လယ်ယာမြေပြဿနာများ ဖြေရှင်းပေးနိုင် မည့် ကိုယ်စားလှယ်လောင်းများလို အပ်

0

သျှမ်းပြည် တောင်ပိုင်းဒေသတွင် လယ်ယာမြေ ပြဿနာများ များပြားစွာ ဖြစ်ပွား လျှက် ရှိသောကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ တွင် မြေယာပြဿနာ များဖြေ ရှင်းပေးနိုင်မည်ဟု ကတိကဝတ်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများ လိုအပ်နေ ကြောင်း ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ ဒါရိုက်တာဒေါ်နန်းဝါနုက ပြောသည် ။

Photo by ယိင်းတိုင်း

“၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအနေနဲ့ ကိုယ့်ရဲ့ မြို့နယ်မှာ ဖြစ်နေတဲ့ လယ်ယာမြေ ပြဿနာတွေ သစ်တော နဲ့ သဘာ၀ သံယံဇာတ ပြဿနာတွေ ကို သူတို့ က ဦးဆောင်ပြီးဖြေရှင်းပါ့မယ် ဆိုပြီး ကတိကဝတ်ပေးနိုင်ရမယ် ။ အဲ့ဒီကတိကဝတ်ပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို သာရွေးသင့် ပါတယ် ” ဟု၎င်းက ဆိုသည် ။

လက်ရှိတွင် သျှမ်းပြည်နယ်တောင်ပိုင်း ၊ နမ်စန်မြို့နယ် ၊ ခိုလမ် မြို့နယ်ခွဲ ၊ ဟိုနောင်ကျေး ရွာ အုပ်စု တွင်ရှိသော စိုက်ပျိုးမြေ ဧက ၁၃၅၃.၃၃ ဧကကို ခ.လ.ရ (၆၆) ခြေလျင်တပ် ရင်း မှ သိမ်းဆည်းပြီး တောင်သူ (၄၇) ဦးကို တရားစွဲဆိုထားကာ တောင်သူများ မှ ရုံးချိန်း ပေါင်း (၆) ကြိမ်ခန့်တက်ရောက်ခဲ့ ပြီးဖြစ်သည်ဟု သိရသည် ။

ယင်းကိစ္စနှင့် ပတ်သက်၍ လည်းတောင်သူများမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တရားမျှ တပြီး ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ကို မျှော်လင့် မိကြောင်း ပြောဆိုကြသည် ။

လယ်ယာမြေ ပြဿနာများ နှင့် သဘာ၀ သံယံဇာတများ အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ကိုဧပရယ်ဂျူးဂျူး ကလည်းအထက်ပါကိစ္စနှင့်ပတ်သက်၍ ရွေးကောက် ခံကိုယ်စားလှယ်လောင်းတွေ အနေဖြင့် လယ်ယာမြေကိစ္စနှင့် ပါတ်သက် သော ဥပဒေများ ၊ မူဝါဒများကို သိရှိနားလည်ရန် လိုအပ်ကြောင်း ပြောသည် ။

“ ၂၀၁၂ ကနေပြင်ဆင်လာခဲ့တဲ့ မြေယာနဲ့ဆက်စပ်တဲ့ ဥပဒေ တွေကို နားလည်တဲ့ ကိုယ်စားလှယ် မျိုး ၊ မူဝါဒရေးရာမှာပါ ဒီမြေယာနဲ့ ပါတ်သက်ပြီး ဆွေးနွေး နိုင်တဲ့ ကိုယ်စားလှယ်မျိုး နောက်တစ်ခုက ဒေသတွင်း ဒီခိုလမ်ဒေသဆိုလဲ တိုင်းရင်းသားလက် နက်ကိုင် လဲရှိတယ် တပ်မတော်လဲ ရှိတယ် ဆိုတော့ ဒေသအခြေအနေကို သေချာ နားလည်ပြီးတော့ ဥပဒေဘက်ရော ဒေသအခြေအနေတွေကိုရော နားလည်ပြီးတော့မှ ဖြေရှင်းပေးနိုင်တဲ့ ၊ လွှတ်တော်ထဲမှာ မူဝါဒဆိုင်ရာ ဆွေးနွေးဆောင်ရွက်ပေး နိုင်တဲ့ ကိုယ်စားလှယ်မျိုးကို လိုအပ်ပါတယ် ” ဟု ကိုဧပရယ်ဂျူးဂျူး ကအကြံပြု ပြောဆိုသည် ။

ယင်းတပ်သိမ်းမြေ ခိုလမ် ကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းထံမှ သျှမ်းပြည်နယ်မြေစစ်ကော်မတီ၏ ၂၀၂၀ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ သောအစည်းအဝေးဆုံးဖြတ်ချက် အရ ကာကွယ်ရေးဝန် ကြီးဌာနမှပြန်လည်စွန့်လွှတ်ပေး နိုင်ခြင်းရှိ / မရှိ သဘောထားတောင်း ခံရေးအတွက် ဗဟို မြေစစ်ကော်မတီကို ၂၀၂၀ ခုနှစ် ၊ ဇွန်လိုင် (၂၉) ရက်စွဲပါစာဖြင့် တင်ပြထားကြောင်း သိရှိရပါသည် ။

Leave a Comments