သျှမ်း/မြောက် ရွေးကောက်ပွဲ လုံခြုံရေးလား မဲပေးဖို့လား တပ်မတော်

မိုးကျရာသီမှာ သျှမ်းကျေးလက်ရွာသူ ရွာသားတွေ လယ်ယာ ဆင်းနေကြပါတယ်။ ဒီနေ့ ရောင်းရ မနက်ဖြန် အရင်းဆိုသလို ဒီနှစ် ထွန်ယက် စိုက်ပျိုးထားမှ နောက်နှစ်အတွက် ဝမ်းစာ ဖူလုံကြမှာပါ။ ဒါပေမဲ့ မထင်မှတ် ပဲ စစ်ကြောင်းရောက်ရှိလာပြီး လူဦးရေမေးမြန်း ဒါတွေ၊ ပိုင်ဆိုင်မှု တွေ ဖြစ်တဲ့ ကား ၊ ဆိုင်ကယ်၊ ထော်လဂျီ စာရင်းမေးမြန်းဒါတွေ တပ်မတော် စစ်ကြောင်းကနေ တရွာဝင် တရွာထွက် မေးမြန်းနေလို့ လူထု ကြောက် လန့်နေကြပါတယ်။

သျှမ်းပြည်တွင်း တနေရာက အစိုးရတပ်သားတချို့


ကြောက်လန့်သည့်အား လျော်စွာ သက်ကြီးမိဘ နဲ့ ကလေးတွေ ခေါ်ပြီး ရပ်ရွာနေအိမ် ကနေ ရှောင်တိမ်း မှု တွေလဲ ရှိပါတယ်။


သြဂုတ်လဆန်းကစပြီး သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း မြို့နယ်ထဲကို ရောက်ရှိလာ တပ်မတော် စစ်ကြောင်းအသစ်ကတော့ ကရင်ပြည်နယ် ဖားအံ မြို့အခြေစိုက် တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတွေ၊ ကော့ဂရိတ်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၁၂ လက်အောက်ခံ တပ်ရင်းတွေ ရောက်ရှိလှုပ်ရှားနေတာပါ။


တပ်မတော် စစ်ကြောင်းက ရောက်တဲ့နေရာမှာ ကြိုတင်မဲပေးပိုင်ခွင့်ရှိတယ်။ ဒါက နိုင်ငံရေး နဲ့ စပ်ဆိုင် သွားပြီ။ ရောက်တဲ့နေရာမှာ ရပ်ရွာလူထု စာရင်းကောက်တယ်။ ကားတွေ၊ ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေ အပါအဝင် ပိုင်ဆိုင်မှုစာရင်း ကောက်တယ်ဆိုတဲ့ဟာတော့ တပ်ရဲ့ အလုပ်မဟုတ်ဘူး၊ ပြောင်းလဲသင့်ပြီ လို့ ကျနော်တို့မြင် တယ် – တန့်ယန်းမြို့ ပြည်နယ်လွှတ်တော် အမှတ် ၂ ကိုယ်စား လှယ် စိုင်းခမ်းမြတ် ကပြောပါတယ်။

အစိုးရစစ်တပ်၏ အင်အားဖြည့်စစ်ကြောင်း


ခုချိန်အထိ အစိုးရတပ်မတော်ဟာ သျှမ်းပြည်မြောက်ပိုင်း / တောင်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေထဲရော RCSS/SSA ထိန်းချုပ်နယ်မြေထဲကိုပါ စစ်အင်အားဖြည့်တင်းနေတယ်လို့ နှစ်တပ်လုံးကပြောပါတယ်။


ရွေးကောက်ပွဲ နီးလာတဲ့အချိန် အစိုးရတပ်မတော် အင်အားတွေဖြည့်တင်းလာနေတဲ့အပေါ် စစ်ဆင်ရေးကြီး တွေ ဖြစ်မှာကို ဒေသခံလူထု ကစိုးရိမ်နေကြပါတယ်။

တန့်ယန်းမြို့နေ ခေတ်ပညာတတ် သျှမ်းလူငယ် စိုင်းအိုက်တီ့ က – “ တပ်မတော် စစ်ကြောင်း ကနေ အခု အင်အားတိုးဖြည့် လှုပ်ရှားလာတာ ကျနော့် အနေနဲ့ မြင်မိတာ ၂ ချက် ရှိတယ်။ တစ်အချက်က လုံခြံုရေးကို အကြောင်းပြပြီး လူထု လွတ်လွတ်လပ်လပ် မဲမပေးနိုင်အောင် စစ်အင်အားနဲ့ ခြိမ်းခြောက်တယ်။ နှစ် အချက် ကတော့ ရောက်တဲ့အရပ်မှာ မဲပေးမယ် ဆိုတဲ့ ကိစ္စကလဲ ဒေသခံ တိုင်းရင်းသားပါတီတွေ မဲကွဲအောင် လုပ်ဆောင်မှု တခုဘဲ “ – လို့ ပြောပါတယ်။


တပ်မတော် စစ်ကြောင်းကနေ လူထုစာရင်း ပိုင်ဆိုင်မှု စာရင်းလိုက်ကောက်နေတာကတော့ တန့်ယန်းမြို့ တောင်ဘက် မြို့နယ် မဲဆန္ဒအမှတ် ၂ နယ်မြေ ဧရိယာ မဲပေးခွင့်စာရင်းဝင် ဟိုမန်းကျေးရွာအုပ်စု၊ လွယ်စေး ကျေးရွာအုပ်စု၊ လုံမုံ့ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာအုပ်စုဝင် ထဲကပါ။


လက်ရှိမှာ လွယ်စေးကျေးရွာအုပ်စု မှာ ကြိုတင်မဲပေးဖို့ တပ်မတော် တပ်ရင်း ၁ ရင်းစာ ရွေး ကောက်ပွဲ ကော်မရှင်ထံ စာရင်းတင်ထားတယ်လို့လဲ သိရပါတယ်။

တန့်ယန်းမြို့နယ် လွယ်စေးအုပ်စု ဟိုမန်းရွာ


“မဲပေးမယ် မပေးဘူး ဆိုတာတော့ ကျနော်တို့တော့မသိဘူး။ တိုက်ပွဲ မဖြစ်ဖို့ဘဲ ဆုတောင်းတယ်။ ကျေးရွာ အပြင်ဘက် ထွက်ရင် SSPP တပ်ရှိတယ်လေ။ တိုက်ပွဲမဖြစ်အောင် သူတို့ လိုတဲ့ စာရင်း သူတို့ မေးတဲ့ စာရင်း ရွာလူကြီးတွေ လိုက်ကောက်ပြီး လာပေးတယ်။ တိုက်ပွဲ ဖြစ်မှာစိုးလို့ ၁၁ ရက်နေ့တုန်းက ဆိုင်းခေါင်၊ နောင်လုံ ၊ နားဟဲ ၊ နားဆန်း ရွာဘက်က သက်ကြီးပိုင်းတချို့ မိုင်းကောဝ်- တန့်ယန်းဘက်က တိမ်းရှောင်ကြရတယ်” – လို့ ဒေသခံ လူငယ် တဦးကလဲ ပြောပြပါတယ်။

NLD အမျိုးသားဒီမိုကရေစီအစိုးရ ခေတ်မှာ ၂၀၀၈ ဖွဲ့စည်းပုံဆင်ဖို့၊ တပ်အတွင်းကနေ မဲရုံထုတ်ဖို့ ပြုလုပ်ရာမှာ တပ်မတော်ကလဲ တပ်မတော်စစ်ကြောင်းရောက်တဲ့အရပ်မှာမဲပေးဖို့ ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေက ခွင့်ပြုထားတယ်လို့လဲ သိရပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အတွင်းရေးမှူးလည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ စိုင်းလိတ်က အခုလိုပြောပါတယ်။


“NLD အစိုးရလက်ထက်မှာ တပ်ပြင်ပမဲရုံ မှာမဲသွားထည့်ခိုင်းတဲ့ကိစ္စက နဂိုကတည်းကလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ ဖြစ်တယ်။ တပ်မတော်သားများဟာလည်း ပြည်သူလူထုထဲက ပေါက်ဖွားလာတာဖြစ်တဲ့အ တွက် ပြည်သူတွေနဲ့နည်းတူ မဲထည့်ရမှာဖြစ်တယ်။ ဒါပေမယ့်အခု လက်ရှိ သျှမ်းပြည်မြောက်ပိုင်းမှာ နမ္မတူ မှာလည် းဖြစ်တယ် တန့်ယန်းမှာလည်းဖြစ်တယ်ပေါ့ နော်။ ရှေ့တန်းရောက်နေတဲ့ တပ်မတော်သားတွေကသက်ဆို င်ရာ ကျေးရွာ အုပ်စု ရုံးတွေမှာသွားပြီးတော့မှ မဲပေးပါမယ်ဆိုပြီးအမည်စာရင်းသွား ပေးနေတာသိရပါတယ်။ သူတို့အနေနဲ့က မူလမိခင်တပ်ရင်းမှာ အမည်စာရင်း ပေါက်ထားတဲ့သူတွေဖြစ်တယ်။ အဲတော့ မိခင်တပ်ရင်း မှာ ပေါ်ပေါက်ထားတဲ့မဲစာရင်းကို ပယ်ဖျက်ပြီးပြီလားဆိုတဲ့ဥစ္စာ ကိုကျနော်တို့က နိုင်ငံရေးပါတီတွေအနေနဲ့စီစစ်လို့ မရဘူး။ ဒီကိစ္စကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကနေ တာဝန်ယူပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိအောင် မှန်ကန်မှုရှိအောင် တာဝန်ယူဆောင်ရွက်ပေးဖို့လိုပါတယ်။ အဲတာမှသာလျှင် ကျနော်တို့ မဲခိုင်မာမှုကိုပိုမိုယုံကြည်စေနိုင်လိမ့်မယ် လို့ကျနော်တို့တောင်းဆိုလိုပါတယ်။”


ဒီတပ်တွေဟာ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်လှုပ်ရှားတဲ့ဘက်ကို တမင်ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွါးမှာကို ဒေသခံလူထုက အထူးစိုးရိမ်နေပါတယ်။ တဖက်ကလည်း SSPP/SSA ကိုယ်တိုင်ကလည်း သတိနဲ့ လှုပ်ရှားနေတယ်လို့ဆိုပါတယ်။


သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်သန်းအောင်က – “ ပါစန် လွယ်စေးဘက်မှာ ကျနော်တို့တပ်ရှိတယ်။ တပ်မတော်က ဘာရည်ရွယ်ချက်နဲ့တက်လာလဲမသိဘူး။ ထူးခြားတာကတော့ ဒေသခံ တပ်မဟုတ်ဘူး တပ်မ ၂၂ နဲ့ စကခ ၁၂ ကရင်ပြည်နယ်ဘက်ကနေ လာတဲ့တပ်တွေ’’ – ကပြောပါတယ်။


အခုသြဂုတ်လ တတိယအပတ်ထဲမှာတော့ မိုင်းနောင်မြို့လယ်ကဂိတ်နဲ့ ၊ မိုင်းနောင်-မိုင်းရှူးကြားက ကျူမောက် ခေါင် ၀် ဂိတ်၊ မိုင်းနောင်- လဲချားကြားက ပန်ဖွန်းဂိတ် ၊ ကျေးသီး-မိုင်းရယ်ကြားက နမ့်ပုတ်ဂိတ်၊ ၀မ့်ဟိုင်း-မိုင်းရယ်ကြားက ကောင်းလန်းဂိတ်နဲ့ နမ့်လောင်းဂိတ် စတဲ့အစိုးရတပ်မတော် စခန်းချစစ်ဆေးနေ တဲ့ဂိတ်တွေမှာ ကားတွေ မော်တော်ဆိုင်ကယ်တွေ အသွားအလာ တင်းကျပ်စစ်ဆေးနေတယ်လို့လဲ ဒေသခံတွေကပြော ပါတယ်။


အရမ်းစစ်ဆေးပါတယ်။ အဝတ်ထုတ်တွေဘာတွေ ဖွင့်ကြည့်တယ်။ မေးလို့ ဗမာစကားနဲ့ကောင်းကောင်း ပြန်မဖြေတတ်ရင် သို့မဟုတ် စိုးရိမ်ကြောက်လှန့်နေတဲ့မျက်နှာထားတွေတွေ့ရင်တော့ ကားပေါ်က ဆင်းခိုင်းပြီး စစ်ဆေးတော့တာ ”- လို့ လားရှိုးမြို့ကို သားကျောင်းလိုက်ပို့တဲ့ ကျေးသီးဒေသခံ ဖခင်တဦးကပြောပါတယ်။

၂၀၁၀ -၂၀၁၆ ခုနှစ်တွေတုန်းက လွယ်စေး၊ နမ့်လောင်း၊ မိုင်းကောင်ဝ်၊ တန့်ယန်းမြို့နယ်၊ တောင်ဟျိုး၊ လွယ်ချို ၊ မိုင်းရှူးမြို့နယ် ၊ မိုင်းရယ်မြို့နယ်၊ ကျေးသီးမြို့နယ် တွေ ထဲ မှာ ဘက်မှာ အစိုးရတပ်မတော်ကနေ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်တွေကို အင်အား အလုံးအရင်းနဲ့ တိုက်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ကျေးသီးမြို့ နယ် ၊ မိုင်းနောင်မြို့နယ်ခွဲ ၊ မိုင်းရှူးမြိုု့နယ် ၊ မိုင်းစံ မြို့နယ်ခွဲ နဲ့ တန်းယန်းမြို့နယ် အတွင်းနေ လူဦး ၂ သိန်း ခန့်က ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲ မှာ မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။ ရွေးကောက်ပွဲ လဲ အဲဒီ့ဒေသဘက်မှာ ကျင်းပနိုင်ခြင်းမရှိပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...