Wednesday, April 24, 2024

ကိုဗစ်ကာကွယ်ရေး ရာသီတုပ်ကွေး ကိုပါကာကွယ်နိုင် သျှမ်းပြည်နယ်ကျန်းမာရေးပြော

Must read

သျှမ်းပြည်တောင်ပိုင်းတွင် ရာသီတုပ်ကွေး လူနာ ယနေ့ထိ မရှိသေးကြောင်း သျှမ်းပြည်နယ် ကျန်းမာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

Photo by SHAN

ဇွန်လ မှစတင်ပြီး ရာသီတုပ်ကွေး ကာလဖြစ်သည့်အတွက် ကြိုတင်ကာကွယ်မှုများ အသိပညာပေး ကဏ္ဍများ ပြုလုပ်ထားကြောင်း သျှမ်းပြည်တောင်ပိုင်း ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာဟန်ထူးအောင် က ပြောသည်။

“သျှမ်းတောင်မှာ ခုထိ ရာသီတုပ်ကွေးမရှိသေးဘူး။ သေဆုံးသူလည်း မရှိသေးဘူး။ ဒီနှစ်က ကိုဗစ် နဲ့ တွဲပြီးတော့ တစ်ခါတည်း ပညာပေးတွေ တောက်လျှောက်လုပ်နေတာတွေရှိတယ်” ဟု ဒေါက်တာဟန်ထူးအောင် က ပြောသည်။

ယခုနှစ်တွင် ကိုဗစ် -၁၉ ရောဂါ ကြောင့် ပြည်သူလူထု အနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ရာ ရာသီတုပ်ကွေး အတွက် လည်း ကာကွယ်ပြီးသား ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကိုဗစ် -၁၉ ဖြစ်တဲ့အတွက်ကြောင့် အားသာချက်က လူတွေက သတိထားရမှာကို ကြိုသိထားတယ်။ ရာသီတုပ်ကွေးကိုလည်း ကာကွယ်ပြီးသား ကာကွယ်ရမယ့် အချက်တွေ အကုန်ပါပြီးသား အဲ့ကြောင့် မလို့ ကိုဗစ်-၁၉ ကို ကာကွယ်တာ နဲ့ အကုန်လုံးကို ကာကွယ်ပြီးသားဖြစ်သွားတယ်” ဟု ဒေါက်တာဟန်ထူးအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယခုနှစ်မှာ ရာသီတုပ်ကွေး လူနာ မရှိသော်လည်း ( ARI ) ရိုးရိုးအသက်ရှုလမ်းကြောင်း ဆိုင်ရာ ဖျားနာသည့် လူနာပဲ ရှိသေးကြောင်း ပြည်နယ် အထူးရောဂါ နိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ရဟန်း (၂) နှင့် အသက် (၁၁) နှစ် အရွယ် ကလေးငယ် တဦး စုစုပေါင်း (၃) ဦး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article