ဗိုလ်ချုပ်ကြီးယွက်စစ်အား ထိုင်းဖေါင်ဒေးရှင်းတခု က စံပြခေါင်းဆောင်ဆုချီးမြှင့်

ထိုင်းနိုင်ငံ မူလနိထိ ကျစ်တဆိုဖွန်း ဘာဝနာ (citrasupaṇṇa စိတြသုပဏ္ဏ ဘာဝနာ ) ဖေါင်ဒေးရှင်း မှ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် အား စံပြခေါင်းဆောင်ကောင်းဆု ချီးမြှင့်ခဲ့ပါသည်။

ထိုင်းနိုင်ငံ မူလနိထိ ကျစ်တဆိုဖွန်း ဘာဝနာ (citrasupaṇṇa စိတြသုပဏ္ဏ ဘာဝနာ ) ဖေါင်ဒေးရှင်း မှ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် အား စံပြခေါင်းဆောင်ကောင်းဆု ချီးမြှင့်

ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခဲန်အုပ်စု ရတ်ချဖတ် ဖရ နခွန်းတက္ကသိုလ်တွင် ကျင်းပခဲ့ရာ တခြားသော ဆုရရှိသည့်ပုဂ္ဂိုလ်များနှင့်အတူ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်ဇနီးက ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပါသည်။


RCSS/SSA ၏ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းက – ကျနော်တို့ဥက္ကဌကြီး ဒီဆုလက်ခံရရှိတဲ့အပေါ် အထူးဘဲဝမ်းမြောက်မိတယ်။ ကျနော်တို့ သျှမ်းပြည်သား မျိုးဆက်သစ်တွေအတွက် စံပြကောင်း ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ဥက္ကဌကြီးဟာ နောက်လိုက်တပည့်တွေကို ပျိုးထောင်ပေးတဲ့နေရာမှာရော၊ ဒေသတွင်းလူထုဘဝ အေးချမ်းဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်ကြိုးပမ်း ပြုလုပ်ပေးတဲ့ခေါင်းဆောင်ကောင်း တဦးဖြစ်ပါတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မူလနိထိ ကျစ်တဆိုဖွန်း ဘာဝနာ အဖွဲ့အစည်းက ၂၀၁၈ ခုနှစ် ပထမအကြိမ် ကိုယ်ကျင့်တရားကောင်းမွန်သော စံပြကောင်းပုဂ္ဂိုလ်များအားရွေးချယ်ဆုပေးရာတွင် “အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခြင်း၊ အသက်အရွယ်ရော အရည်အချင်းပါ သင့်တော် ကိုက်ညီမှုရှိခြင်း၊ မိမိလူမှုအသိုင်းအဝိုင်းအတွင်း စံပြထားသင့် သောပုဂ္ဂိုလ်ဖြစ်ခြင်း စသည့်အရည်အချင်းဖြင့်ပြည့်စုံသော RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်အား အဖွဲ့အစည်း ဦးဆောင်မှုနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်စွမ်းရှိမှု ရှိသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ ဆုချီးမြင့်ခြင်းဖြစ်ကြောင်း” ဆုလက်ခံရယူရန်ဖိတ်ကြားလာသည့်စာ တွင်ဖော်ပြထားသည်။


အဆိုပါဖိတ်ကြားစာကို ဧပြီလကတည်းက လက်ခံရရှိခဲ့ကြောင်း RCSS/SSA မှ ပြန်ကြားရေးအရာရှိက ပြောဆိုပါသည်။

အဆိုပါဆုအား ဗိုလ်ချုပ်ကြီးယွက်စစ်အပါအဝင် လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရှိ တခြားသော အဖွဲ့အစည်းအသီးအသီးမှ ထူးချွန်သည့် ခေါင်းဆောင်များ၊ အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ နိုင်ငံတော်နာမည်ကောင်းရရှိရေး စွမ်းဆောင်ခဲ့သော အနုပညာရှင်များ ရုပ်ရှင်သရုပ်ဆောင်များ အားရွေးချယ်ချီးမြှင့်ထားကြောင်းလည်း အဖွဲ့အစည်း၏ ၀က်ပ်ဆိုက်စာမျက်နှာတွင်ဖော်ပြထားသည်။

ဆုချီးမြှင့်သည့် အဖွဲ့အစည်းနာမည်ဖြစ်သော ကျစ်တဆိုဖွန်း ဘာဝနာ အား ပါဠိဘာသာအဘိဓါန်တွင် citrasupaṇṇa စိတြသုပဏ္ဏ ဘာဝနာ ဆန်းကြယ်ကောင်းမြတ်သော အတောင်ရှိသော ငှက်၊ ဂဠုန်ငှက် ၏ ကိုယ်ကျင့်တရား ဟုဖော်ပြထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...