ကျပ်သိန်း ၂၀၀၀ တန် တောင်ကြီး အားကစားကွင်း ပွင့်လင်းမြင်သာမှု မရှိဟု လူထုဝေဖန်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် ကျပ်သိန်း ၂၀၀၀ ကျော် ကုန်ကျမည့် အားကစားကွင်း ဆောက်လုပ်ရာ၌ ဝေဖန်မှု များရှိနေသည်။

သျှမ်းပြည် အစိုးရ ၂၀၁၉-၂၀၂၀ ဘတ်ဂျတ် နှင့် ဖော်ဆောင်မှု ပြုလုပ်သွားမည့် ကျပ်သိန်း ၂၀၀၀ ကျော် ကုန်ကျမည့် အဆိုပါစီမံကိန်း ကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြပေးခြင်းမရှိကြောင်း ၊ ဆောက်လုပ်ပြီးစီးခါနီး နေပြီဖြစ်သော အဆိုပါသိန်းထောင်ချီတန် အားကစားကွင်းကို သျှမ်းပြည်လူထုက စိတ်ဝင်တစား စောင့်ကြည့်နေကြ သည်။

“တောင်ကြီးမြို့မှာ ဘာစီမံကိန်းတွေပဲ လုပ်လုပ် လူထုက ပြီးမှ သိရတယ်။ အဲ့ဒါက မဖြစ်သင့်ဘူး။ ခေတ်ကလည်း ဒီမိုကရေစီခေတ်ဖြစ်နေပြီ။ ဘယ်နေရာမှာ ဘာလုပ်မယ်။ ဘာစီမံကိန်းတွေ လုပ်နေတယ် ဆိုတဲ့ဟာမျိုး မြို့လူထုကို ချပြတာတို့ အကြံဉာဏ်ယူတာတို့ လုပ်ရမှာ” ဟု တောင်ကြီးဒေသခံ ကိုဝင့်ထည်ကောင်းမြတ် က ပြောဆိုလိုက်သည်။

သျှမ်းပြည် အစိုးရ အဖွဲ့အနေဖြင့် လက်ရှိ ဆောင်ရွက်နေသည့် အားကစားကွင်းဆောက်လုပ်မှုသည် စီမံကိန်းပြီးစီးခါနီးမှသာ ပြည်သူများသိရှိရကြောင်း၊ မည်သည့် စီမံကိန်းမဆို မြို့လူထု အရင်ချပြပြီး မှသာလျှင် လုပ်ဆောင်သင့်ကြောင်းလည်း ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။

“ဖြစ်ပြီးမှ ဒီဟာ ကောင်းတယ်မကောင်းဘူး ဆိုတာမျိုးထက် နောက်ပိုင်း အစိုးရအနေနဲ့ ဆင်ခြေသင့်တာက သူတို့မှာ ဒေတာ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့်လည်း မြို့နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို လုပ်တဲ့အခါမှာ မြို့လူထုကို အရင်ဆုံး ချပြပြီးမှ သဘောတူညီမှု ယူပြီးတော့ မှလုပ်ဆောင်ပေးဖို့ ဒါက သင်ခန်းစာပေါ့နော်။” ဟု ကိုဝင့်ထည်ကောင်းမြတ် ကပြောသည်။

သျှမ်းပြည် တွင် ပြဿနာပေါင်းစုံ လမ်းပန်းဆက်သွယ်ရေးကာ ကျေးရွာဆေးပေးခန်း၊ ကျောင်းဆောင်များစွာ လိုအပ်နေတဲ့နေရာများစွာ ရှိသည့်အပြင် အဖက်ဖက်မှာ အားနည်းနေသည့် နေရာများကြား မှ တောင်ကြီးမြို့တွင် ကျပ်သန်း၂၀၀ကျော်ကုန်ကျပြီး သျှမ်းပြည်အစိုးရ မှ အားကစားကွင်းတခုပြုလုပ်ပေးသည့်အပေါ် သျှမ်းပြည်သူများက စိတ်မကောင်းကြောင်းလည်း ပြောဆိုလိုက်သည်။

“သိန်း ၂၀၀၀ ကျန်ကျမယ့် အားကစား လုပ်ဖို့ထက် တခြား သျှမ်းပြည်တွင်း လိုအပ်နေတဲ့ အရေးကြီးတဲ့ အရာများ လုပ်ဆောင်သင့်ပါတယ်” လို့ တောင်ကြီးတွင် နေထိုင်သည့် မမီးငယ် က ပြောသည်။

ကျပ်သိန်း ၂၀၀၀ ကုန်းကျပြီး အားကစားကွင်း တည်ဆောက်ခြင်းသည် မဖြစ်သင့်ကြောင်း၊ ထိုကုန်ကျမည့်ငွေများသည် လိုအပ်နေသည့် နေရာဒေသကို ကူညီပေးသင့်ကြောင်း မမီးငယ် က ထောက်ပြပြောဆိုသည်။

“လုပ်ပြီးမှပဲ ကျမတို့ သိရတာ ဒီအပေါ်မှာတော့ ကျမတို့အနေနဲ့တော့ ငွေကြေးကုန်ကျမှု စားရိတ်ကလည်း တကယ်တမ်းဆိုရင် ကျမတို့ကလည်း မသိဘူး။ သိန်း ၂၀၀၀ ဆိုတဲ့ဟာမျိုးကို ကျမတို့ သိလိုက်ရတဲ့အချိန်မှာ ကျမတို့လည်း လန့်သွားတဲ့ အနေအထားမျိုးတော့ ဖြစ်တယ်” ဟု မမီးငယ်က ဆိုသည်။

ထိုကျပ်သိန်း ၂၀၀၀ ကုန်ကျမည် ဆိုသည့် အားကစားကွင်းကို သွားရောက်ကြည့်သည့်အခါ အားကစားကွင်း ရုပ်လုံးမပေါ်လွင်ကြောင်း၊ ကုန်ကျသည့်ငွေပမာဏနှင့် ညီမျှသည့် ရလဒ် မဟုတ်ကြောင်းလည်း အားကစားကွင်း သွားရောက်လေ့လာသည့် ပြည်သူများက သျှမ်းသံတော်ဆင့်ကို မှတ်ချက်ပြု ပြောသည်။

“ ကျမ သွားကြည့်လိုက်တာ အားကစားကွင်းရယ်လို့ တိတိပပ အပန်းဖြေဖို့အတွက်လို့ ပြောပေမယ့်လည်း ပရမ်းပတာနိုင်တယ်လို့တော့ ခံစားရတယ်။ စည်းတွေ ဘောင်တွေ မရှိသလို ခံစားရတယ်” မမီးငယ် က သူမ သွားရောက်လေ့လာခဲ့သည့်အပေါ် အမြင် ကို ပြန်လည်ပြောပြခြင်းဖြစ်သည်။

တောင်ကြီးမြို့တွင် အားကစားကွင်းနည်းပါးနေသည့်အတွက် ၎င်း ကွင်းကို တည်ဆောက်ရခြင်းဖြစ်ပြီး မြေအနေအထားအရ ဘောလုံးကွင်း တကွင်း၊ဘတ်စကက်ဘောကွင်း ၂ကွင်း၊ ဘော်လီဘောကွင်း ၂ကွင်း၊ ခြင်းလုံးကွင်း ၁ ကွင်း၊ ပိုက်ကျော်ခြင်းကွင်း ၃ကွင်း ဖော်ဆောင်ပေးထား ကြောင်းသိရသည်။

အားကစားကွင်း အရည်အသွေး ပြည့်မှီမှု ရှိ၊ မရှိကို သျှမ်းပြည်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် က အောက်တိုဘာ ၁၉ ရက်တွင် ကွင်းဆင်းစစ်ဆေးရာ လက်ရှိအခြေအနေအရ ကွင်းပြင်၏ မျက်နှာပြင် ဧရိယာသည် အလွန်ကြမ်းတမ်းနေကြောင်း လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါသည်။

“ သျှမ်းပြည်တောင်ပိုင်းတည်ဆောက်ရေး ကော်မတီအဖွဲ့ကိုလည်း အရည်အသွေးပြည့် မပြည့် ပြန်လည် စီစစ်တင်ပြရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း” ဝန်ကြီး ဦးစိုးညွှန့်လွင် က ရေးသားထားသည်။

သျှမ်းပြည် စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီး ဦးစိုးညွှန့်လွင်သည် လာမည့် ၂၀၂၀ ခုနစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သူလည်းဖြစ်သည်။

အဆိုပါ အားကစားကွင်းသည် ရွေးကောက်ပွဲမတိုင်ခင်ချပြလာခြင်းသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နှင့် ချိတ်ဆက်မှုများရှိနေလား ဟု ပြည်သူများက မေးခွန်းထုတ်နေကြသည်။

“ သျှမ်းပြည်အစိုးရ အဖွဲ့ဝင်တွေက ရွေးကောက်ပွဲထပ်ဝင်ပြိုင်ကြမယ်။ သူတို့၄နှစ်တာ အတွင်းဘာတွေလုပ်ခဲ့လဲဆိုတာ ချပြနေတဲ့သဘောပါ။ ဒါပေမယ့် မလုပ်ခင်က ပြည်သူလူထုကို ကြိုမပြောဘူး။ သျှမ်းပြည်မှာ လိုအပ်နေတဲ့နေရာ တွေအများကြီးပါ” ဟု နန်းဥမ္မာ က ထောက်ပြပြောဆိုလိုက်သည်။

၂၀၁၅-၂၀၂၀ ခုနစ် NLD အစိုးရ လက်ထက်တွင် များသောအားဖြင့် ၎င်းတို့ အနိုင်ရသည့် မြို့နယ်များအတွက် သာ ပိုပြီး လုပ်ပေးသည့်အနေအထားရှိနေပြီး တခြားတိုင်းရင်းသးဒေသ၊ အနိုင်မရသည့်နေရာများ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးခြင်း နည်းကြောင်းလည်း နိုင်ငံရေး အသိုင်းအဝန်းများက ဝေဖန်ပြောဆိုနေကြသည်။

“ များသောအားဖြင့် အစိုးရ အဖွဲ့တွေက မြို့ပြတွေကိုပဲ အဓိကလုပ်ပေးတယ်။ ကျမတို့ နယ်ဒေသ တွေ တောခေါင်တဲ့အရပ်တွေကို လာပြီး ကြည့်တာတွေမရှိဘူး။ ဘယ်သူတက်တက် ဒီလိုပဲ မပြောင်းလဲဘူး” ဟု လားရှိုးမြို့ ဒေသခံ စိုင်းလှ က ပြောသည်။

ယခု အားကစားကွင်း တည်ဆောက်သည့်နေရာသည် တက္ကသိုလ် အနီးတွင် ရှိသဖြင့် ကျောင်းသား၊ကျောင်းသူများ အတွက် ကောင်းမွန်ကြောင်း၊ လူငယ်များကစားရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးသည့်အတွက် ကောင်းသည့်အချက် ဖြစ်ကြောင်းလည်း ရှင်သန် ကမ္ဘာမြေ အစိမ်းရောင် ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က ပြောသည်။

“ ကလေးတွေ အားကစား လုပ်ဖြစ်ဖို့ အားကစားတွေ အားပေးဖို့ မူးယစ်ဆေးဝါးတွေ ကာကွယ်ဖို့ဆိုရင် ကလေးတွေ ဆွဲဆောင်တာ လုပ်တာ ပိုကောင်းတာပေါ့” ဟု ဒေါ်ချယ်ရီကျော် က ပြောသည်။

ငွေကြေး ကျပ်သိန်း ၂၀၀၀ ကျော် ကုန်ကျသည့် အရည်အသွေး မပြည့်မှီသည့် တောင်ကြီးမြို့ အားကစားကွင်းသည် ဝေဖန်မှုများကြား မည်ကဲ့သို့ ရုပ်လုံးပေါ်လာမည်ကို စိတ်ဝင်စားနေကြပြီး၊ နောင်တက်လာမည့် သျှမ်းပြည်အစိုးရ အနေဖြင့်လည်း စီမံကိန်းများကို ပြည်သူများချပြရန် ပြည်သူ့ဆန္ဒယူကာ တည်ဆောက်ရန် လိုအပ်ကြောင်း သျှမ်းပြည်သူ ထောက်ပြ ပြောဆိုလိုက်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၂) ရက် နေ့လည် ၁၁နာရီတွင် ရွှေဘုန်းပွင့်ဘုရား လမ်းအတက်တွင် နေ့လည်ခင်း အချိန်တွင် အမျိုးသားနှစ်ဦးမှ ဓာတ်ပုံလာရိုက်သည့် အမျိုးသမီးနှစ်ဦးထံသို့ ကပ်လာပြီး ဓားဖြင့်ထောက်ကာ ပါလာသည့် ပစ္စည်းများကို...

တောင်ကြီး အားကစားကွင်းဘေး ဖြိုလက်စ တိုက်ခန်းများထဲ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဖြိုလက်စ တိုက်ခန်း၊ ဆိုင်ခန်းများထဲတွင် စည်းကမ်းမဲ့ အမှိုက်နှင့် မစင်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ အနှောင့်အယှက် ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်‌နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ...