ကျောက်မဲကစစ်ရာဇဝတ်မှုအမှန်တရားနဲ့ဝေးနေပြီလား….

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ က သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့က ဟိုင်းကွီရွာမှာ သီပေါအခြေစိုက် ခလရ၂၃ တပ်မတော်စစ်ကြောင်းရဲ့ ဝင်ရောက်ပစ်ခံရမှုကြောင့် ရွာခံလုံးဆု အသက်ဆုံးရှူံးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ ဇူလိုင်လ ၁၀ရက်နေ့မှာကျောက်မဲဒေသခံ ထောင်ချီဟာ တရားမျှတမှုအတွက် ဆန္ဒ ပြခဲ့ကြပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က RFA သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောက်မဲကအရပ်သားပစ်သတ် ခံရမှုတွေနဲ့ပတ်သက်ပြီးတော့ တပ်မတော်မှာ တာဝန်ရှိကြောင်း၊နှစ်ဘက်တိုက်ပွဲကြားမှာ မှားယွင်းပစ်ခတ်ခဲ့တာဖြစ်ကြောင်းပြောဆိုပါတယ်။

မှားယွင်းပစ် ခတ်ခဲ့တဲ့စစ်သည်ကတော့ အဲ့တိုက်ပွဲအတွင်းမှာဘဲ သေဆုံးသွားတာကို စစ်ဆေးရေးအဖွဲ့က တွေ့ရှိရပြီး တာဝန်ရှိသူတွေကို စစ်စည်းကမ်းအရ အရေးယူသွားမယ်လို့ဖြေကြားထားကို တွေ့မြင်ရပါတယ်။

မှားတာကိုမှားတဲ့အကြောင်းဝန်ခံပြီးတော့ အရေးယူမယ်ဆိုခဲ့တဲ့အတွက် စစ်ဆေးရေးလုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှုမရှိ လှပေမဲ့ စာရေးသူတို့ ဒေသခံတွေအနေနဲ့ကြိုဆိုလက်ခံခဲ့ပါတယ်။

ရိုက်နှက်ခံထားရသည့် ဦးအိုက်မောင်ပုံ (ဓာတ်ပုံ ဒေသခံ တဦး)

ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့ က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ RFA သတင်း ဌာနရဲ့ ကျောက်မဲ က စစ်ရာဇဝတ်မှုနဲ့ပတ်သက်တဲ့မေးခွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းကဖြေဆိုရာမှာ – တပ်မတော်စစ်ကြောင်းကရွာထဲကို စစ်ဆေးဖို့လာရင်း အမျိုးသမီးတစ်ဦး ထွက်ပြေးတာမြင်လို့ိမှားယွင်းပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ ပစ်ခတ်သူဟာတပ်သားအဆင့် ရှိသူတစ်ဦးဖြစ်ပြီး နောက်တရက်တိုက်ပွဲ မှာ ကျသွားကြောင်း၊ တာဝန်ရှိသူတွေကို အရေးယူမှာဖြစ်ကြောင်း – ဖြေကြားခဲ့တာကိုတွေ့တော့ တပ်မတော်အနေနဲ့ ဒီစစ်ရာဇဝတ်မှုကို တာဝန်ယူတယ်ဆိုတာဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ပေါ့လျော့အောင် လိမ်ညာ အကွက်ချနေပြီလားလို့သံသယဝင်မိပါတယ်။

တကယ်တော့ ဇွန်လ ၂၉ရက်နေ့တုန်းက တပ်မတော်စစ် ကြောင်းက ပစ်သတ်ခဲ့တာဟာ လုံးဆုဆိုတဲ့ အမျိုးသားသာဖြစ်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း အနေနဲ့ ပထမအကြိမ်မှာဖြေကြားတုန်းက တိုက်ပွဲကြားမှာ မှားယွင်းပစ်ခတ်မှုလို့ပြောထားပြီး ဒုတိယအကြိမ်ဖြေကြားရာမှာ တော့ စစ်ဆေးဖို့လာရင်းမှားယွင်းပစ်ခတ်ခဲ့ တယ်လို့ ဖြေကြားမှုတွေဟာ ရှေ့သွားနောက်လိုက်မညီ တာကိုတွေ့ရပါတယ်။

စက်တင်ဘာလ ၄ ရက် နေ့သတင်းစာရှင်းလင်းပွဲမှာ ရွာသားကိုပစ် သတ်ခဲ့တဲ့ တပ်သားဟာနောက်တစ်ရက် တိုက်ပွဲမှာသေဆုံးသွားတယ်လို့ပြောပေမဲ့ အမည်မဖော်လိုတဲ့ သီပေါဒေသခံအချို့ ပြောပြတဲ့အချက်အလက်တွေအရ သီပေါမြို့နမ့်မိန် သုဿန်မှာ အဲ့ဒီရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာကျခဲ့တဲ့ တပ်သားတစ်ဦးရဲ့အုတ်ဂူ ရှိပြီး ဓာတ်ပုံမှတ်တမ်းတွေအရ ၂၉ရက်နေ့ မှာသေဆုံးခဲ့ကြောင်းတွေ့ရပါတယ်။

ဒါ့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSနဲ့ မြန်မာ့တပ်မတော်တို့ဟာ ဇွန်လ ၂၈ရက်နေ့အထိသာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့နောက်ပိုင်းထိတွေ့တိုက်ပွဲတွေမရှိခဲ့ဘူးလို့လဲဒေသခံတွေကပြောပါတယ်။

ယခုစစ်ရာဇဝတ်မှုဖြစ်ပွားရာ ဒေသတစ်ဝိုက်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဒဏ်အခံရဆုံးဒေသတစ်ခုဖြစ်သလို မြန်မာ့တပ်မတော် ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အရပ်သား တွေ သတ်ဖြတ်ခံရမှု မကြာခဏကြုံတွေ့ရတဲ့ဒေသဖြစ်ပြီး ဒေသခံ တွေအနေနဲ့ ဘယ်တုန်းကမှတရားမျှတမှုကိုမရရှိခဲ့ပါဘူး။

ယခုကိစ္စမှာလဲ မြန်မာ့တပ်မတော်အနေနဲ့ ဟန်ပြအရေးယူမှုတွေ အချက်အလက်အမှားတွေနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိဟန်ဆောင်ပြီး ဒေသခံတွေအတွက် ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုကိုဖျောက်ဖျက်ဖို့ ကြံစည်နေတာကို အထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။လူပေါင်းသောင်းနဲ့ချီက ဆန္ဒပြတောင်းဆို နေတာကိုတောင်မသိချင်ယောင်ဆောင်ပြီး အမှန်တရားကိုဖျောက်ဖျက်ဖို့ကြိုးစားနေခြင်း ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လမ်းဆုံးရောက်အောင်တွန်းပို့နေတာလို့ စာရေးသူအနေနဲ့ယူဆမိပါတယ်။

သျှမ်းမြောက်ကဒေသခံပြည်သူတွေ အနေနဲ့လည်း အခုလိုစစ်ရာဇဝတ်မှုတွေကို နှုတ်ဆိတ်နေပြီး တရားမျှတမှုရအောင် မကြိုးစားနိုင်ဘူးဆိုရင် အလားတူဖြစ်ရပ်မျိုး ဒါမှမဟုတ် ယခုထက်ပိုပြီးဆိုးရွားတဲ့ စစ်ရာဇဝတ် မှုတွေကိုကြုံလာနိုင်လို့ မိမိတို့ရဲ့အသံတွေ တိတ်မနေဘဲ အမှန်တရားအတွက် အသံထွက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။

လားရှိုး ကျောင်းသားများ သမဂ္ဂ အဖွဲ့ မွေလျန်းရေးသားပေးပို့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...