Friday, April 19, 2024

မိုးနဲ Quarantine ဝင်နေသည့် အမျိုးသမီးတဦး သေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် Quarantine ဝင်ရောက်သူ အမျိုးသမီး တဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် (၁၄) ရက် မနက် (၁) နာရီ အချိန်ခန့်မှာ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာ ကျောင်းတွင် Facility Quarantine ဝင်နေသည့် အသက် (၆၂) အရွယ်ရှိ အမျိုးသမီး တဦး နှလုံးရောဂါ နှင့် သေဆုံးသွားခဲ့ကြောင်း Quarantine Center မှာ စေတနာ့ဝန်ထမ်း စိုင်းစွမ်နွံ က ပြောသည်။

“မနေ့က ဆုံးတာနဲ့ မနေ့က တစ်ခါတည်း သဂြိုလ် လိုက်တယ်။ အဲ့အန်တီ က ထိုင်းနိုင်ငံမှာ ဆေးခန်းသွားပြတာ။ သူ့ အမျိုးသား ပြောပြချက်အရကတော့ သူ့ နှလုံး တစ်ဖက်က မကောင်းတော့ဘူး” ဟု စေတနာ့ ဝန်ထမ်း စိုင်းစွမ်နွံ က ပြောသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသမီးသည် Facility Quarantine တွင် ၁၄ ရက် နေထိုင်ရမည် ဖြစ်ပြီး ၁၁ ရက်မြောက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

“ သူ့ရဲ့ဓါတ်ခွဲနမူနာ ကို စစ်ဆေးတဲ့ခါမှာတော့ Negative ဖြစ်တယ်” ဟု စိုင်းစွမ်နွံ ကပြောသည်။

မိုးနဲမြို့နယ်တွင် Facility Quarantine ဝင်ထားသူ (၈) ဦး ကျန်ရှိထားပြီး ကျန် (၈) ဦး စလုံးကို မိုးနဲဆေးရုံသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article