သီပေါ ကျားဖြူ ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

Photo by SNDP Hsipaw / facebook

အဆိုပါ SNDP ဆိုင်းဘုတ် ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို သေချာမသိရှိသေးကြောင်း၊ လက်ရှိမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သာတွေ့ရှိထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၏ အထွေထွေအတွင်းရေးမှူး စိုင်းဘိုးအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့လူ အကြောင်းကြားလာခြင်းမရှိသေးဘူး။ ဘယ်လို အရေးယူသွားမယ်ဆိုတာ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ အွန်လိုင်းမှာပဲ မြင်သေးတော့ ဘာမှတော့ ပြောလို့မရသေးဘူး” ဟု စိုင်းဘိုးအောင် က ပြောသည်။

ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်အပေါ် စိစစ်သွားပြီး အရေးယူမည့် ကိစ္စ ဆုံးဖြတ်သွားမည် ဟုလည်း စိုင်းဘိုးအောင် က ပြောသည်။

သျှမ်းပြည်တွင်း တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မရှိကြောင်း ပြသသည့် ပြယုဒ် ဖြစ်သည့်အတွက်ကြောင့် သျှမ်းပြည်တွက် ဆုံးရှုံးမှုဖြစ်စေကြောင်း ကျားဖြူပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဘိုးအောင် ကပြောသည်။

“သျှမ်းအချင်းချင်း ခြေထိုးနေခြင်း၊ သျှမ်းပြည်သားအချင်းချင်း ဖျက်ဆီးခြင်းဟာ သျှမ်းပြည်အတွက် ဆုံးရှုံးမှုပဲဖြစ်ပါတယ်” ဟု ဦးဘိုးအောင် ကပြောသည်။

ယခုရက်တပတ်အတွင်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် စက်တင်ဘာ ၁၈ရက် ညတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရပြီး၊ သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်တွင်လည်း တအာင်း အမျိုးသားပါတီ (TNP) ဆိုင်းဘုတ် ၃နေရာ ဖျက်ဆီးခံရကြောင်း သိရသည်။

ထို့ကြောင့် ကျားဖြူ ပါတီ ဆိုင်းဘုတ်ဖျက်ဆီးခံသည့် ကိစ္စနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူပေးရန် အတွက် မြို့နယ် ရဲတပ်ဖွဲ့ကို အကြောင်း ကြားထားကြောင်း သီပေါလွှတ်တော်အမတ် နန်းစမ်းစမ်းအေး က သူမ၏ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားသည်။

“ ထိရောက်စွာ အရေးယူပေးဖို့ မြို့နယ် ရဲတပ်ဖွဲ့ကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အနေနဲ့ အကြောင်းကြားထားပါတယ်။ မည်သူမဆို ( ချွင်းချက်မရှိ) အမှုမှန် ပေါ်ပေါက်အောင် စစ်ဆေးအရေးယူသွားဖို့ ရှိပါတယ်။ ဒါမျိုး လုပ်ရပ်ကို မိမိတိုပ လုံးဝလက်မခံပါ။ SNLD အနေနဲ့ လုံးဝ ( လုံးဝ) ကန့်ကွက်ပါတယ်။ မတူကွဲပြားမှုကို လက်ခံနိုင်ကြပါစေ” SNLD ပါတီ မှ ပြည်သူ့လွှတ်တော် အမတ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် နန်းစမ်းစမ်းအေး ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသသည်။

သီပေါမြို့နယ် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲချုပ် (SNLD)၊ ကြံ့ခိုင်ရေး ပါတီ( USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ တအာင်း အမျိုးသားပါတီ (TNP) ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...