Tuesday, January 27, 2026

ဗိုလ်ချုပ်ကြီးယွက်စစ်အား ထိုင်းဖေါင်ဒေးရှင်းတခု က စံပြခေါင်းဆောင်ဆုချီးမြှင့်

ထိုင်းနိုင်ငံ မူလနိထိ ကျစ်တဆိုဖွန်း ဘာဝနာ (citrasupaṇṇa စိတြသုပဏ္ဏ ဘာဝနာ ) ဖေါင်ဒေးရှင်း မှ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် အား စံပြခေါင်းဆောင်ကောင်းဆု ချီးမြှင့်ခဲ့ပါသည်။

ထိုင်းနိုင်ငံ မူလနိထိ ကျစ်တဆိုဖွန်း ဘာဝနာ (citrasupaṇṇa စိတြသုပဏ္ဏ ဘာဝနာ ) ဖေါင်ဒေးရှင်း မှ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် အား စံပြခေါင်းဆောင်ကောင်းဆု ချီးမြှင့်

ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခဲန်အုပ်စု ရတ်ချဖတ် ဖရ နခွန်းတက္ကသိုလ်တွင် ကျင်းပခဲ့ရာ တခြားသော ဆုရရှိသည့်ပုဂ္ဂိုလ်များနှင့်အတူ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်ဇနီးက ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပါသည်။


RCSS/SSA ၏ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းက – ကျနော်တို့ဥက္ကဌကြီး ဒီဆုလက်ခံရရှိတဲ့အပေါ် အထူးဘဲဝမ်းမြောက်မိတယ်။ ကျနော်တို့ သျှမ်းပြည်သား မျိုးဆက်သစ်တွေအတွက် စံပြကောင်း ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ဥက္ကဌကြီးဟာ နောက်လိုက်တပည့်တွေကို ပျိုးထောင်ပေးတဲ့နေရာမှာရော၊ ဒေသတွင်းလူထုဘဝ အေးချမ်းဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်ကြိုးပမ်း ပြုလုပ်ပေးတဲ့ခေါင်းဆောင်ကောင်း တဦးဖြစ်ပါတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မူလနိထိ ကျစ်တဆိုဖွန်း ဘာဝနာ အဖွဲ့အစည်းက ၂၀၁၈ ခုနှစ် ပထမအကြိမ် ကိုယ်ကျင့်တရားကောင်းမွန်သော စံပြကောင်းပုဂ္ဂိုလ်များအားရွေးချယ်ဆုပေးရာတွင် “အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခြင်း၊ အသက်အရွယ်ရော အရည်အချင်းပါ သင့်တော် ကိုက်ညီမှုရှိခြင်း၊ မိမိလူမှုအသိုင်းအဝိုင်းအတွင်း စံပြထားသင့် သောပုဂ္ဂိုလ်ဖြစ်ခြင်း စသည့်အရည်အချင်းဖြင့်ပြည့်စုံသော RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်အား အဖွဲ့အစည်း ဦးဆောင်မှုနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်စွမ်းရှိမှု ရှိသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ ဆုချီးမြင့်ခြင်းဖြစ်ကြောင်း” ဆုလက်ခံရယူရန်ဖိတ်ကြားလာသည့်စာ တွင်ဖော်ပြထားသည်။


အဆိုပါဖိတ်ကြားစာကို ဧပြီလကတည်းက လက်ခံရရှိခဲ့ကြောင်း RCSS/SSA မှ ပြန်ကြားရေးအရာရှိက ပြောဆိုပါသည်။

အဆိုပါဆုအား ဗိုလ်ချုပ်ကြီးယွက်စစ်အပါအဝင် လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရှိ တခြားသော အဖွဲ့အစည်းအသီးအသီးမှ ထူးချွန်သည့် ခေါင်းဆောင်များ၊ အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ နိုင်ငံတော်နာမည်ကောင်းရရှိရေး စွမ်းဆောင်ခဲ့သော အနုပညာရှင်များ ရုပ်ရှင်သရုပ်ဆောင်များ အားရွေးချယ်ချီးမြှင့်ထားကြောင်းလည်း အဖွဲ့အစည်း၏ ၀က်ပ်ဆိုက်စာမျက်နှာတွင်ဖော်ပြထားသည်။

ဆုချီးမြှင့်သည့် အဖွဲ့အစည်းနာမည်ဖြစ်သော ကျစ်တဆိုဖွန်း ဘာဝနာ အား ပါဠိဘာသာအဘိဓါန်တွင် citrasupaṇṇa စိတြသုပဏ္ဏ ဘာဝနာ ဆန်းကြယ်ကောင်းမြတ်သော အတောင်ရှိသော ငှက်၊ ဂဠုန်ငှက် ၏ ကိုယ်ကျင့်တရား ဟုဖော်ပြထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...