ကျောက်မဲမြို့နယ်တွင်RCSS နဲ့အစိုးရတပ် တလ အတွင်း တိုက်ပွဲ ၂၀ ခန့်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် RCSS/SSA နှင့် အစိုးရတပ်မတော် ကြား တစ်လအတွင်း တိုက်ပွဲ အကြိမ် (၂၀) ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး ဇူလိုင် လအထိ ၂ ဦး ၂ ဘက်ကြား တိုက်ပွဲအကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

“အကြိမ် ၂၀ ထက်မနည်း အစိုးရတပ်မတော် နဲ့ ထိခိုက်မှု ဖြစ်ပွားခဲ့တယ်။ RCSS/SSA တပ်ဖွဲ့ ရှိတဲ့ နေရာတွေ အစိုးရတပ်မတော်ဘက်က လှုပ်ရှားလာရင်း ထိတွေ့မှု ဖြစ်ပွားခဲ့တာပါ။ NCA စာချုပ်ကို ချိုးဖောက်ရာ ရောက်တာပေါ့နော်။” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားရာ နေရာသည် ကုန်းညောင်ကျေးရွာ၊ နမ့်မော်ဘီလူးကျေးရွာ၊ နမ့်ဟန်ခိန်ရွာ၊ရေဆန် ကျေးရွာ၊ ဟိုဖိုင်၊ဟိုင်းကွီ၊ နမ့်ဝါ့ နှင့် ပန်ကျင် ကျေးရွာတို့ ရွာသားများ စစ်ဘေးရှောင် နေရကြောင်း သိရသည်။

“ကျနော်တို့ဘက် ထိခိုက် ဒဏ်ရာ ရတဲ့သူတော့ မရှိဘူး။ သူတို့ဘက်က သေသေချာချာ သိရတာတော့ ကျဆုံးတာ ၃ ယောက်လောက်ရှိတယ်လို့ သိရတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကပြောသည်။

ဇွန် ၂၅ ရက်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ဇူလိုင် (၂၁) ရက် မှ တိုက်ပွဲ ငြိမ်သက်သွားကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

ကျောက်မဲအတွင်း ဖြစ်ပွားသည့်တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ (၁၀၀၀) ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိမှာ တိုက်ပွဲငြိမ်နေသဖြင့် နေရပ်သို့ပြန်လည်သွားပြီဖြစ်ကြောင်း ကျောက်မဲ မဲဆန္ဒနယ်အမှတ်(၁) စိုင်းထွန်းဝင်း ကပြောသည်။

“ကျောက်မဲ အခြေနေတော့ တည်ငြိမ်နေတယ်။ တစ်လ နီးပါး ဖြစ်တဲ့ တိုက်ပွဲက ၂ ကြိမ်လောက် ကြီးကြီးကျယ်ကျယ် ဖြစ်သွားတုန်းကတော့ စစ်ဘေးရှောင် တစ်ထောင်ကျော် လောက်တော့ ရှိသွားတယ်” ဟု စိုင်းထွန်းဝင်း က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ပြည်သူ မထိခိုက်ရန် အတွက် အတတ်နိုင်ဆုံးရှောင်ရှားပေးရန်၊ ကျေးရွာရှိ နေအိမ်များ၊ ပြည်သူများကို အန္တရာယ်မပေးရန် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့ ကို မေတ္တာရပ်ခံချင်ကြောင်း စိုင်းထွန်းဝင်း က ပြောဆိုလိုက်သည်။

“ တိုက်ပွဲဆိုတာ တစ်ဖက်တည်း တိုက်လို့မရဘူး။ နှစ်ဖက် ဖြစ်တယ်ဆိုတာက လက်နက်ရှိတဲ့သူ အချင်းချင်း တိုက်တာလေ။ လက်နက်ကိုင် ၂ ဖက်စလုံးကို မေတ္တာရပ်ခံချင်တာ ပြည်သူတွေ မထိခိုက်ဖို့ ၊ ကျေးရွာတွေ အိမ်ခြေတွေ ပြည်သူတွေ အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့ အန္တရာယ်မပေးဖို့ ပြောချင်ပါတယ်” ဟု စိုင်းထွန်းဝင်း ကတောင်းဆိုလိုက်သည်။

ဇွန် ၂၅ရက်မှ ဇူလိုင်လ ဆန်းပိုင်းထိ အစိုးရတပ်မတော်နှင့် RCSS/SSA တို့သည် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး၊ အစိုးရစစ်တပ်မှ ရွာအတွင်းဝင်ရောက်ကာ ဒေသခံရွာသားကို သေနတ်ပစ်သတ်မှု ၊ ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

အစိုးရတပ်မတော်မှ ကျူးလွန်ခဲ့သည့် ကိစ္စများကို ကျောက်မဲမြို့နယ် သျှမ်းလူထုများက တရားမျှတမှု ရရှိရန်အတွက် ဇူလိုင် ၁၀ ရက်နေ့က ဒေသခံ တသောင်းကျော် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

RCSS/SSA သည် NCA လက်မှတ်ရေးထိုးထားသော အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်ပြီး အစိုးရ ၊ စစ်တပ် တို့နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ၊ ပြည်ထောင်စုတည်ဆောာက်ရေးတို့တွင် အစဉ်တစိုက်ပါဝင်လာခဲ့သည့်အဖွဲ့လည်းဖြစ်သည်။

အစိုးရတပ်မတော်သည် သြဂုတ်လကုန်အထိ တဖက်သတ်အပစ်ရပ်ထားကြောင်းလည်း တရားဝင်ထုတ်ပြန်ကြေငြာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...