ကျောက်မဲမြို့နယ် ရွာသား သေနတ်ပစ်ခံရမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုကို တပ်မှ သွားရောက်စုံစမ်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း ရွာသားသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု နှင့် ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်မှ သွားရောက် စုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက် ယနေ့မနက်ပိုင်းက ကျောက်မဲမြို့နယ်အတွင်း ဟိုင်းကွီကျေးရွာအုပ်စု ပန်ကျန်ရွာမှာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မမှူး အဆင့်ရှိ အရာရှိများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ နှင့် အတူ ရွာအတွင်ဝင်လာပြီး ဖြစ်စဉ်များ လာရောက် စုံစမ်းကြောင်း သိရသည်။

“မနေ့က စစ်ကြောင်း ဝင်သွားရတဲ့ အကြောင်းရင်းက သူတို့ လူကြီးကွင်းဆင်းပြီး ဖြစ်စဉ်တွေကို သွားစစ်ဆေးမလို့ အဲ့ကြောင့်မလို့ လုံခြုံရေး ယူရခြင်းဖြစ်တယ်လို့ သူတို့က အဲ့လိုပြောတယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ကျောက်မဲမြို့နယ် ဟိုင်းကွီ ကျေးရွာအုပ်စု မှ အမျိုးသား တစ်ဦး ကပြောသည်။

ထို စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးရာမှာ လွှတ်တော်အမတ် မလိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ ခေါ်တယ်။ ဒါပေမယ့် မနေ့က သူတို့ကို တောင်းဆိုတာ တစ်ခုရှိတယ်။ မီဒီယာပါ ခေါ်မယ်ပေ့ါနော်။ ကျနော် တို့လည်း လိုက်ထိုင် နားထောင်မယ် ခင်ဗျား တို့ ပြောတဲ့ဟာကို ဆိုတော့ သူတို့က အဲ့လိုတော့ မရဘူးလို့ ပြောတယ်” ဟု ကျောက်မဲ မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တပ်မမှူး အဆင့်ရှိ အရာရှိများက တပ်လုံခြုံရေးနှင့်အတူ ရွာထဲ ကွင်းဆင်း စစ်ဆေးရာ ၊ လက်နက် များပါသဖြင့် မလိုက်သွားကြောင်း စိုင်းထွန်းဝင်း ကပြောသည်။

“လုံခြုံရေး ထားချင်ရင်လည်း သေနတ်မပါနဲ့ပေါ့။ သေနတ်တွေ ကိုင်ပြီး ဝင်သွားတာ။ အဲ့လိုဆိုရင်တော့ မလိုက်ဝင်ချင်ဘူး။ သူတို့ သွားမယ့် လမ်းကြောကို လမ်းရှင်းပြီးတော့ ဝင်သွားတာပေါ့။ အဲ့ဒါကတော့ သူတို့ လုံခြုံရေး တပ်တွေပေါ့နော်။” လွှတ်တော်အမတ် စိုင်းထွန်းဝင်း ကပြောသည်။

အစိုးရ တပ်မတော် မှ ကျောက်မဲမြို့နယ် အတွင်း အရပ်သားတဦးအား သေနတ်ပစ်ခတ်မှုနှင့် အရပ်သားတဦးအားရိုက်နှက်မှုတို့ကို သွားရောက် စစ်ဆေးရာတွင် လက်နက်များပါဝင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မလိုက်ပါခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှု မရှိနိုင်ကြောင်း ကျောက်မဲဒေသခံများက ပြောဆိုလိုက်သည်။

“ တပ်က ကွင်းဆင်းစစ်ဆေးတာ လက်နက်တွေပါတယ်။ နောက်လုံခြုံရေး အရဆိုပြီး တပ်တွေကို အင်အားဖြည့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မပါသွားဘူး။မီဒီယာတွေ မပါဘူးဆိုရင်တော့ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ကျောက်မဲတွင်နေထိုင်သည့် စိုင်းကျော် က ပြောသည်။

ထို စုံစမ်းစစ်ဆေးမှုသည် တပ်ဘက်မှ ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း၊ လက်နက်ကိုင်ပြီး ကျေးရွာအတွင်းဝင်ပါက ဒေသခံများ ထိတ်လန့်မှု ဖြစ်နိုင်ပြီး၊ တောထဲတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ထိတွေ့မှု ဖြစ်နိုင်သည် ဟုလည်း စိုင်းကျော် က ဆိုသည်။

ဇူလိုင် (၁၄) ရက် မနက် ၁၀ နာရီခွဲခန့်က လွိုင်စောင့်ကျေးရွာအုပ်စု နမ့်မော်ဘီလူးကျေးရွာ နှင့် ကုန်းညောင်ရွာကြား ပစ်ခတ်သံများ ထွက်ပေါ်ရာ ရွာသား (၄၀) ကျော် ကုန်းညောင်ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင်း ကိုဗစ် ကူးစက်မှု နေ့စဉ်တိုးများလာနေသည်ဖြစ်ရာ စစ်ဘေးရှောင်ပြီး ဘုန်းကြီးကျောင်းတွင် စုဝေးနေထိုင်ရမည့် အပေါ် ဒေသခံများ စိုးရိမ်နေကြောင်း၊ တဖက်တွင်လည်း မိုးဦးရာသီ လယ်ယာဆင်းရမည့်အချိန်ဖြစ်သဖြင့် လက်နက်ကိုင်များ တိုက်ပွဲမဖြစ်ပွားအောင် ရှောင်ရှားပေးစေလိုကြောင်း ကျောက်မဲဒေသခံများက တောင်းဆိုလိုက်သည်။


ကျောက်မဲမြို့နယ်တွင် လွန်ခဲ့သည့် ဇွန် ၂၅ ရက်မှ ဇွန် ၂၉ ရက်ထိ အစိုးရ တပ်မတော် နှင့် RCSS/SSA တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး ဒေသခံများ တကြိမ်စစ်ဘေးရှောင်ခဲ့ရပြီးဖြစ်သည်။
ထိုစဉ်က အစိုးရစစ်တပ်က ရွာအတွင်းဝင်ရောက်ကာ ဒေသခံရွာသားအား ဖမ်းဆီးရိုက်နှက် ပစ်ခတ်သဖြင့်သေကြေဒဏ်ရာ ရမှုများရှိခဲ့သည်ဟုဆိုကာ တရားမျှတမှု ရရှိစေရေးအတွက် ဇူလိုင် ၁၀ ရက်နေ့က ဒေသခံ တသောင်းခန့်က ကျောက်မဲမြို့အတွင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...