တောင်ကြီး ထင်းရှူးတောထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံကြီး အမှိုက်ကျင်း သွားသည့် လမ်း ထင်းရှုးတောထဲမှာ စည်းကမ်းမဲ့စွာ အမှိုက်များလာရောက် စွန့်ပစ်ထားကြောင်း စုံစမ်းသိရှိရသည်။

Photo by Living Earth Green Network – tgi

အမှိုက်ကျင်းသွားရာ လမ်းတွင် အမှိုက်ကျင်းထဲ စနစ်တကျ မစွန့်ပစ်ပဲ ထင်ရှုးတောမှာ စည်းကမ်းမဲ့စွာ ပစ်နေကြကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က ပြောသည်။

“အမှိုက်တွေကို စည်းကမ်းနဲ့ စွန့်ပစ်စေချင်တယ်။ အမှိုက်ကျင်းဆိုတာ အမှိုက်ပစ်ဖု့ိပဲ ထားတယ်လေ။ လမ်းမှာတော့ မပစ်ခဲ့နဲ့” ဟု ဒေါ်ချယ်ရီကျော် က ပြောသည်။

စည်းကမ်းမရှိ အမှိုက်စွန့်ပစ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်နိုင်ပြီး ယခု ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နေချိန်မှာ အမှိုက်များကို စနစ်တကျ စွန့်ပစ်သင့်ကြောင်း ထပ်လောင်းပြောကြားသည်။

“လုပ်ငန်းက စွန့်ပစ်တဲ့အမှိုက်တွေ လာပစ်ကြတာများတယ်။ ကားတွေနဲ့။ ထင်းရှုးပင်တွေ ကြားထဲ ဝင်ပြီးတော့။ အဲ့တော့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နစ်နာမှု ရှိသလိုမျိုး အခုလိုမျိုး ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ချိန်မှာ ပိုပြီးတော့ ဆင်ခြင်ရမယ်” ဟု ဒေါ်ချယ်ရီကျော် က ပြောသည်။

အမှိုက်များကို စနစ်တကျ မစွန့်ပစ်လျှင် သက်ဆိုင်ရာ ဌာန သူများက ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ဒေါ်ချယ်ရီကျော် ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချခွင့်မပေး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချ ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ယာဉ်များကို စက်သုံးဆီရောင်းချပေးမည် မဟုတ်ဘဲ စက်သုံးဆီဆိုင်တွင် လိုင်စင်မဲ့ယာဉ်များ တန်းစီဝယ်ယူခြင်းတွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ စစ်ကော်မရှင်က အသိပေးထုတ်ပြန်ပြီးနောက် ယနေ့ (မတ်လ ၁၂ရက်)တွင် စက်သုံးဆီဆိုင်များက...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း...

တောင်ကြီး စက်သုံးဆီရရှိရေး တန်းစီခ နေ့စား သုံးသောင်းကျပ်အထိ ပေါက်ဈေးရှိ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြပြီး ကိုယ်စားဝယ်ယူ တန်းစီပေးလျှင် တန်းစီခအဖြစ် ငွေကျပ် သုံးသောင်းအထိ ပေါက်ဈေးရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၁)ရက်‌နေ့မှ စပြီး ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် တောင်ကြီးမြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီများ အလုအယက် ဝယ်ယူနေကြပြီး အချိန်မပေးနိုင်သူများက အငှားတန်းစီခ...

တောင်ကြီး ရွှေဘုန်းပွင့် သွားလမ်း အမျိုးသမီးများကို ပါ ပေါ်တာဆွဲဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့် သွားလမ်း လူပြတ်သည့်နေရာတွင် စစ်ကော်မရှင်က စောင့်ဆိုင်းပြီး အမျိုးသမီးများကိုပါ ပေါ်တာဆွဲဖမ်းဆီးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တောင်ကြီးမြို့နယ် ရွှေဘုန်းပွင့် ဘုရားသွားလမ်းတွင် စစ်ကော်မရှင် တပ်သားများသည် လူပြတ်သည့်နေရာတွင် စောင့်ဆိုင်းပြီး အမျိုးသမီးအပါအဝင် လူငယ် ၅ဉီးကို ဖမ်းဆီးခဲ့ကြောင်း...