Saturday, April 20, 2024

တောင်ကြီး ထင်းရှူးတောထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံကြီး အမှိုက်ကျင်း သွားသည့် လမ်း ထင်းရှုးတောထဲမှာ စည်းကမ်းမဲ့စွာ အမှိုက်များလာရောက် စွန့်ပစ်ထားကြောင်း စုံစမ်းသိရှိရသည်။

Photo by Living Earth Green Network – tgi

အမှိုက်ကျင်းသွားရာ လမ်းတွင် အမှိုက်ကျင်းထဲ စနစ်တကျ မစွန့်ပစ်ပဲ ထင်ရှုးတောမှာ စည်းကမ်းမဲ့စွာ ပစ်နေကြကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က ပြောသည်။

“အမှိုက်တွေကို စည်းကမ်းနဲ့ စွန့်ပစ်စေချင်တယ်။ အမှိုက်ကျင်းဆိုတာ အမှိုက်ပစ်ဖု့ိပဲ ထားတယ်လေ။ လမ်းမှာတော့ မပစ်ခဲ့နဲ့” ဟု ဒေါ်ချယ်ရီကျော် က ပြောသည်။

စည်းကမ်းမရှိ အမှိုက်စွန့်ပစ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်နိုင်ပြီး ယခု ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နေချိန်မှာ အမှိုက်များကို စနစ်တကျ စွန့်ပစ်သင့်ကြောင်း ထပ်လောင်းပြောကြားသည်။

“လုပ်ငန်းက စွန့်ပစ်တဲ့အမှိုက်တွေ လာပစ်ကြတာများတယ်။ ကားတွေနဲ့။ ထင်းရှုးပင်တွေ ကြားထဲ ဝင်ပြီးတော့။ အဲ့တော့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နစ်နာမှု ရှိသလိုမျိုး အခုလိုမျိုး ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ချိန်မှာ ပိုပြီးတော့ ဆင်ခြင်ရမယ်” ဟု ဒေါ်ချယ်ရီကျော် က ပြောသည်။

အမှိုက်များကို စနစ်တကျ မစွန့်ပစ်လျှင် သက်ဆိုင်ရာ ဌာန သူများက ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ဒေါ်ချယ်ရီကျော် ကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article