မပြီးပြတ်သေးတဲ့ ဖက်ဒရယ်အရေးကို ဆောင်ရွက်လိုတယ်ဆိုတဲ့ ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင်ရန်အတွက် အိမ်ရှေ့စံ ကနောင်မင်းရဲ့ မျိုးနွယ်ဟာ သျှမ်းပြည်မှာ ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

Photo by Ko Ko Myo/ Facebook
https://www.facebook.com/snldcandidate2020

သျှမ်းပြည်ဖွား ဗမာတိုင်းရင်းသားလူမျိုးလည်းဖြစ် မင်းမျိုးမင်းနွယ်လည်းဖြစ်တဲ့ ကိုကိုမျိုး ဟာ လာမယ့် ၂၀၂၀ နိုဝင်ဘာ(၈)ရက်မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ကိုယ်စား ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီးနေရာမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ပါတီစတင်တည်ထောင်လာတဲ့အချိန်မှ စတင်ပြီး ယနေ့ချိန်ထိ မမှိတ်မသုန် တစိုက်မတ်မတ် ယုံကြည်လာတဲ့ ပင်လုံ ကတိကဝတ် ဖော်ဆောင်ရန် နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရန် ကိုယ်တိုင် ယုံကြည်တဲ့အနေနဲ့ SNLD ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

“ဘိုးဘိုးတို့ ချမှတ်လာခဲ့တဲ့ မူဖြစ်တဲ့အတွက်ကြောင့်မလို့ အစ်ကို့ မိသားစု အနေနဲ့လည်း သမိုင်းပေးတာဝန်ကို ပခုံးပြောင်း လက်လွဲတယ်လို့ ခံယူပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း SNLD မှာ လှုပ်ရှားရခြင်း ဖြစ်ပါတယ်” လို့ ကိုကိုမျိုး ကပြောပါတယ်။

ကိုကိုမျိုးဟာ ရတနာပုံ ထီးနန်းကို တည်ထောင်ခဲ့တဲ့ မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီး နဲ့ ပြည်ထောင်ဘက်ဖြစ်တဲ့ ညီတော် အိမ်ရှေ့စံကနောင်မင်းသား ရဲ့ တွတ်တော်စပ်သူတဦးလည်း ဖြစ်ပါတယ်။

ဦးမျိုးသန့် နဲ့ ဒေါက်တာ ဒေါ်ဝင်းမြင့်အေးတို့ရဲ့သားဖြစ်တဲ့ ကိုကိုမျိုး ဟာ သျှမ်းပြည် တောင်ကြီးမှာ မွေးဖွားခဲ့သူ တဦးဖြစ်ပါတယ်။ကိုကိုမျိုးရဲ့ မိဘ ဘိုးဘွား ခေတ်ကတည်းက သျှမ်းပြည်ကိုရောက်ရှိနေထိုင်နေခဲ့ကြတာဖြစ်တယ်လို့ လည်းသိရပါတယ်။

အဘိုးဖြစ်သူဟာ ၁၉၅၀ ဝန်းကျင် မှာ သျှမ်းပြည်ရောက်ရှိလာပြီး သျှမ်းစော်ဘွားများခေတ်ကတည်းက ဖက်ဒရယ်မူကို အတူတကွ လက်တွဲဖော်ဆောင်လာခဲ့တဲ့ မိသားစု ဖြစ်ပါတယ်။

“သျှမ်းပြည်က အစ်ကိုတို့ရဲ့ ရေ မြေ လိုပါပဲ ဗမာလူမျိုး တစ်ယောက် ဖြစ်ပေမယ့်လည်း သျှမ်းပြည်မှာ နေတဲ့ ပြည်သူပြည်သားများ အားလုံး ရဲ့ တစ်သားတည်း ခံစားရတဲ့အတွက်ကြောင့်မလို့ SNLD မှာ ပါဝင်ပြီးတော့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” လို့ ကိုကိုမျိုး ကပြောပါတယ်။

သူဟာ တောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းအောင်မြင်ခဲ့ပြီး၊ သြစတြေးလျနိုင်ငံမှာ စီးပွားရေး စီမံခန့်ခွဲမှု အပါအဝင် တခြားဘာသာရပ်တွေကို ၅ နှစ်ခန့်သွားရောက်လေ့လာသင်ယူခဲ့ပါတယ်။

ဒါ့ကြောင့် ကိုကိုမျိုးဟာ မင်းမျိုးမင်းနွယ်တယောက်ဖြစ်ရုံသာမက စွန့်ဦးတီထွင် လူငယ်စီးပွားရေး သမားတဦးအနေနဲ့ စီးပွားရေးကို တစိုက်မတ်မတ် လုပ်ကိုင်သူတဦးဖြစ်ပါတယ်။

စီးပွားရေး သမား တယောက် နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့ရတဲ့အကြောင်းရင်းကတော့ “စဉ်းစားတာက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အားလုံးက နှီးနွယ်နေပါတယ်။ ဒီလို နှီးနွယ်နေတဲ့ အခုချိန်မှာ အစ်ကို ရဲ့ အသက်အရွယ် နဲ့ နေရာ အနေအထားတစ်ခုမှာ ဒီနိုင်ငံရေး တစ်ခုမှာ စတင်ခြေချခြင်း မရှိရင် နည်းနည်း နောက်ကျမယ်လို့ ကိုယ့်ကိုယ်ထင်တယ်” လို့ ကိုကိုမျိုး ကပြောပါတယ်။

စီးပွားရေး တစိုက်မတ်မတ် လုပ်ခြင်းထက် နိုင်ငံရေး ကို ဝင်ရောက်လုပ်ကိုင်လို့ရှိရင် သျှမ်းပြည်အတွက် နဲ့သျှမ်းပြည်လူထုအတွက် ပိုပြီး အကျိုးရှိနိုင်ကြောင်း လည်း ကိုကိုမျိုးက ပြောဆိုလိုက်ပါတယ်။

“ လွှတ်တော် ဒါမှမဟုတ် အစိုးရ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ တွန်းခြင်း အားဖြင့် အဲ့ဒီ တွန်းအားပေးခြင်းက ပိုပြီး အကျိုးတက်ရောက်မှု ရှိမယ်လို့ ထင်တဲ့အတွက်ကြောင့်မလို့ နိုင်ငံရေးထဲကို ဝင်ရောက်ရခြင်း ဖြစ်ပါတယ်ခင်ဗျား” ဟု ကိုကိုမျိုး က ဆိုပါတယ်။

ကိုကိုမျိုး လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းတွေကတော့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ သျှမ်းပြည်ထွက်ကုန်နဲ့ အညာထွက်ကုန်များ တန်ဖိုးမြင့်ဈေးကွက်တင်ခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း တွေ အပြင် မင်းမျိုးမင်းနွယ် က ဆင်းသက်လာသူတဦးဖြစ်တဲ့အလျောက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း လုပ်ဆောင်ရန်လည်း စီစဉ်နေသူတဦးဖြစ်ပါတယ်။

ကိုကိုမျိုးဟာ သျှမ်းပြည် နဲ့ ဆက်စပ်ပြီး ခရီးသွား လုပ်ငန်းတွေ၊ သျှမ်းပြည် ဒေသထွက် ထွက်ကုန်တွေကို တန်ဖိုးမြင့် ပစ္စည်းတစ်ခု အနေ နဲ့ ( Launch) တင်ပို့ရောင်းချဖို့ လုပ်ဖို့ရှိကြောင်း လည်း ပြောပါတယ်။

ဒါ့အပြင် သျှမ်းပြည်တွင်းရှိ ရှေးဟောင်းအမွေအနှစ်များ ခရီးသွား လုပ်ငန်းများ စိုက်ပျိုးရေး လုပ်ငန်းများကို ပိုမို အလေးပေး ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သူကဆက်လက်ပြောပါတယ်။

“ရွေးချယ်ခံရရင် ဗမာနဲ့ တိုင်းရင်းသားတွေရဲ့ ချစ်ကြည်ရေးကို တတ်နိုင်တဲ့ဘက် လူမှုရေးဘက်ကနေပြီးတော့ ပြန်လည်ပြီး ချစ်ကြည်ရေး တည်ဆောက်မှု ရိုးရာ ယဉ်ကျေးမှုတွေ အဲ့ဒီအပိုင်းလေးတွေ နောက်တစ်ခုက ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ် သိန်းထိမ်းရေး ရယ် အဲ့လိုအပိုင်းကနေ စတင်ပြီး လှုပ်ရှားမယ်လို့ ခံယူထားပါတယ်” လို့ ကိုကိုမျိုး က ပြောပါတယ်။

ဆက်လက်ပြီး ၎င်း အနေနဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေ၊ အလုပ်အကိုင် အသစ်ဖန်တီးပေးရေးတွေကို ဆောင်ရွက်သွားမှာပါ။

ကိုကိုမျိုးဟာ ဘိုးဘွားစဉ်ဆက် ပေးလာတဲ့ သမိုင်းအမွေကို လက်ဆင့်ကမ်းခံယူပြီး မပြီးစီးသေးတဲ့ ဖက်ဒရယ်အရေးကို ဆက်လက်လုပ်ဆောင်သွားကာ ဗမာနဲ့ တိုင်းရင်းသား ကြားချစ်ကြည်ရေး ကို ကြိုးပမ်း လုပ်ဆောင်ချင်တယ်လို့ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...