ကျောက်မဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်း အရပ်သား တဦးသေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသွားရာလမ်းတွင် အမည်မသိ လက်နက်ကိုင်မှ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသားတဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

Photo by Tin Maung Thein / Facebook https://www.facebook.com/tinmaung.thein.7/

ယမန်နေ့ သြဂုတ် ၁၅ ရက် ည ၈နာရီက ကျောက်မဲမြို့နယ် ရေအားလျှပ်စစ် စီမံကိန်းဘက်အသွားလမ်း လွယ်စောင့်အုပ်စု ကုန်းညောင်ရွာ အနီးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ ၅ ဦး က ဒေသခံ၃ ဦးစီးနင်းလာသော အဖြူရောင် Mark-2 ကားကိုတားဆီးရာ၊ ကားမရပ်ပေးသည့်အတွက် လက်နက်ငယ်ဖြင့် ၁၀ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို အဖြူရောင် Mark-2 ကားပေါ်တွင် အသက် (၃၀) အရွယ်ရှိ ယာဉ်မောင်း ဦးမျိုး၊ အသက် ၄၀အရွယ် ဦးအိုက်စော နှင့် အသက် ၂၃နှစ် အရွယ် စိုင်းနေဦးတို့စီးနင်း လိုက်ပါလာသည်ဟုသိရသည်။

“ ကားတားတာ မရပ်ပေးလို့ သေနတ်နဲ့၁၀ချက်ပစ်လိုက်တာ။ အဲ့ထဲက ဦးအိုက်စော ကိုပဲထိမှန်ခဲ့တာ။ ဂျိုင်း အောက်နားမှာ ဖောက်ဝင်ဒဏ်ရာက မစိုးရိမ်ရဘူး။ အခု ကျောက်မဲဆေးရုံမှာပါ” ဟု ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။

https://www.facebook.com/tinmaung.thein.7/

သေနတ်ပစ်ခံရသည့် ဦးအိုက်စော သည် ယာဖက်ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာတချက်၊ ယာဖက် လက်မောင်းဖောက်ဝင် ဒဏ်ရာတချက် ရရှိထားပြီး၊ စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ဦးတင်မောင်သိန်းက ဆိုသည်။

သေနတ်ပစ်ခံရသူများသည် ယမန်နေ့ သြဂုတ် ၁၅ ရက်တွင် တောင်ခြေကျေးရွာ ဦးအိုက်စော၏ နေအိမ်တွင် ညအိပ်ပြီး၊ ယနေ့ သြဂုတ် ၁၆ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်ကမှ ကျောက်မဲပြည်သူ့ဆေးရုံသို့ ရောက်ရှိလာ ကာ ဆေးကုသခံကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲခရိုင် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ တပ်မတော် လှုပ်ရှားသည့် နယ်မြေ တခုဖြစ်ပြီး၊ ထိုဒေသတွင် အရပ်သားများ မကြာခဏ သေနတ်ပစ်ခံကြရသည်။ သို့သော် တရားခံ တကြိမ်တခါမျှ မမိခဲ့ ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...