ရွေးကောက်ပွဲ နီးလာသဖြင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေ

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ နီးလာသဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ( RCSS/SSA )နယ်မြေအတွင်း တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

သျှမ်းပြည်တွင်း တနေရာက အစိုးရတပ်မတော်သား

လက်ရှိမှာ RCSS/SSA ထိန်းချုပ်သည့် နယ်မြေတွင် တိုက်ပွဲများ မရှိသော်လည်း တပ်မတော် စစ်အင်အားလှုပ်ရှား/ဖြည့်တင်းနေမှုကြောင့် တိုက်ပွဲ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေသည်ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ရွေးကောက်ပွဲနီးလာပြီဆိုတော့တိုက်ပွဲ ဖြစ်မယ် မဖြစ်ဘူး ဆိုတာလည်း မပြောနိုင်ဘူး။ စိုးရိမ်စိတ်တော့ ရှိပါတယ်။ သူတို့ တပ်အင်အား ဆုတ်ပြန်တာမရှိရင်သေးရင်တော့ အဲ့ဒါတွေလည်း ထည့်ပြီး စဉ်းစားရတယ်” ဒုဗိုလ်မှူးကြီး အုမ်ခေး က ထပ်လောင်းပြောသည်။

ရွေးကောက်ပွဲကျင်းပမည့် ရက်နီးလာသည့်နှင့် အမျှ တဖက်သတ်တိုက်ပွဲ ပုံစံ ပြုလုပ်ပြီး ပြည်သူများကိုထိတ်လန့်အောင်လုပ်လာနိုင်ပြီး၊ ပြည်သူများ ဆန္ဒမဲ ထည့်မည့်နေရာ လွတ်လွတ်လပ်လပ် မသွားရဲပဲဖြစ်မည်ကို စိုးရိမ်ကြောင်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

ယခုချိန်မှာ ၎င်း လှုပ်ရှားရာ နယ်မြေသည် အစိုးရ တပ်မတော် နှင့် စစ်ရေး တင်းမာမှု မရှိသော်လည်း လွန်ခဲ့သည့် လပိုင်းက အစိုးရတပ်မတော် မှ ဖြည့်ထားသည့် စစ်သည်အင်အားများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

“စစ်ရေးတင်းမာပြီး တိုက်ပွဲ ဖြစ်မယ့် အခြေနေတော့ မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ ပြန်လှည့်ပြန်တာ မရှိသလို လူအင်အား လျော့သွားတာလည်း မရှိသေးဘူး။ အရင်တိုင်းပဲ ရှိနေတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

သျှမ်းပြည် တဝှမ်းတွင် ရွေးကောက်ပွဲနီးလာသည့်နှင့် အမျှ တိုက်ပွဲများဆက်လက်ဖြစ်လာမည်ကို တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ နှင့် ပြည်သူများက စိုးရိမ်နေကြသည်။

ယခုလ ၁၁ရက်မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်( KIA) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေကြောင်းသိရသည်။

“ ရွေးကောက်ပွဲနီးလာရင်တော့ ကျမတို့ဖက်က တိုက်ပွဲဖြစ်မှာကိုကြောက်ရသလို၊ အခုက ကိုဗစ်ကိုလည်းကြောက်နေရတယ်။ ရွေးကောက်ပွဲတိုင်းမှာ ဖြစ်နေကြဆိုတော့ စိုးရိမ်နေရတာပေါ” ဟု သျှမ်းပြည်မြောက်ပိုင်း မုံးပေါ်ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် RCSS/SSA ထိန်းချုပ်ရာ နယ်မြေအတွင်း နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးရန်အတွက် ကြိုတင် အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်း စက်တင်ဘာ (၁) ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...