Tuesday, January 27, 2026

ကျောက်မဲ ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံရသည့် ၃ဦး၊ အမှုရင်မဆိုင်ရသေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တရားမျှတမှိုရရှိရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြသူများ၏ ဦးဆောင်သူ ၃ ဦး ကို ရဲစခန်း မှ အမှုဖွင့်ထားသော်လည်း ယနေ့ချိန်ထိ အမှုရင်မဆိုင်ရသေးကြောင်း စုံစမ်းသိရသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ဦးဆောင်သူ ၃ ဦး ကို ဇူလိုင် ၁၀ ရက်နေ့မှစပြီး ကျောက်မဲ ရဲစခန်းမှ အမှုဖွင့်ထားသော်လည်း ယနေ့ချိန်ထိ အမှုရင်မဆိုင် ရသေးကြောင်း ကျောက်မဲ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်အမတ် စိုင်းထွန်းဝင်း ကပြောသည်။

“ဆန္ဒပြတဲ့နေ့ကတည်းက ၁၅ ရက်အတွင်း လာရောက်ပြီးတော့ ဒီအမှုနဲ့ ရင်ဆိုင်ရမှာ။ အခုတော့ တရားစွဲခံရတဲ့သူတွေက အမှုတွေ မရင်ဆိုင်ရသေးဘူး” ဟု စိုင်းထွန်းဝင်း ကပြောသည်။

သတ်မှတ်ထားသည့် ၁၅ ရက်အတွင်း အမှုရင်မဆိုင် ရပါက လုပ်ထုံးလုပ်နည်းအတိုင်း ရဲစခန်းမှ ဖမ်းဝရမ်းထုတ်ရမည်ဖြစ်ကြောင်း စိုင်းထွန်းဝင်း ကပြောသည်။

“ဇူလိုင် ၁၀ ရက်နေ့ကနေ စတယ် အခုက ၂၃ ရက်နေ့ဆိုတော့ သူက ၁၃ ရက်ရှိသွားပြီ။ ၁၅ ရက်ပြည့်ပြီး အမှု မလာယှဉ်ပြိုင်ဘူးဆိုရင် ရဲစခန်းကနေ ဝရမ်းပြေး ထုတ်မယ်။ ဒါပေမယ့် မနက်ဖြန် ၁ ရက် စောင့်ကြည့်ဉီးမယ်။” ဟု စိုင်းထွန်းဝင်း ကပြောသည်။

ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအုပ်စုဝင် ပန်ကျင်ရွာသား အား ဇွန်လ ၂၉ ရက်နေ့က တပ်မတော် စစ်ကြောင်း ပစ်ခတ်မှုကြောင့် ရွာသား တစ်ဦး သေဆုံးခဲ့ရပြီး နှစ်ဦး ဒဏ်ရာရရှိမှုအပေါ် တရားမျှတမှု ရှိစေရန် ဇူလိုင်လ ၁၀ ရက်နေ့က ကျောက်မဲဒေသခံ သျှမ်းလူထု တသောင်းကျော် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ၃ဦး ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နှင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ တို့ဖြင့် သက်ဆိုင်ရာ ဌာနများမှ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးမှ ဇူလိုင် ၁၀ ရက်ညနေပိုင်းတွင် ထုတ်ပြန်ထားခဲ့သည်။

ထို ကျေးရွာသားတဦး သေနတ်ပစ်ခတ်ခံရမှု နှင့် နှစ်ဦး ဒဏ်ရာရရှိမှုတို့ အပေါ် တရားမျှတမှု ရရှိစေရန် သျှမ်းလူထုများ ဆန္ဒထုတ်ဖော်ပြီးသည့်နောက် နေပြည်တော် မှ ညွှန်ကြားချက်အရ ဇူလိုင် ၁၅ ရက်က ကျောက်မဲမြို့နယ်အတွင်း ဟိုင်းကွီကျေးရွာအုပ်စု ပန်ကျန်ရွာတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မှူး အဆင့်ရှိ အရာရှိများ နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ နှင့် အတူ ရွာအတွင်း ဝင်ရောက်ပြီး ဖြစ်စဉ်များ သွားရောက် စုံစမ်းကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က “သူတို့ ရွာတွေကို သွားတဲ့ချိန်မှာ သူတို့ အားနည်းချက်တွေ အများကြီးရှိတယ်။ စစ်ကြောင်းတွေက လုံခြုံရေး ယူတဲ့ချိန်မှာ သေနတ်ပေါက်သွားတဲ့ ကိစ္စတို့ ရှိတဲ့အတွက်ကြောင့်မလို့ ပြည်သူတွေကလည်း ကြောက်လန့်ပြီး တိမ်းရှောင်နေတာတွေရှိတယ်။ သူတို့ရဲ့ အောက်ခြေ စုံစမ်းစစ်ဆေးရေး ဖြစ်စဉ်တွေက အဆင်မပြေမှုတွေ ရှိခဲ့တယ်” ဟု ကျောက်မဲ လွှတ်တော်အမတ် စိုင်းထွန်းဝင်း ကပြောသည်။

ထိုစုံစမ်းစစ်ဆေးမှုသည် တပ်ဘက်မှ ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း လက်နက်ကိုင်ပြီး ကျေးရွာအတွင်းဝင်ပါက ဒေသခံများ ထိတ်လန့်မှု ဖြစ်နိုင်ပြီး၊ တောထဲတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ထိတွေ့မှုဖြစ်နိုင်သည့် ဒေသခံများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...