Tuesday, January 27, 2026

ကျောက်မဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်း အရပ်သား တဦးသေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသွားရာလမ်းတွင် အမည်မသိ လက်နက်ကိုင်မှ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသားတဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

Photo by Tin Maung Thein / Facebook https://www.facebook.com/tinmaung.thein.7/

ယမန်နေ့ သြဂုတ် ၁၅ ရက် ည ၈နာရီက ကျောက်မဲမြို့နယ် ရေအားလျှပ်စစ် စီမံကိန်းဘက်အသွားလမ်း လွယ်စောင့်အုပ်စု ကုန်းညောင်ရွာ အနီးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ ၅ ဦး က ဒေသခံ၃ ဦးစီးနင်းလာသော အဖြူရောင် Mark-2 ကားကိုတားဆီးရာ၊ ကားမရပ်ပေးသည့်အတွက် လက်နက်ငယ်ဖြင့် ၁၀ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို အဖြူရောင် Mark-2 ကားပေါ်တွင် အသက် (၃၀) အရွယ်ရှိ ယာဉ်မောင်း ဦးမျိုး၊ အသက် ၄၀အရွယ် ဦးအိုက်စော နှင့် အသက် ၂၃နှစ် အရွယ် စိုင်းနေဦးတို့စီးနင်း လိုက်ပါလာသည်ဟုသိရသည်။

“ ကားတားတာ မရပ်ပေးလို့ သေနတ်နဲ့၁၀ချက်ပစ်လိုက်တာ။ အဲ့ထဲက ဦးအိုက်စော ကိုပဲထိမှန်ခဲ့တာ။ ဂျိုင်း အောက်နားမှာ ဖောက်ဝင်ဒဏ်ရာက မစိုးရိမ်ရဘူး။ အခု ကျောက်မဲဆေးရုံမှာပါ” ဟု ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။

https://www.facebook.com/tinmaung.thein.7/

သေနတ်ပစ်ခံရသည့် ဦးအိုက်စော သည် ယာဖက်ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာတချက်၊ ယာဖက် လက်မောင်းဖောက်ဝင် ဒဏ်ရာတချက် ရရှိထားပြီး၊ စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ဦးတင်မောင်သိန်းက ဆိုသည်။

သေနတ်ပစ်ခံရသူများသည် ယမန်နေ့ သြဂုတ် ၁၅ ရက်တွင် တောင်ခြေကျေးရွာ ဦးအိုက်စော၏ နေအိမ်တွင် ညအိပ်ပြီး၊ ယနေ့ သြဂုတ် ၁၆ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်ကမှ ကျောက်မဲပြည်သူ့ဆေးရုံသို့ ရောက်ရှိလာ ကာ ဆေးကုသခံကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲခရိုင် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ တပ်မတော် လှုပ်ရှားသည့် နယ်မြေ တခုဖြစ်ပြီး၊ ထိုဒေသတွင် အရပ်သားများ မကြာခဏ သေနတ်ပစ်ခံကြရသည်။ သို့သော် တရားခံ တကြိမ်တခါမျှ မမိခဲ့ ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...