Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ ညနေပိုင်း တိုက်ပွဲဖြစ်ပွားကြောင်း မြေပြင်သတင်းအရ စုံစမ်းသိရသည်။

သြဂုတ် ၄ ရက် ယနေ့ ညနေ ၆ နာရီက နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ နှင့် ၄င်းနှင့်ထိကပ်လျက်ရှိသော မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး) မြို့နယ်ခွဲအတွင်းရှိ မန့်ဟောင်းတုံရွာတကြော အစိုးရ တပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးရှိကျေးရွာတွင်နေထိုင်သည့် စိုင်းလျန်း ပြောသည်။

နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ တကြော သေနတ်သံကြောင့် ဒေသခံများ တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်

“ ညနေ ၆ နာရီ က ၂ ဖက် ပစ်ခတ်တယ်။ တိုက်ပွဲဖြစ်တယ်။ နေ့လည် က ဖြစ်တာကတော့ တပ်မတော် ဘက်က တဖက်သတ်ပစ်ခတ်နေတဲ့အသံပါ” ဟု စိုင်းလျန်း ဆိုသည်။

နမ့်ခမ်းမြို့နယ်နှင့် မန့်ဟီးရိုးမြို့နယ်ခွဲနယ်စပ် RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ ဒေသဘက်သို့ အစိုးရတပ်မတော်သည် ဇူလိုင် ၃၀ ရက် က စတင်ကာ စစ်အင်အား ဖြည့်တင်းခဲ့သည်။

စစ်အင်အား ဖြည့်တင်းမှုကြောင့် ထိုဒေသတွင် နေထိုင်သည်ပြည်သူလူထုက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

ယနေ့ RCSS/SSA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲနှင့် ပတ်သက်ပြီး “ ထိတွေ့မှု ကတော့ ခဏပါပဲ။ ဒါပေမယ့် အဲ့နေရာက ကျေးရွာနဲ့နီးတော့ ဒေသခံတွေက စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးနေတယ်။ သတင်းက တော့ သေချာ မသိရသေးဘူး” ဟု စိုင်းလျန်းကဆိုသည်။

RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်သည့် မန့်ဟီးရိုးမြို့နယ်ခွဲဘက်ကို အစိုးရတပ်မတော် တပ်သား ၄၀၀ ကျော် အင်အားဖြည့်လာကြောင်း RCSS/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နေ့လည်ကတိုက်ပွဲက တဖက်သတ်အသံပါပဲ။ ညနေကတော့အခြေအနေ မသိရသေးဘူး။ မြေပြင် သတင်းမတက်လာသေးဘူး။တပ်မတော် လှုပ်ရှားမှုက ထပ်တိုးလာတယ်။ စစ်အင်အားတွေလည်း ထပ်ဖြည့်နေတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

နမ့်ခမ်းမြို့နယ် ရွှေလီမြစ်မြောက်ဘက်ခြမ်း မန့်ဟီးရိုး မြို့နယ်ခွဲရှိ မန့်ဟောင်းတုံဘက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ ၂ ဖွဲ့လုံး အခြေချလှုပ်ရှားနေကြောင်းလည်းသိရသည်။

ယခုလာမည့် သြဂုတ်လ အတွင်း စတုတ္ထ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည်ဟု သြဂုတ် ၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အစည်းအဝေးအပြီး ကြေငြာခဲ့သည်။

သို့သော် လက်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း အစိုးရတပ်မတော်မှ စစ်အင်အားအများအပြားဖြည့်တင်းကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားနေပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ သြဂုတ်လမှာ ၂၁ ပင်လုံ လုပ်မယ်လို့ကြားရပါတယ်။ အစိုးရ တပ်မတော်က စစ်အင်အားတိုးတဲ့ကိစ္စ က ရေရှည်ဆိုရင်တော့ မကောင်းဘူး။ စစ်ရေး ထိတွေ့မှုတော့မရှိပေမယ့် စစ်အင်အား ဖြည့်တဲ့အပေါ်တော့ စိုးရိမ်မှု ရှိပါတယ်” ဟု ဆိုသည်။

ယနေ့ ညနေပိုင်းဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး အစိုးရတပ်မတော်နှင့် RCSS/SSA ကို သျှမ်းသံတော်ဆင့်က ကြိုးစားပြီး ထပ်မံမေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

ဇွန် ၂၅ ရက်ကစပြီး ဇူလိုင် လလယ်အထိ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြိုနယ် အတွင်း RCSS/SSA နှင့် အစိုးရ တပ်မတော်တို့တိုက်ပွဲအကြိမ် ၂၀ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

RCSS/SSA ၏ ရွှေလီမြစ်ဝှမ်းလွင်ပြင်အခြေစိုက် အမှတ် ၇၀၁ စစ်ဒေသအား လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က အစိုးရတပ်မတော်က အင်အားသုံး တိုက်ခိုက်ခဲ့သဖြင့် ဒေသခံအများအပြား စစ်ဘေးရှောင်ခဲ့ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...