သျှမ်းပြည်တောင်ပိုင်း စောင့်ကြည့်လူနာ (၁၄၀)ကျော်တွင် ကိုဗစ်-၁၉ ရှိ၊မရှိ စစ်ဆေးရန် ရန်ကုန်အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန သို့ ပို့ဆောင်စစ်ဆေးထားကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် (၂၂ ) ရက်တွင် သျှမ်းပြည်တောင်ပိုင်းရှိ Quarantine Center မှ စောင့်ကြည့်လူနာ စုစုပေါင်း (၁၄၄ ) ဦး ရှိပြီး ဓါတ်ခွဲ နမူနာ ပို့ဆောင် စစ်ဆေးထားကြောင်း ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံမှ သိရသည်။
“သျှမ်းတောင်မှာရှိတဲ့ မြို့နယ် ၁၂ ခုရဲ့ ဓါတ်ခွဲနမူနာ ၁၄၄ ဦး ကို ပို့ဆောင်စစ်ဆေးထားပါတယ်” ဟု ဒေါက်တာဇဝနကို က ပြောသည်။
ထိုမြို့နယ် ၁၂ ခုတွင် ကျေးသီး(၁၅)၊ ညောင်ရွှေ (၂၅) ၊ တောင်ကြီး(၂) ကလော(၂) ဆီဆိုင်(၄) ၊ ပင်လောင်း(၄) ဦး၊ မိုင်းကိုင်(၁) ဦး၊ မိုင်းပန်(၅) ဦး၊ မိုင်းရှုး(၂) ဦး၊ ရပ်စောက် ( ၈) ဦး၊ လင်းခေး (၁၀) ဦး၊ လွိုင်လင် (၆၄) ဦး နှင့် ဒုတိယအကြိမ် ဓါတ်ခွဲနမူနာ ပို့ဆောင်စစ်ဆေးထားသူ (၂) ဦး ဖြစ်ကြောင်း သိရသည်။
“ယခုလ ၁၇ ရက် က ပို့ဆောင် စစ်ဆေးထားတဲ့ ၂၂၃ ဦး မှာ ၂၂၀ ဦးမှာ ပိုးမတွေ့ပါ။ ၃ ဦး အဖြေစောင့်ဆိုင်းဆဲပါ” ဒေါက်တာ ဇဝနကို က ထံ သိရသည်။
သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၀) ဦးရှိပြီး လူနာ (၁၀) ဦး စလုံး ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သျှမ်းပြည်နယ် အစိုးရထံ မှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ (၃၄၃) ဦး၊ ပြန်လည် သက်သာလာသူ( ၂၈၀)ဦး ၊ သေဆုံးသူ (၆) ဦး နှင့် ယခု လက်ရှိလူနာ (၅၇ ) ဦး ကျန်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းသိရသည်။












Leave a Comments