Wednesday, January 28, 2026

သျှမ်းပြည်အထိ ကိုဗစ်ပျံ့ပွား နေထိုင်မှုဆင်ခြင်ကြဖို့ ဆရာဝန်များ တိုက်တွန်း

တရုတ်နိင်ငံ ဝူဟန်မြို့မှ စတင်သည့် ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွါးရာ အာရှတွင် မြန်မာနိုင်ငံက ကူးစက်မှု အများဆုံး နံပါတ် (၅) တွင် တည်ရှိနေပါသည်။


သြဂုတ်လ နှောင်းပိုင်းကစပြီး မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်း အရှိန်မြင့်တက်လာရာ ကနေ့အထိ ကိုဗစ် ၁၉ ဓါတ်ခွဲအတည်ပြုလူနာ (၆၉၅၉) ထိရှိလာပြီး သေဆုံးသူ (၁၂၉ ) ဦးထိ မြင့်တက်လာခဲ့ကြောင်း အစိုးရ၏ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။


သို့သော်လက်ရှိ အချိန်ထိ သျှမ်းပြည်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်မခံရအောင် မိမိကိုယ်ကို ကာကွယ်မှုမှာ ပေါ့ဆနေကြပြီး ၊ MasK (နှာခေါင်းစည်း) မတပ်ဘဲ အပြင်ထွက်သွားလာနေသူများလည်း ရှိနေသေး သည်ကိုတွေ့ရသည်။


ထိုအပေါ် လူထုအား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများက အသိပေး ပညာပေးမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် အလုပ်သင်သတင်းထောက် စိုင်းဆိုင်လှိုင်း က ဆက်သွယ်မေးမြန်းကာ စုစည်းဖော်ပြထားပါသည်။

ဒေါက်တာ စိုင်းမြတ်သူရ
ပင်လုံမြို့ တိုက်နယ် ဆေးရုံအုပ်

ရောဂါ အခံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စည်းကမ်းချက်ကိုတော့ လိုက်နာရမှာဘဲ။ ရောဂါအခံရှိသူတွေက ကိုဗစ် ၁၉ ပိုးကို ကူးစက်ခံရတဲ့ အခါမှာ ပိုပြီးစိုးရိမ်ရတယ်။ အသက်အန္တရာယ် ပိုရှိတာပေါ့။ ကိုဗစ်ဆိုတာ Virus တစ်မျိုးဘဲလေ။ သာမန်လူတွေက ကူးစက်ခံရရင် အချိန်တိုင်းတာတစ်ခုထိ တောင့်ခံနိုင်တယ်။ Virus ပိုးဆိုတဲ့ အမျိုးက အချိန်တစ်ခု ရောက်ရင် သူ့သူပြန်သေသွားဘဲလေ။ ရောဂါအခံရှိတဲ့ သူတွေကတော့ ဒီလိုခံနိင်ရည်မျိုးမရှိဘူးလေ။ တစ်ခြားရောဂါ အခံတခုခုကြောင့် ကိုယ်ခံအားမကောင်းတာ လည်းဖြစ်တယ်။

ကိုအောင်မျိုး
ပင်လုံမြို့ကျန်းမာရေး ကြီးကြပ်ရေး (ငြိမ်း)


အတတ်နိုင်ဆုံး လူစုလူဝေးရှောင်မယ်။ အိမ်မှာနေမယ်။ မတတ်သာလို့ အပြင်ထွက်ရမယ်ဆိုရင်လည်း Mask နှာခေါင်းစည်း တပ်ပြီးထွက်ရင် ပိုကောင်းတယ်။ အပြင်သွားလာပြီးတိုင်း လက်ကိုသေချာကိုဆေးမယ်။ ကျန်းမာရေးအတွက် အားကစားတစ်ခုခုလုပ်မယ်။ ကိုယ်ခံအားကောင်းအောင်နေမယ် ဆိုရင် ကျနော်တို့ကို မကူးစက်နိုင်အောင် ကာကွယ်နိုင်မယ်။

ဒေါက်တာ ဘစိုးသက်
သျှမ်းပြည် အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး

လက်ကိုသေချာဆေးမယ်။ အပြင်သွားတိုင် Mask တပ်မယ် ဆိုရင်လုံလောက်ပါတယ်။ ကာကွယ်ဆေးကလည်း မရှိသေးဘူး။ ဖြစ်နိုင်ရင် ကျန်မားဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမယ်ဆိုရင် မိမိကို မကူးစက်နိုင်အောင်လည်း ကာကွယ်နိုင်မယ်။

ဒေါက်တာ နန်းဆောင်ခမ်း
သျှမ်းပြည် အရှေ့ပိုင်း ကျန်းမာရေးဝန်ထမ်း

ကျမတို့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်းဘဲ အမျိုးသားမှ၊ အမျိုးသမီးမှ ဆိုပြီးတော့ မဟုတ်ဘူး။ အသက်အရွယ်မရွေး ကျား၊မ မရွေး ဖြစ်တဲ့အတွက်ကြောင့်မို့ပါ။ လူငယ်တွေလည်း မပေါ့ဆသင့်ပါဘူး။
မလိုအပ်ဘဲနဲ့ လူစုလူဝေး မလုပ်ဖို့။ အပြင်မသွားနဲ့။ မဖြစ်မနေသွားရမယ်ဆိုရင် Mask တပ်ပြီးတော့သွားပါ။ လက်ဆေးပါ။ ပြီးတော့ ကျန်မားရေး ဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန့် ထားတဲ့ Page မှာလည်း ရှိတယ်။(၆)ပေခြားပြီးနေမယ်ဆိုတာကို လည်းလိုက်နာပါ။ အဲထဲကနေပြီးတော့ လိုက်နာဆောင်ရွက်ပေါ့နော်။ ကျန်တာကတော့ ထွေထူးပြောစရာမရှိပါဘူး။
နေ့စဉ်ထုတ်ပြန်ထားတာလေးတွေရှိတယ်။ အဲတာတွေကို လိုက်ပြီးတော့သိဖို့။ ထုတ်ပြန်ချက်တွေအကုန်လုံး လိုက်နာဆောင်ရွက်ဖို့နဲ့ လိုက်နာဖို့ ပါဘဲ။ ကျန်တာတော့။ လူထုနဲ့ ပတ်သက်ပြီးတော့ လုပ်နေတာလည်း အများကြီးရှိတယ်။ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ညဆိုရင် ပညာပေးမှုတွေ ပြုလုပ်ပေးနေပါတယ်။

တောင်ကြီး ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ဆောင်နေသည့် လူမှု ပရဟိတ
ကိုဝင်းနိုင်စိုး

ဒီချိန်မှာက ကျန်မားရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ အချိန်ရောက်ပြီ။ တစ်ချို့ဈေးရောင်းဈေးဝယ်တွေကော၊ လမ်းသွားလမ်းလာတွေကော ၊ ကားမောင်းတဲ့ သူကော၊ ဆိုင်ကယ်မောင်းတဲ့ သူတွေကော တစ်ချို့က Mask မတပ်ဘဲနဲ အပြင်သွားလာနေတာရှိသေးတယ်။ ကျနော် ပြောချင်တာက ဘယ်လိုဘဲ ပြောပြော ဒီချိန်မှာ Mask တပ်ပြီး ပူပေါင်းဆောင်ရွက်ဖို့ ဘဲ မေတ္တာရပ်ခံချင်ပါတယ်။
အပြင်ထွက်တိုင်း မဖြစ်မနေMaskတပ်ပေးဖို့ နဲ လက်ကိုလည်း မကြာခဏ ဆေးပြီး တယောက်နဲ့တယောက် ခပ်ခွာခွာနေပေးကြဖို့ အခုက အရမ်းအရေးကြီးတဲ့ အချိန်ရောက်နေပြီဖြစ်တယ်။ ကျနော် မြို့ကို ကာကွယ်တဲ့အနေနဲ လိုက်နာဆောင်ရွက် ပေးကြပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...