တောင်ကြီးခရိုင် အတွင်းရှိ မဲရုံတချို့ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်း မရရှိသေး

သျှမ်းပြည် တောင်ကြီးခရိုင် အတွင်းရှိ မဲရုံ တချို့ လျှပ်စစ်မီး နှင့် ဆက်သွယ်ရေးလိုင်း မရသေးကြောင်း သတင်းရရှိသည်။

တောင်ကြီးခရိုင် အတွင်း လျှပ်စစ်မီး မရရှိသေးသည့် မဲရုံ (၂၀၀)ကျော် နှင့် ဆက်သွယ်ရေး မရသည့် မဲရုံ (၅၄)ရုံရှိကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှိင် အဖွဲ့ခွဲ အရာရှိ ဦးသန်းဇော်ဦးက ပြောကြားလိုက်သည်။

အဆိုပါ လျှပ်စစ်မီး မရရှိသေးသည့် မဲရုံများမှာ တောင်ကြီးမြို့နယ်တွင် မဲရုံ (၄၁) ရုံ ၊ ညောင်ရွှေမြို့နယ် (၃၈) ရုံ ၊ ကလောမြို့နယ် ( ၅၀) ရုံ၊ ဖယ်ခုံ (၆၈) ရုံ နှင့် ရပ်စောက် ( ၄၂) ၎င်းတို့သည် လျှပ်စစ်မီး မရှိသည့် မဲရုံများ ဖြစ်ကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးသန်းဇော်ဦး ကပြောကြားလိုက်သည်။

ထို ပြောဆိုမှုသည် ယနေ့ (သြဂုတ် ၁၈) ရက်တွင် ပြုလုပ်သည့် တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီ မဲစာရင်းများ ပြည်စုံ မှန်ကန်ရေး နှင့် COVID-19 ရောဂါ ကာကွယ်ရေး ညွန်ကြားချက်များနှင့် အညီ စနစ်တကျ မဲပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ခရိုင်အတွင်းမှာ ရှိတဲ့ ၅ မြို့နယ်မှာပေါ့။ ဆက်သွယ်ရေး မရတဲ့ မဲရုံတွေလည်း ရှိပါတယ်။ ဖုန်းလိုင်း လုံးဝ မရတဲ့ မဲရုံ နဲ့ လျှပ်စစ်မီး မရတဲ့ မဲရုံတွေလည်း ရှိပါတယ်” ဟု ဦးသန်းဇော်ဦး ကပြောသည်။

ထို မီးမရရှိသေးသည့် မဲရုံ နှင့် ဆက်သွယ်ရေးမရသည့် မဲရုံများသည် တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်(၅)မြို့နယ် မှ မဲရုံများဖြစ်ကြောင်းသိရသည်။

“ရွေးကောက်ပွဲနေ့မှာ မီးရရှိပြီးတော့ မှန်ကန်တဲ့ မဲရေတွက်မှုတွေဖြစ်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးသန်းဇော်ဦး က ပြောသည်။

ကြိုတင် ဆန္ဒမဲ လက်မှတ်စာအိတ်များ သယ်ဆောင်ထားသိုခြင်း ပြန်လည် ထုတ်ယူစဉ်မှာလည်း လုံခြုံရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဇော်ဌေးဦး

နယ်မြေအခြေအနေအရ လုံခြုံရေး မကောင်းသည့် မဲရုံများကိုလည်း တပ်မတော် နှင့်ရဲတပ်ဖွဲ့တို့က မဲလာရောက်ပေးသည့်သူများလုံခြုံအောင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်တွင်းရှိ မဲရုံပေါင်း (၃၅၀၀) ကျော် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...