Tuesday, January 27, 2026

ခေတ်နှင့် အညီ (e–office) စနစ်ဖြင့် စတင်ကျင့်သုံးနေကြောင်း (SNLD) ပါတီ ထုတ်ပြန်

ခေတ်မီသော ပါတီတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် (e –office) စနစ်ကို ကြိုးစားထူထောင်နေ ဖြစ်ကြောင်း SNLD က ပြောကြားသည်။


ခေတ်နှင့်အညီ ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြေမပြတ်စေဘဲ ပါတီအတွင်း လိုအပ်သလို ပြုပြင် တည်ဆောက်ခဲ့ပြီး ခေတ်မီသည့် ပါတီ တရပ် ဖြစ်ရန် e-office စနစ်ကိုကြိုးစားထူထောင်နေပြီး ပါတီ၏နည်းဗျူဟာအဖြစ် မူဝါဒများကိုလည်း ပညာရှင်များ၏ အကူအညီဖြင့် ရေးဆွဲသတ်မှတ်နိုင်ခဲ့ကာ ပမာဏာအဆင့် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတည်ထောက်ခြင်း (၃၂)နှစ်မြောက် အခမ်းအနာကို ယနေ့(အောက်တိုဘာ ၂၆ ရက်) တွင် Zoom Meeting Application ဖြင့် ပြုလုပ်ခဲ့ပြီး ပါတီ ကိုယ်စားလှယ်လောင်းများ နှင့် ပါတီဝန်းရံသူများ အားလုံးပါဝင် တက်ရောက်ခဲ့ ကြောင်းသိရသည်။


SNLD သည် အမျိုးသားတန်တူးရေး နှင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရန် ၁၉၄၇ ခုနစ် တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် နှင့် ပင်လုံ ကတိကဝတ်များ၊ ၁၉၆၁ ခုနစ် ပြည်နယ်ပေါင်းစုံ ညီလာခံတွင် ဆုံးဖြတ်အတည်ပြုခဲ့သည့် ပြည်ထောင်စုစစ်မူအပေါ် အခြေခံပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရပ်တည် ကြိုးပမ်းခဲ့ကြောင်း SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။


“ ရည်မှန်းချက် မရောက်မချင်း ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်ဖို့လည်း တိုက်တွန်းလိုပါတယ်။ ဒီနေ့အချိန် မှာတော့ တိုင်းရင်းသားပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အစမှ အဆုံးတိုင် ပြန်လည်ပြုပြင်ရေးဆွဲမယ့် တာဝန်တရပ်တိုးလာတဲ့အပြင် နဂိုရှိရင်းစွဲစစ်အာဏာရှင် တိုက်ဖျက်ရေး၊ လူမျိုးကြီးဝါဒ ပပျောက်ရေး ကိစ္စကိုလည်း ဆက်လက် ဆင်နွှဲနေကြရမှာဖြစ်ပါတယ်” လို့ ဦးခွန်ထွန်းဦး က ပြောကြားလိုက်သည်။

ပါတီတွင် မျိုးဆက်သစ်လူငယ်လူလတ်များကို တာဝန်များ ပိုမိုပေးအပ်လျက် ရှိပြီး အတွေ့ကြုံရှိသော အနာဂတ် ခေါင်းဆောင်များအဖြစ် ပြုစုပျိုးထောင်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“ကျနော်တို့ပါတီ အနေနဲ့လည်း လူငယ်နဲ့ အမျိုးသမီး တွေက ၃၀% ပါရမယ်ဆိုလို့ ကျနော်ပါတီထဲမှာလဲ လူငယ်တွေလဲ အများကြီးဝင်လာခဲ့တယ်။ လူငယ်တွေလဲ အများကြီးစိတ်ဝင်းစာလာခဲ့တယ်။ တောင်ကြီးမြို့ကို ကြည့်မယ်ဆိုရင် ကိုယ်စားလှယ်လောင်းတွေကလည်း လူငယ်တွေဖြစ်ပြီး အမျိုးသမီးလည်း ဖြစ်သေးတယ်” ဟု (SNLD) ပါတီ သျှမ်းတောင် အတွင်းရေးမှူး စိုင်းစွမ်းဝမ်းက ပြောသည်။


၂၀၂၀ နိုဝင်ဘာ ၈ရက် တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် SNLD (ကျားခေါင်း) အနေဖြင့် လွှတ်တော် အမတ်လောင်း (၁၃၂)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ထိုထဲတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၃၇)ဦး ၊ လူငယ် ၃၂ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် SNLD အနေဖြင့် မြို့နယ် (၄၅)မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၊တိုင်းရင်းသား မဲဆန္ဒနယ်(၃)ဦး၊ အမျိုးသားလွှတ်တော်နေရာ (၁၂)ဦး၊ ပြည်သူ့လွှတ်တော်နေရာ (၃၇)ဦး နှင့် ပြည်နယ် လွှတ်တော်နေရာ ၇၉ ဦး စုစုပေါင်း (၁၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...