Wednesday, January 28, 2026

“ဖြစ်သင့်တာကို အရင်ပြုလုပ်မည်” ဟု NLD ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လင်းခေး မြို့နယ် ကိုယ်စားလှယ်လောင်း ပြော

“ ဖြစ်သင့်တာကို ပြုလုပ်ပြီးမှ ဖြစ်ချင်တာကို အကောင်အထည်ဖော်သွားမည် ” ဖြစ်ကြောင်း လင်းခေး မြို့နယ် မဲဆန္ဒယန် အမှတ်(၁) ကိုယ်စားလှယ်လောင်း စိုင်းဆေဟန် ကပြောသည်။

Photo by Mo Kham/ Facebook

စိုင်းဆေဟန်သည် လက်ရှိ အာဏာရ ပါတီဖြစ်သည် (NLD) မှ ဝင်ရောက် ရွေးခံယှဉ်ပြိုင်မည့် သူဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်မှာ မြန်မာနိုင်ငံတွင် အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည့် ပါတီဖြစ်သည်။

“ ဒီ ၂၀၀၈ ခြေဥ နဲ့သွားရင်တော့ ဘာပဲ ဖြစ်ဖြစ် တကယ် အစိုးရဖြစ်မယ့်ပါတီ ကိုတော့ ဝင်ရောက်အရွေးခံ ဖြစ်သင့်တာကို အရင် ဖြစ်ပြီးမှ ဖြစ်ချင်တာကို ကျနော်တို့ အကောင်အထည်ဖော်မှာပါ” စိုင်းဆေဟန် ကပြောသည်။

NLD ပါတီဝင်ရောက်ရခြင်းမှာ မိမိ ကံကြမ္မာ ဖန်တီးနိုင်သည့် အခွင့်အရေးဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် NLD ပါတီထဲ ဝင်ရောက်ရခြင်း ဖြစ်ကြောင်း စိုင်းဆေဟန် ကပြောသည်။

“ အခု ၂၀၀၈ ခြေဥနဲ့ သွားနေတယ်ဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာလည်း ကျနော်တို့ တိုင်းရင်းသား ပါတီ ဘယ်လောက်ပဲ နိုင်နိုင် ဒီပြည်နယ် ၇ ခုမှာ ကျနော်တို့က ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ အစိုးရ ဖွဲ့ဖို့က ၅၁ ရာခိုင်နှုန်းဆိုတော့ ပြည်မ ပါတီကို နောက်ထပ် ၂၁ ရာခိုင်နှုန်း ခေါ်ရမှာ ဒါလည်း မဖြစ်နိုင်တဲ့ ဥစ္စာပါ” စိုင်းဆေဟန် ကဆိုသည်။

လက်ရှိ အနိုင်ရပါတီသည် NLD ပါတီသည် သျှမ်းပြည်တွင်း (၁၅၆) နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိ ရှမ်းပြည်အစိုးရဖြစ်သည့် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ်တို့တွင်လည်း NLD ပါတီဝင်များဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် စိုင်းဆေဟန်သည် လင်းခေးမြို့နယ်ရှိ ပြည်နယ် လွှတ်တော်အမှတ်(၁) နေရာမှာ တသီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...