Friday, October 11, 2024

သျှမ်းတောင် စောင့်ကြည့်လူနာ (၂၇၀)ကျော် COVID ရှိ၊ မရှိ စစ်ဆေးနေ

Must read

သျှမ်းပြည်တောင်ပိုင်းတွင်မှ စောင့်ကြည့်လူနာ( ၂၇၀) ကျော် COVID-19 ရှိ၊ မရှိ စစ်ဆေးနေကြောင်း စုံစမ်းသိရဥည်။

အဆိုပါ စောင့်ကြည့်လူနာ (၂၇၀ )ကျော် ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန သို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

Photo by Win Naing Soe/ Facebook

ထိုသူများသည့် ယမန်နေ့ ဇူလိုင် (၁၄) ရက်တွင် မြဝတီမှ တဆင့် သျှမ်းပြည်သို့ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်းရှိ Quarantine Center မှ စောင့်ကြည့်လူနာ စုစုပေါင်း ( ၂၇၆) ဦး ရှိကြောင်း ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံမှ သိရသည်။

“သျှမ်းတောင်မှာရှိတဲ့ မြို့နယ် ၈ ခုရဲ့ ဓါတ်ခွဲနမူနာ ၂၇၆ ဦး ကို ပို့ဆောင်စစ်ဆေးထားပါတယ်” ဟု ဒေါက်တာဇဝနကို က ပြောသည်။

ထို မြို့နယ် ၈ ခုမှာ တောင်ကြီး ၊ ပင်းတယ ၊ ဟိုပုံး ၊ ကွန်ဟိန်း ၊ နမ့်စန် ၊ မောက်မယ် ၊ မိုးနဲ နှင့် ဆီဆိုင် တို့ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင် မေ ၂၇ ရက်မှ ဇူလိုင် ၁၄ ရက်ထိ မြဝတီမှ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း (၂၂၅၀) ဦး ရှိကြောင်း သျှမ်းပြည်နယ် အစိုးရထံ စုံစမ်းသိရှိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၀) ဦးရှိပြီး (၉ ) ဦး ဆေးရုံမှ ဆင်းခွင့်ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ (၃၃၆) ဦ၊ ပြန်လည် သက်သာလာသူ( ၂၆၁)ဦး ၊ သေဆုံးသူ (၆) ဦး နှင့် ယခု လက်ရှိလူနာ (၆၉ ) ဦး ကျန်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article