နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ ညနေပိုင်း တိုက်ပွဲဖြစ်ပွားကြောင်း မြေပြင်သတင်းအရ စုံစမ်းသိရသည်။

သြဂုတ် ၄ ရက် ယနေ့ ညနေ ၆ နာရီက နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ နှင့် ၄င်းနှင့်ထိကပ်လျက်ရှိသော မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး) မြို့နယ်ခွဲအတွင်းရှိ မန့်ဟောင်းတုံရွာတကြော အစိုးရ တပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးရှိကျေးရွာတွင်နေထိုင်သည့် စိုင်းလျန်း ပြောသည်။

နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ တကြော သေနတ်သံကြောင့် ဒေသခံများ တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်

“ ညနေ ၆ နာရီ က ၂ ဖက် ပစ်ခတ်တယ်။ တိုက်ပွဲဖြစ်တယ်။ နေ့လည် က ဖြစ်တာကတော့ တပ်မတော် ဘက်က တဖက်သတ်ပစ်ခတ်နေတဲ့အသံပါ” ဟု စိုင်းလျန်း ဆိုသည်။

နမ့်ခမ်းမြို့နယ်နှင့် မန့်ဟီးရိုးမြို့နယ်ခွဲနယ်စပ် RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ ဒေသဘက်သို့ အစိုးရတပ်မတော်သည် ဇူလိုင် ၃၀ ရက် က စတင်ကာ စစ်အင်အား ဖြည့်တင်းခဲ့သည်။

စစ်အင်အား ဖြည့်တင်းမှုကြောင့် ထိုဒေသတွင် နေထိုင်သည်ပြည်သူလူထုက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

ယနေ့ RCSS/SSA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲနှင့် ပတ်သက်ပြီး “ ထိတွေ့မှု ကတော့ ခဏပါပဲ။ ဒါပေမယ့် အဲ့နေရာက ကျေးရွာနဲ့နီးတော့ ဒေသခံတွေက စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးနေတယ်။ သတင်းက တော့ သေချာ မသိရသေးဘူး” ဟု စိုင်းလျန်းကဆိုသည်။

RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်သည့် မန့်ဟီးရိုးမြို့နယ်ခွဲဘက်ကို အစိုးရတပ်မတော် တပ်သား ၄၀၀ ကျော် အင်အားဖြည့်လာကြောင်း RCSS/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နေ့လည်ကတိုက်ပွဲက တဖက်သတ်အသံပါပဲ။ ညနေကတော့အခြေအနေ မသိရသေးဘူး။ မြေပြင် သတင်းမတက်လာသေးဘူး။တပ်မတော် လှုပ်ရှားမှုက ထပ်တိုးလာတယ်။ စစ်အင်အားတွေလည်း ထပ်ဖြည့်နေတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

နမ့်ခမ်းမြို့နယ် ရွှေလီမြစ်မြောက်ဘက်ခြမ်း မန့်ဟီးရိုး မြို့နယ်ခွဲရှိ မန့်ဟောင်းတုံဘက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ ၂ ဖွဲ့လုံး အခြေချလှုပ်ရှားနေကြောင်းလည်းသိရသည်။

ယခုလာမည့် သြဂုတ်လ အတွင်း စတုတ္ထ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည်ဟု သြဂုတ် ၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အစည်းအဝေးအပြီး ကြေငြာခဲ့သည်။

သို့သော် လက်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း အစိုးရတပ်မတော်မှ စစ်အင်အားအများအပြားဖြည့်တင်းကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားနေပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ သြဂုတ်လမှာ ၂၁ ပင်လုံ လုပ်မယ်လို့ကြားရပါတယ်။ အစိုးရ တပ်မတော်က စစ်အင်အားတိုးတဲ့ကိစ္စ က ရေရှည်ဆိုရင်တော့ မကောင်းဘူး။ စစ်ရေး ထိတွေ့မှုတော့မရှိပေမယ့် စစ်အင်အား ဖြည့်တဲ့အပေါ်တော့ စိုးရိမ်မှု ရှိပါတယ်” ဟု ဆိုသည်။

ယနေ့ ညနေပိုင်းဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး အစိုးရတပ်မတော်နှင့် RCSS/SSA ကို သျှမ်းသံတော်ဆင့်က ကြိုးစားပြီး ထပ်မံမေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

ဇွန် ၂၅ ရက်ကစပြီး ဇူလိုင် လလယ်အထိ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြိုနယ် အတွင်း RCSS/SSA နှင့် အစိုးရ တပ်မတော်တို့တိုက်ပွဲအကြိမ် ၂၀ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

RCSS/SSA ၏ ရွှေလီမြစ်ဝှမ်းလွင်ပြင်အခြေစိုက် အမှတ် ၇၀၁ စစ်ဒေသအား လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က အစိုးရတပ်မတော်က အင်အားသုံး တိုက်ခိုက်ခဲ့သဖြင့် ဒေသခံအများအပြား စစ်ဘေးရှောင်ခဲ့ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...