မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖြေရှင်းချင်တယ်ဆိုတဲ့ ကွတ်ခိုင် SNLD ရဲ့ လူငယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း

ကနေ့ခေတ်နိုင်ငံရေးလောကတွင် တက်သစ်စ လူငယ် အများအပြားပါဝင်လာပြီဖြစ်ရာ ထိုထဲတွင် ကွတ်ခိုင်မြို့ တွင်လည်း SNLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မှာ အသက် ၂၅ နှစ်အရွယ်ရှိ စိုင်းပြည့်ဖြိုးကျော် တဦးအပါအဝင်ဖြစ်သည်။


စိုင်းပြည့်ဖြိုးကျော်သည် ၂၀၁၈ ခုနစ်တွင် လားရှိုးမြို့ အဝေးသင်တက္ကသိုလ်တွင် သမိုင်းအထူးပြု (B.A History) ဖြင့် ဘွဲ့ရရှိသူတဦးဖြစ်သည်။


၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မှာ မူးယစ်ဆေးဝါးဖြင့် နာမည်ကျော်ကြားသည့် နေရာတခုဖြစ်ပြီး၊ ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ဘီလီယံပေါင်းများစွာ ဖမ်းဆီးရမိခဲ့သည့် နေရာတခုလည်းဖြစ်ပါသည်။

ထိုမျှမက ထိုဒေသသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့့် အစိုးရတပ်တို့အကြားမကြာခဏ ထိတွေ့မှုရှိသည့် နေရာတခုလည်း ဖြစ်ပါသည်။

ထို့ကြောင့် စိုင်းပြည့်ဖြိုးကျော်အနေဖြင့် ကွတ်ခိုင်မြို့နယ်တွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ၊ လူငယ့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးရန်စီစဉ်ထားသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လှိုင်း က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ စိုင်းပြည့်ဖြိုးကျော် က ပါတီထဲ မဝင်လာခင် ဘာတွေလုပ်ရှားခဲ့ဖူးလဲ။


ဖြေ။ ။ ကျနော် အရင်ကတော့ ခမ်းကူဆိုတဲ့ သင်တန်းမှာ ကွန်ပျူတာသင်တန်းနဲ့၊ အင်္ဂလိပ် သင်တန်းတို့ ကို တက်တယ်။ ပထမဆုံးကတော့ လာရှိူးက သျှမ်းစာပေနှင့် ယဉ်ကျေးမှု မှာ ဝင်ကူညီရင်းနဲ့ စိတ်ပါဝင်စားစွာနဲ့ (TYN) Tai Youth Network ထဲဝင်ပြီး လေ့လာဖြစ်ပါတယ်။


လေ့လာပြီးတော့ ၂၀၁၅ မှာ ကျနော် SSNY မှာ ဆရာဖြစ်သင်တန်း သွားတက်ဖြစ်ပါတယ်။
အဲ့နောက် ကျနော် ပြန်လာတော့ SNLD ရုံးမှာ ဝင်ရောက်လေ့လာဖြစ်ပါတယ်။ နောက် အမြင်ဖွင့် သင်တန်းကို တက်ခဲ့ပါတယ်။


မေး။ ။ စိုင်းပြည့်ဖြိုးကျော် က (SNLD) ပါတီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာလဲ။


ဖြေ။ ။ ကျနော့အနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ကနေ ကွတ်ခိုင်မြို့နယ်မှာ ဝင်ပြိုင်ရတဲ့ အကြောင်းရင်းကတော့ ကွတ်ခိုင်မြို့နယ် မှာဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြဿနာတွေ အရမ်းများနေတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး မရသေးတဲ့ ဒီကာလမှာ ကျနော်တို့ တော်တော်ကြိုးစားနေရတဲ့ ကာလဖြစ်ပါတယ်။


ဒါ့ကြောင့် ကျနော်တို့လူငယ်ရေးရာဆိုရင်လည်း ကြည့်လိုက်ရင် ကွတ်ခိုင်ထဲက လူငယ်တွေ အများအားဖြင့် ပျက်စီးလုနီးပါးတွေဖြစ်နေပြီ၊ ဒါတွေကြောင့် ကျနော့ အနေနဲ့ ဒါတွေကို မြင်ပြီး ပြုပြင်ပြောင်းလဲ ချင်ပါတယ်။


ကျနော် ဒီမှာ ဆိုရင် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်တဲ့ သူ/ ပါတီ မရှိသေးဘူး။ ဒါကြောင့် ကျနော် ( SNLD) ပါတီထဲကနေပြီး တိုင်းရင်သား အားလုံးကို ကိုယ်စားပြုပေးချင်ပါတယ်။

ကျနော် တို့အရင်က နိုင်ခဲ့တဲ့ ပါတီ က ကျနော့်အမြင်အရ တိုင်ရင်းသားလူမျိုးစုတစ်ခုကိုဘဲ ကိုယ်စားပြုတယ်လို့ကျနော် မြင်ပါတယ်။

ကျနော်တို့ကတော့ အဲဒီလိုမဖြစ်ချင်ဘဲနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု ကိုယ်စားပြုနိုင်မယ့် အမတ်လောင်းအဖြစ် နဲ့ ကျနော် ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။

မေး ။ ။ စိုင်းပြည့်ဖြိုးကျော် အနေနဲ့ ကွတ်ခိုင်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတော့ ဘယ်လိုအခက်အခဲတွေ စိန်ခေါ်မှုတွေရှိပါသလဲ။


ဖြေ။ ။ ကျနော့် အနေနဲတော့ စိန်ခေါ်မှုကတော့ အများကြီး ရှိပါတယ်။ ခုနကပြော သလိုပဲ ကွတ်ခိုင်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတော့ ဒီရွေးကောက်ပွဲကာလမှာ ကျနော်တို့မဲထည့်တော့မယ် ဆိုရင် ဒုံးဒုံးဒိုင်းဒိုင်း (တိုက်ပွဲ) ဖြစ်လာမှာကို စိုးရိမ် နေရပါတယ်။

မေး။ ။ ကွတ်ခိုင်မှာ လက်နက်ကိုင်တွေ ရှိတယ်။ ခဏခဏ တိုက်ပွဲလည်း ဖြစ်တယ်။ စိုင်းပြည့်ဖြိုးကျော်အနေနဲ့ ဘာကြောင့်မို့ ကွတ်ခိုင်နေရာမှာ ဝင်ပြိုင်ဖြစ်တာလဲ။ ခြိမ်းခြောက်ခံရတာတွေကော ရှိလား။

ဖြေ။ ။ ဒါကတော့ ကိုယ့်ဒေသ ကိုယ်ရဲ့မွေးရပ်မြေ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့မွေးရပ်ဇာတိကို ဒီထက်ကောင်းအောင် ကိုယ်တိုင်က ဆောင်ရွက်ချင်တဲ့ ဆန္ဒနဲ့ ကျနော် ကဝင်ချင်ရတာဖြစ်ပါတယ်။ အခုချိန်ထိ ကျနော် ခြိမ်းခြောက်ခံရတာ မရှိသေးပါဘူး။

မေး။ ။ ကွတ်ခိုင်မှာ မူးယစ်ဆေးဝါး ဘီလီယံပေါင်း များစွာ ဖမ်းဆီးခံရတဲ့ နေရာ၊ ပြီးတော့ မူးယစ်ဆေးဝါးနဲ့ နာမည်ကြီးတဲ့နေရာ တခုလည်း ဖြစ်တော့ စိုင်းပြည့်ဖြိုးကျော် အနေနဲ့ မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းဖို့ ဘယ်လို စိန်ခေါ်မှုမျိုးတွေရှိနေလဲ။ ဘယ်လိုအခက်အခဲတွေရှိနေလဲ။

ဖြေ။ ။ ကျနော်တို့ လူငယ်အတွက် ရော ဒါတွေက နောင်လာနောင်သား တွေအတွက် ပါ ကြီးကြီးမားမား စိန်ခေါ်မှုဖြစ်တယ်။ ကျနော်တို့က ဒါကို မတားမဆီးဘဲ ဒီတိုင်းဘဲရှေ့ဆက်လွှတ်ထားမယ်ဆိုရင် နောက်လာမယ့်သူတွေအတွက် တော်တော်လေး ကြီးမားတဲ့ ခက်ခဲမှုတွေနဲ့ကြုံရမှာ ဖြစ်ပါတယ်။

မေး။ ။ စိုင်းပြည့်ဖြိုးကျော်ကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ဖြစ်နေတော့ ကွတ်ခိုင်လူငယ်တွေရဲ့အနာဂတ်အတွက် ဘယ်လို မြှင့်တင်ဆောင်ရွက်ပေးချင်လဲ။


ဖြေ။ ။ ကျနော်တို့ ကွတ်ခိုင်လူငယ်တွေ အနာဂတ်အတွက်ဆိုရင် ့ လူငယ်တွေ ကို အားကစား ပိုင်းမှာ များများပါဝင်စေချင်တယ်။ ပညာရေးပိုင်းမြှင့်တင်ဖို့ဆိုရင် နှီးနှော ဖလှယ်ပွဲတွေကို များများပါဝင်ဆင်နွှဲစေချင်တယ်။ တကယ်လို့များ အားကစားပိုင်းမပါလာရင် လူငယ်သဘာဝက မူးယစ်ဆေးဝါးပိုင်းကို ပါသွားနိုင်တဲ့ အခြေအနေရှိပါတယ်။

ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ လူငယ်တွေအားလုံး ပညာရေးကိုအလေးထားစေချင်တယ်။ ပညာရေးဆိုရင် ကျောင်းပညာရေး တစ်ခုတည်းကို ဘဲဆိုလိုတာမဟုတ်ဘူး။ ပြင်ပဗဟုသုတ ကိုပါ ကျနော်ဆိုလိုချင်တာပါ။

အဲဒါ ကျနော်တို့က အဖွဲ့အစည်းတခုခုကသော်လည်းကောင်း၊ ကျနော်တို့ CSO (လူမှုအဖွဲ့အစည်း) ကသော်လည်းကောင်း ဦးစီးဦးဆောင်ပြီးလုပ်သွားမယ်၊ လူငယ်တွေကနေ ပူးပေါင်းပါဝင်သွားမယ်ဆိုရင်တော့ မူယစ်ဆေးဝါးပိုင်းမှာ လုံး၀ လျော့ကျသွား နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

မေး။ ။ စိုင်းပြည့်ဖြိုးကျော်အနေနဲ့ တကယ်လို့ ရွေးကောက်ပွဲ နိုင်ခဲ့မယ်ဆိုရင် ဘယ်ကိစ္စကို အရင်ဆုံးလုပ်ဆောင်ပေးဖို့ စီစဉ်ထားလဲ။

ဖြေ ။ ။ ကျနော့အနေနဲ့ နိုင်ခဲ့မယ်ဆိုရင် ဒီလွှတ်တော်မှာ အဓိက သက်ဆိုင်ရာ ဥပဒေတွေ ကို ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။
ဘာကြောင့်လဲဆိုတော့ နည်းဥပဒေကို မပြင်ဘဲနဲ့ ဒီတိုင်းသာဆက်သွားမယ်ဆိုရင် ကျနော်တို့ လူငယ်တွေ တွေ့ကြုံရမယ့် အခက်အခဲတွေ ဆက်ပြီးရှိနေဦးမှာပါ။

နောက်ပြီး ငြိမ်းချမ်းရေးအပိုင်းမှာဆိုရင် ကျနော်မြို့မှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ အဓိက ပါဝင်လုပ်ဆောင်သွားပါမယ်။

ပညာရေးအပိုင်းမှာ ကျနော်လုပ်ချင်နေတာက အစိုးရရဲ့ပညာရေးမှာ ကျနော်တို့ တိုင်းရင်းသား စာပေကို ထည့်သွင်းသင်ကြားနိုင်တဲ့အထိ လုပ်ဆောင်ပေးချင်ပါတယ်။

မေး။ ။ ကွတ်ခိုင်မှာဆိုရင် ၁၀ ကျော်သက်လူငယ်တွေကစပြီးတော့ မူယစ်ဆေးဝါး သုံးစွဲနေတာကိုသိရပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ဘယ်လိုမျိုးဖြေရှင်းပေးမလဲ။

ဖြေ။ ။ လောလောဆယ် ကျနော်မြင်နေတာ အဲလိုတွေချည်းဖြစ်နေပါတယ်။ တကယ်လို့ ကျနော်အနိုင်ရမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကွတ်ခိုင်မှာ မူးယစ်ဖြတ်စခန်းတွေ၊ ပြန်လည်ထူထောင်ရေး အပိုင်းတွေကို အဓိက လုပ်ဆောင်သွားမယ်။

မေး။ ။ လွှတ်တော် သက်တမ်း ၂ ကြိမ်ရှိခဲ့ပြီဆိုတော့ ကွတ်ခိုင်ကို ဘယ်လိုပြောင်းလဲစေချင်လဲ။ အဓိက ဘာတွေပြောင်းလဲစေချင်လဲ။

ဖြေ။ ။ အဓိက ကတော့ ကွတ်ခိုင်မှာ ဖွံ့ဖြိုးရေးအပိုင်းပေါ့။ လူငယ်ဖွံ့ဖြိုးရေးအတွက် ပညာရေးပိုင်းကိုဆောင်ရွက်ပေးရင် အနာဂတ် Generation (မျိုးဆက်) ကို ပိုပြီး Development (ဖွံ့ဖြိုးတိုးတက်မှု )ဖြစ်စေမှာပေါ့။


ငြိမ်းချမ်းရေးပိုင်းဆိုရင်လည်း လူငယ်တွေကို ပါဝင်စေချင်တယ်။ တိုင်းရင်သားအားလုံး ပါဝင်စေချင်ပါတယ်။ လူငယ်တိုင်းရင်သားအားလုံးကို ဖိတ်ခေါ်ပြီး အတူတကွ ဆွေးနွေးပြီး လုပ်ဆောင်သွား မှာကို ကျနော် မြင်ချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ နိုဝင်ဘာလ ၈ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အားလုံးဆန္ဒမဲသွားပေးကြပါလို့ မဲဆန္ဒရှင်ပြည်သူတွေကို ကျနော်တိုက်တွန်းချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...