Tuesday, January 27, 2026

မြန်မာ-ထိုင်းနယ်စပ် တရားမဝင် ခိုးဝင်၊ထွက်မှု တနေ့ထက်တနေ့ များပြား

ကိုဗစ်-၁၉ ကာလ မြန်မာ-ထိုင်း နယ်စပ် ဂိတ်များပိတ်ထားဆဲဖြစ်သော်လည်း တရားမဝင် ခိုးဝင်၊ ခိုးထွက်မှုများ တနေ့ ထက် တနေ့ များလာကြောင်း စုံစမ်းသိရသည်။

ကိုဗစ် -၁၉ ကူးစက်ရောဂါကြောင့် မတ် ၂၃ ရက် ကစပြီး ယနေ့အထိ မြန်မာ-ထိုင်း ချစ်ရေး တံတားအမှတ် ၁ နှင့် တခြား နယ်စပ်ဂိတ်များ ပိတ်ထားသည်မှာ ၄ လနီးပါး ကြာခဲ့ပြီဖြစ်သည်။

နယ်စပ်ဂိတ်များပိတ်ထားသဖြင့် အရေးပေါ် ၀င်ထွက်သွားလာလိုသည့် ရွှေ့ပြောင်းအလုပ်သမားများကို ပွဲစားများက အခကြေးငွေယူဆောင်ကာ မယ်ဆိုင်ချောင်းမှ တဆင့် ခိုးဝင် ခိုးထွက် ပြုခိုင်းကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က ပြေသည်။

“ပွဲစားတွေကတော့ ပိုက်ဆံ ရတော့ လိမ်ခေါ်သွားတာ ရှိတာပေါ့။ အဲ့ဒါတွေ မယုံပါနဲ့ မေးလိုက်ရင် ပွဲစားတွေ လိမ်ခေါ်သွားတာများတယ်။ ပြီးလို့ရှိရင် ချောင်းနားရောက်ရင် ထားခဲ့တာ။ ဟိုဘက်က တာဝန်ရှိသူတွေက ဖမ်းမိရော” ဟု ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုနည်းအတူ မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ တရားမဝင် ချောင်းကူးလာခြင်းကြောင့် တတိယအကြိမ်မြောက် အမျိုးသား တစ်ဦး ကို ဖမ်းဆီးရမိပြီး ဇူလိုင်လ ၂၀ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

“ကျန်းမာရေး ကူးစက် ဥပဒေ နဲ့ အမှုဖွင့်ထားတယ်။ လဝက နဲ့လည်း တရားစွဲထားတယ်။ အခု တော့ တာချီလိတ် ရဲစခန်းမှာပါ ” ဟု ဦးချမ်းမြေ့စော က ပြောသည်။

ထို့အတွက် တဖက်မှတဖက်သို့ ကူးနိုင်ရေးအတွက် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် အယုံမလွယ်ကြရန် ဉီးချမ်းမြေ့စောက သတိပေးပြောဆိုလိုက်သည်။

“ပွဲစားတွေ လာပြီး ဆက်သွယ်လာလို့ရှိရင် မယုံပါနဲ့လို့ ပွဲစားတွေ ဆက်သွယ်လာလို့ရှိရင် ကျနော်တို့ကို သတင်းပေးပါ” ဟု ၄င်းကဆိုပါသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကာလ ၄ လအတွင်း၀င်လာပြီဖြစ်သဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ ၀မ်းရေးပြသနာ ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံ (သို့မဟုတ်) မြန်မာနိုင်ငံသို့ အလုပ်ပြန်လုပ်ရန် မယ်ဆိုင်ချောင်းမှ တဆင့် ခိုးဝင်၊ ခိုးထွက်မှုများလုပ်လာရသည့် သဘောဖြစ်ကြောင်း တာချီလိတ်ဒေသခံ စိုင်းတစ်က ပြောသည်။

“ လရှည်ကြာတော့ ဒီဘက်မှာနေတဲ့သူတွေကလည်း အလုပ်လက်မဲ့တွေ ဖြစ်၊ ဝင်ငွေမရှိတော့ တဖက်နိုင်ငံကို မရရတဲ့နည်းတဲ့ ခိုးသွားကြမှာပဲ။ ပွဲစားတွေကလည်း ညာခေါ်မှာပဲ။ ဒါကို မယုံကြည်စေချင်ဘူး” ဟု စိုင်းတစ်က ပြောသည်။

နှစ်နိုင်ငံ နယ်စပ်တလျှောက် တရားမဝင် ဖြတ်ကူးမှုများပြားလာသည့်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင် ဘက်ခြမ်း မှ လုံခြုံရေးတာ၀န်ရှိသူများက နယ်စပ်တလျှောက် ကင်းလှည့်ခြင်း၊ သံဆူးကြိုး ဖြင့် ကာရံခြင်း၊ ဒရုန်းများဖြင့် ပျံသန်းကင်းလှည့်ခြင်းများ လုပ်ဆောင်လျှက်ရှိပြီး တာချီလိတ်ဘက်တွင်လည်း တရားမဝင် ဖြတ်သန်းလာသူများကို ၇ နေရာ စောင့်ကြပ်စစ်ဆေးခြင်းလုပ်ဆောင်နေကြောင်း သိရသည်။

တာချီလတ် နှင့် မယ်ဆိုင် နယ်စပ် တရားမဝင် ဖြတ်သန်းခိုး၀င်မှုများကြောင့် ဧပြီ ၁၈ မှ ဇူလိုင် လဆန်းပိုင်းအထိ မယ်ဆိုင်ဘက်တွင် မြန်မာ နိုင်ငံသား ၁၁၃ ဦးဖမ်းဆီး အရေးယူခံထားရပြီး တာချီလိတ်ဘက်တွင်လည်း ခိုး၀င်လာသူ မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးရမိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းထဲ အမျိုးသားအလောင်းတွေ့

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်နေစဉ် ချောင်းထဲတွင် အမျိုးသားတစ်ဦး၏ သေဆုံးနေလျက် အလောင်းမျောပါလာခဲ့ကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေလျက် အလောင်းမျောပါလာခဲ့သဖြင့် ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ဆယ်ယူခဲပြီး ထိုအလောင်းကို ပြည်သူ့ဆေးရုံကြီးသို့...

ထိုင်းစစ်တပ်နှင့် UWSA အကြား နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီက ဆွေးနွေးမည်ဟု စစ်ကောင်စီပြော

0
မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော...

မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA (၁၇၁)စစ်ဒေသ တပ်စခန်း (၉) နေရာကို ဆုတ်ခွာရန် ထိုင်းစစ်တပ် တောင်းဆို

0
မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း(၁၇၁) စစ်ဒေသမှ...

မြန်မာ-ထိုင်းနယ်စပ် ပုံပါကျင်မြို့ရှိ BP-1ဂိတ် ဖွင့်ပေးရန် ဒေသခံများကပြော

0
မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့ရှိ BP-1 နယ်စပ်ဂိတ်ကို နှစ်ဘက်အစိုးရ အနေဖြင့် ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။ BP-1 နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်ပြီး ပုံပါကျင်မြို့မှ ကားဖြင့်သွားပါလျှင် မိနစ် (၃၀)ခန့်သာ ကြာသည်။ လက်ရှိ ပုံပါကျင်မြို့မှ ဒေသခံများသည် ကျန်းမာရေးအတွက် ဆေးကုသမည်ဆိုပါက တာချီလိတ်မြို့မှသို့သာ အားကိုးသွားလာနေရကြောင်း၊ ပုံပါကျင်မြို့မှ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...