဲ့ မှ ချောင်းမြောင်း ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွါးရာ မိုင်းပန်မြို့နယ်အတွင်း အစိုးရ တပ်မတော်အပြင် ရဲတပ်ဖွဲ့၊ RCSS/SSA နှင့် ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့ တို့ လှုပ်ရှားကြောင်း သိရသည်။

လာမည့်အောက်တိုဘာ ၂၈ ရက်နေ့တွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေဖြင့်အဆိုပါ နားမွန်ကျေးရွာ အုပ်စု သို့ စည်းရုံးရေး ဆင်းရန် စီစဉ်ထားကြောင်း စိုင်းကျော်ခိုင် က ပြောသည်။

“ ကျနော်တို့ မနက်ဖန် နားမွန်ကျေးရွာ အုပ်စု ကို စည်းရုံးရေး ဆင်းဖို့ RCSS ဆက်ဆံရေးရုံးကို သွားရင်းဒီသတင်း ကြားခဲ့ရတာပါ။ မနက်ဖြန် ကျနော်တို့စည်းရုံးရေး တော့မသွားဖြစ်တော့ပါဘူး။ RCSS က ခွင့်မပြုသေးဘူး။ တားထားပါတယ်။” ဟု ဦးစိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး RCSS/SSA ဘက်က အသေးစိပ်မသိရသေးကြောင်း ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးခမ်းစံ က သျှမ်းသံတော်ဆင့်အားပြောပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

Happy Water ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအမှု ငွေကြေးဖြင့် ကြေအေး

0
သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် Happy Water စိတ်ကြွဆေးရည်ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အမှုကို ငွေကြေးဖြင့် ကြေအေးလိုက်ကြောင်း ဒေသခံများက ပြောသည်။  ဇွန်လ ၂၁ ရက်နေ့တွင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုက်ညရွာ၌ ဖွင့်လှစ်ထားသော X3 KTV ဆိုင်တွင် အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် Happy...

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...