သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တွင် Quarantine ဝင်နေသည့် အမျိုးသား ၂ ဦး စခန်းမှ ထွက်ပြေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသား ၂ဦးသည် ထိုင်းနိုင်ငံ မဲဆောက်မှ သျှမ်းပြည်သို့ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား ဖြစ်ကြောင်း သိရသည်။
၄င်းတို့သည် သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ Quarantine Center တွင် ဓာတ်ခွဲနမူနာ တကြိမ်စစ်ဆေးခဲ့ပြီး၊ Negative အဖြေထွက်သွားသူများဖြစ်ကြောင်း လွိုင်လင်မြို့နယ်တွင် စေတနာ့ဝန်ထမ်း ဖြစ်သည့် စိုင်းစိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ ထွက်ပြေးတဲ့ ၂ယောက်က တောင်ကြီး Quarantine မှာတုန်းက ဓာတ်ခွဲခန်း အဖြေ Negative ဖြစ်လို့ လွိုင်လင်မြို့နယ် ကို လွှဲပေးတယ်။ လွိုင်လင်မှာ ၁၄ရက် Quarantine ဝင်ပြီး ဓာတ်ခွဲနမူနာ ထပ်စစ်ရမှာ” ဟု စိုင်းစိုး က ဆိုသည်။
ဇူလိုင် ၅ ရက်နေ့တွင် တဦး၊ ဇူလိုင် ၆ ရက်တွင် တဦး ကွာရတိန်းစခန်းမှ အသီးသီးထွက်ပြေးကြခြင်းဖြစ်ကြောင်း၊ တဉီးမှာ လွိုင်လင်မြို့နယ် အတွင်းရှိ ကျေးရွာတွင်နေထိုင်ပြီး၊ နောက်တဦးမှာ ပင်လုံမြို့ တွင် နေထိုင်ကြောင်း သိရသည်။
“ သူတို့ ၂ ဦးလုံးက ဓာတ်ခွဲနမူနာ ထပ်ယူစစ်ရအုံးမယ်။ အခုထိတော့ လိုက်ရှာနေရတုန်းပါပဲ။ တကြိမ် တော့ Negative ဖြစ်ပေမယ့် ထပ်စစ်ရအုံးမယ်” ဟု စေတနာ့ ဝန်ထမ်း က ထပ်လောင်းပြောသည်။
ထိုင်းနိုင်ငံ မဲဆောက် မှ တဆင့် သျှမ်းပြည်သို့ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား၂၀၈၇ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။











Leave a Comments