Tuesday, January 27, 2026

ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော် တဖက်သတ် ပစ်ခတ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယနေ့ (အောက်တိုဘာ ၉ )ရက်တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း အစိုးရတပ်မတော်ဘက်မှ တဖက်သတ်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) တို့သည် စစ်ရေးတင်းမာမှုဖြစ်နေသေးကြောင်း RCSS/SSA မှပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

“ ဒီနေ့ တိုက်ပွဲတော့ မဖြစ်ဘူး။ ငြိမ်နေတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ တဖက်သတ် ပစ်ခတ်နေတယ်” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး ကဆိုသည်။

အစိုးရတပ်မတော်သည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု နှင့် နမ့်ဟူးကျေးရွာဘက်သို့ စစ်အင်အား ဘက်ပေါင်းစုံ လှုပ်ရှားနေကြောင်း၊ တဖက်သတ် တိုက်ပွဲဖန်တီးနေကြောင်း လည်း ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

“ ဒီနေ့ တိုက်ပွဲဖြစ်တာတော့မရှိဘူး။ တပ်မတော်ဘက်ကတော့ တဖက်သတ်ပစ်ပြီးတော့ တောင်ပေါ် တက်သွားတယ်” ဟု ပုံဝိုးကျေးရွာမှ ဒေသခံ အမျိုးသမီး နန်းနန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်မတော်စစ်ရေးသည် ပုံဝိုးကျေးရွာ တလျှောက် လှုပ်ရှားမှုများရှိနေကြောင်း၊ တပ်မတော်စစ်ကြောင်း လှုပ်ရှားနေသရွေ့ ဒေသခံပြည်သူများ၊ စစ်ရှောင်များအတွက် စိုးရိမ်စရာရှိနေသေးကြောင်းလည်း နန်းနန်း က ပြောသည်။

ယနေ့ တိုက်ပွဲငြိမ်သက်သော်လည်း အစိုးရစစ်တပ်က ဘက်ပေါင်းစုံမှ စစ်အင်အားဖြည့်တင်းနေသဖြင့် စစ်ရေးမှာ အချိန်မရွေး ပြင်းထန်လာနိုင်ကြောင်း RCSS/SSA ဘက်ကပြောသည်။

လက်ရှိ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၇၀၀)ကျော်၊ တောင်ထိပ် တွင် (၇၀၀)ကျော်၊ နားဆောင်ရွာ တွင် ၁၀၂ ဦး၊ နောင်ကွမ်ရွာတွင် ၁၀၀ ဦး၊ နမ့်ဟန်ခိန်ရွာတွင် ၄၀၀ ကျော် ၊ ကွမ်ဟင်ရွာ တွင် ၄၀၀ ကျော်နှင့် ကောင်းလန်းရွာတွင် (၂၀၀)ဝန်းကျင်ရှိကြောင်း ကျောက်မဲမြို့စစ်ရှောင်ကော်မတီမှ သိရသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန်လည်း ၁ လ နီးပါးသာကျန်နေသည့်အချိန်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး မဲဆွယ်နေသည့် ကာလအတွင်း အစိုးရတပ်မတော် အနေဖြင့် ယခုကဲ့သို့ တိုက်ပွဲဖန်တီးခြင်းသည် ရုပ်ဆိုးကြောင်းလည်း စစ်ရှောင်များက ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ကာလတွင်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရတပ်မတော် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားကာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တိုက်ပွဲမဖြစ်သော်လည်း တပ်များမဆုတ်ခွါသေး ၊ စစ်ရှောင်များလည်းမပြန်နိုင်သေး

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်နေသော်လည်း စစ်ဘေးရှောင် ၂၀၀ ကျော် နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ "ခုလောလောဆယ်တော့ တိုက်ပွဲက ငြိမ်နေတယ်။ ဘယ်ဘက်မှ စစ်အင်အားဖြည့်တာလည်းမရှိဘူး။ ရွာသားတချို့တော့ ပြန်နိုင်ကြပေမယ့်တချို့ကမပြန်နိုင်သေးဘူး" - ဟု RCSS/SSA မှပြောခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး...

ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားရာတောပိုင်းသို့ အစိုးရတပ်ပစ်ခတ်

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားနေထိုင်ရာတောပိုင်းက်သို့ အစိုးရတပ်မတော်မှ စစ်ကြောင်း ၂ ကြောင်းထိုးကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် အင်အားဖြင့် ပစ်ခတ် ခဲ့ကြောင်းသိရသည်။  စက်တင်ဘာလလ ၃၀ ရက်နေ့ နံနက်ပိုင်းက အစိုးရတပ်မတော်စစ်ကြောင်းတစ်ကြောင်းကကျောက်မဲမြို့ ကျွဲကုန်းမှ နောင်ပိန်အွန်၊ ထိုမှတဆင့် နားပိန်း-နားပုံသို့လည်းကောင်း၊ ကျန်စစ်ကြောင်းတစ်ကြောင်းကလည်း ကောင်းဟုန်းမှ...

သျှမ်း/မြောက် လားရှိုးမြို့နယ် အတွင်း စစ်ကြောင်းလှုပ်ရှားမှု ပိုများလာ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာ အတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ လှုပ်ရှားမှု ပိုများလာကြောင်း စုံစမ်းသိရသည်။ အစိုးရ တပ်မတော် စစ်ကြောင်းသည် သြဂုတ်လကုန်၊ စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊နမ့်ခမ်း နှင့် မန်တုံဘက် စစ်အင်အားဖြည့်ဆည်းမှုများရှိခဲ့ကြောင်း...

သီပေါမြို့နယ် အတွင်း အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS/SSA)တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေ ၅ နာရီ ဝန်းကျင်က သီပေါအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၂၆ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

မူဆယ်မြို့နယ် TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာ အနီး တွင် ယနေ့မနက်ပိုင်း တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၃၁ ရက် ယနေမနက်ပိုင်းက တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရတပ်မတော်တို့ကြာတိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။ “ ဒီမနက် ၆ နာရီခွဲ မှာ...