တောင်ကြီး သီတင်းကျွတ် လပြည့်ည မီးပုံးပျံလွှတ်တင်ရန် အစီစဉ်ဖျက်သိမ်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် သီးတင်ကျွတ် လပြည်ည မီးပုံးပျံ လွှတ်တင်ရန် ဖျက်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့သီတင်းကျွတ် လပြည့်ည တွင် မီးပုံးပျံလွှတ်တင်ရန် အစီအစဉ် မရှိတော့ကြောင်း ယနေ့(အောက်တိုဘာ ၂၂)ရက် တောင်ကြီးမြို့ စုပေါင်းရုံး တွင် မီးပုံးပျံလွှတ်တင်မည့်အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးကာ ဆုံးဖြတ်ခဲ့ကြကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီကိုဗစ်ကာလမှာတော့ လူစုလူဝေးနဲ မဖြစ်စေချင်ဘူး။ တခြားနေရာဒေသ တွေကပါ မီးပုံးပျံလွှတ်တယ်ဆိုလာကြမှာလေ။ ကိုယ့်ဒေသထဲမှာ ရောဂါကူးစက်ဖို့ အခြေအနေ ပိုများနိင်တယ်လေ” ဟု ဦးဖြိုးမင်းထိုက် ကပြောသည်။

အဆိုပါ မီးပုံးပျံအဖွဲ့များကလည်း သျှမ်းပြည်အစိုးရထံ စာထပ်တင်ထားပြီး ထုတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ချင်ကြောင်း ဦးဖြိုမင်းထိုက်ကပြောသည်။

ဆက်လက်ပြီး မီးပုံးပျံလုပ်သည့် အဖွဲ့မှ တာဝန်ရှိသူတဦး က “ အခုက သက်ဆိုင်ရာ ရက်အကန့်သတ်မရှိတော့ ရွှေ့လိုက်ပြီး၊ ကျနော်တို့ကတော့ ပြည်နယ်ကိုတော့ ဆက်တင်ထားတာတော့ရှိတယ်။ လပြည့်ည လွှတ်ရ၊ မလွှတ်ရကိုတော့လာမယ့် ၂၇ ရက်မှာ သိရမယ်”ဟု ပြောသည်။

အဆိုပါ မီးပုံးပျံလွတ်တင်ဖို့ မြို့နယ်အုပ်ချုပ်ရေး ဦးဖြိုမင်းထိုက်က လောဆယ်ခွင့်ပြုထားခြင်းမရှိသေးကြောင်း ပြောသည်။

“ ၆ လသာ ကာလအတွင်း ထိန်းချုပ်ခဲ့တဲ့ကိုဗစ် -၁၉ ကို မီးပုံးပျံပွဲကြောင့် မလိုလားအပ်ဘဲ ကူးစက်မှု မဖြစ်စေချင်ဘူး” ဦးဖြိုးမင်းထိုက် က ဆိုသည်။

မီးပုံးပျံလွှတ်တင်ရန် တောင်ကြီးမြို့ ဒေသခံအမျိုးသား တဦးက “ ဒီချိန်ကတော့ လူစုလူဝေးမဖြစ်စေဖို့ ပွဲလမ်းသဘင် မလုပ်တာတော့ အကောင်းဆုံးပေါ့။ ရိုးရာတော့ ရိုးရာဘဲလေ။ ဒီတနှစ် မလုပ်လိုက်ရလို့လဲ ဘာမဖြစ်သွားဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုမီးပုံးပျံလွတ်ရန်ကိစ္စကို မလုပ်ဖိုရန်အတွက် သက်ဆိုင်ရာအစိုးရတွေမှာ တာဝန်ယူပြီး ဆောက်ရွက်ပေးစေလိုကြောင်း ၎င်း အမျိုးသားကပြောသည်။

“ အကယ်၍ မီးပုံးပျံကို လွှတ်တင်ဖို့ ခွင့်ပြုမိန့် မရဘဲလွှတ်တင်ခဲ့ပါက သက်ဆိုင်ရာ ဥပဒေနှင့် ဆောက်ရွက်ဖို့ ရှိထားကြောင်း” ဦးဖြိုးမင်းထိုက် က ထပ်လောင်းပြောသည်။

နှစ်စဉ်နှစ်တိုင်း သီးတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း လွှတ်တင်ခဲ့သည့် မီးပုံးပျံပွဲသည် ယခုနှစ် ကိုဗစ်-၁၉ ကြောင့် ကျင်းပသွားမည်မဟုတ်ကြောင်း သိရသည်။

ထိုနည်းတူ ကိုဗစ်-၁၉ ကြောင့် ဖောင်တော်ဦး ဒေသစာရီ ကြွချီပူဇော်မှုလည်း မပြုလုပ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...