Tuesday, January 27, 2026

ကိုဗစ် ကာလ မဲဆွယ်စည်းရုံးရေး ပြုလုပ်ပါက လက်ရှိအနိုင်ရ ပါတီ အားသာနိုင်

ကိုဗစ်-၁၉ ကာလ အတွင်း မဲဆွယ်စည်းရုံးရေး ဆင်းရမည်ဆိုပါက လက်ရှိ အနိုင်ရ ပါတီ အနေဖြင့် အားသာချက်များစွာ ရှိကြောင်း တိုင်းရင်းသား ပါတီများက ပြောဆိုကြသည်။

Photo by Sao Nang Hsur/ facebook

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ကာကွယ်နေသည့်အချိန် ဖြစ်သည့်အတွက် တိုင်းရင်းသား ပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေး ကာလမှာ အခက်ခဲများစွာ ရင်ဆိုင်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ နန်းမြဦး ကပြောသည်။

“လက်ရှိ အစိုးရ ဖြစ်နေတဲ့ ပါတီကတော့ အားသာ စမြဲပါပဲ။ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ဖွံ့ဖြိုးရေးကို အကြောင်းပြပြီးတော့ လူထုနဲ့ ထိတွေ့လို့ရတယ်။ တိုင်းရင်းသား ပါတီအနေနဲ့က လုပ်ဖို့ ကိုင်ဖို့ အခွင့်အရေး အဲ့လောက်ထိ မသာဘူး” ဟု နန်းမြဦး က ပြောသည်။

လက်ရှိ အစိုးရဖြစ်နေသည့် ပါတီထက်စာလျှင် တခြားပါတီများက ကွင်းဆင်း စည်းရုံးရေး ပြုလုပ်ခြင်း၊ လူထု နှင့် ထိတွေ့မှု အားနည်ခြင်းတို့ရှိနေသေးကြောင်း နန်းမြဦး က ပြောသည်။

“မဲဆွယ် စည်းရုံးရေး ကာလလည်း မရောက်သေးတဲ့အတွက် မဲဆွယ် စည်းရုံးဖို့လည်း မဖြစ်နိုင်သေးဘူး။ အများဆုံး လုပ်နိုင်တာက သက်ဆိုင်ရာ ကျေးရွာ အုပ်စုတွေမှာ ရပ်ကွက်တွေမှာ ဆိုင်းဘုတ်တင်တာပဲ လုပ်နိုင်သေးတယ်” ဟု နန်းမြဦး ကပြောသည်။

လက်ရှိ အာဏာရ ပါတီ အစိုးရသည် ၂၀၁၅ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိ ပြည်သူ မျာနှင့် ထိတွေ့မှုရှိပြီး NLD ပါတီအနေဖြင့် ကိုဗစ်ကာလမှာ မဲဆွယ် စည်းရုံးရန်အတွက် ခက်ခဲမည်မဟုတ်ကြောင်း လင်းခေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ( NLD)မှ ကိုယ်စားလှယ်လောင်း စိုင်းဆေဟန် ကပြောသည်။

“ကိုဗစ် ကာလမှာ စိန်ခေါ်မှုကတော့ ၂၀၁၅ နဲ့ တအားကွာတယ်။ ပါတီ အသစ်တွေတော့ အများကြီး ဒုက္ခရောက်မယ်။ လူထုနဲ့ တွေ့ဆုံမှု မရှိခဲ့လို့ သူတို့အတွက် ဒုက္ခရောက်မယ။် ပါတီကြီးတွေကတော့ သူတို့အတွက် သိပ်ပြီး ဒုက္ခမဖြစ်ဘူး” ဟု စိုင်းဆေဟန် က ပြောသည်။

လက်ရှိအာဏာရ ပါတီသည် ၂၀၁၅ မှ စတင်ကာ ၂၀၂၀ အထိ ပြည်သူများနှင့် ထိတွေ့မှု ရှိနေသဖြင့် လွယ်ကူမည် ဖြစ်ကြောင်း စိုင်းဆေဟန် ကပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဒုတိယလိုင်း အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုမို ကူးစက်မြန်လာသည့်အတွက် ပြည်သူလူထုများ လာမည့် ၂၀၂၀ ရွေးကောက်ပွဲထက် ကိုဗစ် ကို ပိုမို စိတ်ဝင်စားနေကြသည်။

“ကိုဗစ်ကို ပိုပြီး စိတ်ဝင်စားတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါ က တကမ္ဘာ့လုံးဖြစ်နေတယ်။” ဟု အသက် ၂၇ နှစ် အရွယ် နန်းနု ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ကူးစက်သူလူနာ( ၅၈၆) ဦး ၊ သေဆုံးသူ ( ၆) ဦး နှင့်ပြန်လည်သက်သာလာသူ ( ၃၄၉ ) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...