Wednesday, January 28, 2026

နေအိမ်ခြံဝင်းထဲကောက်ရတဲ့လက်နက်ကြီးကျည်ကြီးပေါက်ကွဲလို့ ကလေး ၁ ဦးသေ ၂ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်နားဆိုင်းရွာတွင် ၄င်းတို့နေအိမ်ခြံဝင်းအတွင်း ဗွက်အိုင်တွင်
ကျထားသည့် လက်နက်ကြီးကျည်တလုံးအား ကလေး ၃ ယောက်မှယူဆောင်ဆော့ကစားရာ ကျည်ကြီးပေါက်ကွဲသဖြင့် ၁ကလေး ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်းသိရသည်။

လားရှိုးဆေးရုံရောက် ကျည်ကြီးစ ထိမှန်ဒဏ်ရာရသောခလေးတဦး

မေလ ရ ရက်နေ့က နေအိမ်ခြံဝင်းအနောက်ဘက်ရှိ ၀က်ခြံအတွင်း ၀က်စာများသွားဖြည့်စဉ် ကလေး ၃ ယောက်မှာ ခြံဝင်းအတွင်းကျထားသည့် လက်နက်ကြီးကျည် တလုံးကောက်ယူ စဉ် အဆိုပါကျည်ကြီး ပေါက်ကွဲခြင်းဖြစ်ပြီး ကလေးများအား ထိမှန် ဒဏ်ရာရရှိခဲ့သည်။

နားဆိုင်း ရွာသား စိုင်းပြားက – ဒီကျည်ကြီးက ရွှံ့ဗွက်ထဲမှာ ကျထားတယ်။ ကလေးတွေက ကောက်ယူပြီး ယူလာဆော့တာလေ။ ကျည်မှန်းမသိတော့ဆော့တာပေါ့။ အဲတာနဲ့ ကျည်ပေါက်တာ သူတို့ ၃ ယောက်ဒဏ်ရာအပြင်းအထန်ရတယ်။ လားရှိုးဆေးရုံပို့ရင်း လမ်းမှာ ၁ ယောက်သေသွားတယ်။ ကျန် ၂ ယောက်ကအခုလားရှိုးဆေးရုံမှာ- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါလက်နက်ကြီးကျည်မှာ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့၏ ကျည်ဖြစ်ကြောင်းကိုမူ မသိရကြောင်း ၄င်းကဆိုသည်။

ဒီဘက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများတယ်။ ဘယ်တဖွဲ့ရဲ့ကျည်ကျထားမှန်းမသိဘူး။ တိုက်ပွဲလည်းခနခနဖြစ်နေတော့ လူထုရဲ့လုံခြုံရေးအတွက် အထူးစိုးရိမ်နေရတယ်။ – ဟုဆက်လက်ပြောပြသည်။

ကလေး ၃ ယောက်မှာ ယောကျားလေး ၂ ယောက် မိန်းခလေး ၁ ယောက်ဖြစ်ပြီး သေဆုံးသူမှာ ယောက်ကျားလေး တယောက်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလက နားဆိုင်းရွာတွင် အစိုးရတပ်မတော်နှင့် တအာင်းတပ်ဖွဲ့ TNLA တို့တိုက်ပွဲဖြစ်ပွါးခဲ့သဖြင့် နားဆိုင်းရွာသားများ မန်စံ မိုင်းမု ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

0
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

0
သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...

နမ္မတူမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးကုသရန် ခက်ခဲနေ

0
သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသမီးတစ်ဦးသည် လက်နက်ကြီကျည်စထိမှန်ပြီး ခွဲစိတ်ကုသနေရသဖြင့် ငွေကြေးအခက်အခဲလိုအပ်နေကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ (ဒီဇင်ဘာလ ၂၅ ရက်) တွင် နမ္မတူမြို့နယ်ရှိ ၎င်းတို့နေအိမ်ခြံဝန်းအတွင်းသို့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ မရွှေရည်လင်း၏ တင်းပါး၌ လက်နက်ကြီးကျည်စထိမှန်ပြီး...

နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅...

နမ္မတူမြို့ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် လယ်သမားများ စားဝတ်နေရေး စိုးရိမ်ရ

0
သျှမ်းပြည် နမ္မတူမြို့နယ် ကျေးရွာအချို့ရှိ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် နောက်လာမည့် နှစ်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာမည်ကို လယ်သမားများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ နမ္မတူမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလလယ်၌ လယ်ယာမြေ ဧက ၅၀၀ ကျော် ရေလွှမ်းမိုးမှုကြောင့် စပါးနှင့်...