ပင်လုံမြို့ အမျိုးသမီး တစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံး

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့က သူနာပြုတစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးသွားပေမယ့် ယနေ့ချိန်ထိ သတင်းအချက်အလက် မရရှိသေးသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း သိရှိရသည်။

ပျောက်ဆုံးနေသူ နန်းမလေး

ပင်လုံမြို့ ရပ်ကွက် (၂) တွင်းနေထိုင်သော ဆရာမ တစ်ဦးသည် ပြီးခဲ့သည့် ဧပြီ (၂၉) ရက် မနက် (၉) နာရီချိန်ခန့်တွင် မင်္ဂလာဆောင်သွားမည်ဟု ပြောဆို ထွက်သွားပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း မိသာစု နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

“အဲ့နေ့ မနက်က သူ မြို့သစ်ဘက်က မင်္ဂလာဆောင်သွားမယ်လို့ အိမ်ကနေ ထွက်သွားလိုက်တယ်။ အဲ့ကိုရောက်တော့ သူ အပြင်ထွက်သွားလည်မယ်လို့ သူ့ သူငယ်ချင်းကို ပြောတယ်။ တစ်ချို့ကလည်း သူ့ကို ပင်လုံ ကျောက်တိုင်က ရွှေတိဂုံ ဘုရားမှာ တွေ့လိုက်သေးတယ်လို့ ပြောတယ်။ အဲ့ကနေပြီးတော့ သူ့ကို အဆက်အသွယ် သတင်းအစအနလည်း မကြားရတော့ဘူး။ ဒီလို ပျောက်သွားတော့ ကျမတို့လည်း အရမ်းကို စိုးရိမ်နေတယ်။ သူ ဒီလို အကြာကြီး မသွားဖူးဘူး။ ကျမတို့ အဖေကလည်း နေမကောင်းဘူး ကျမမှာလည်း ကလေးတစ်ဖက် နဲ့ဆိုတော့ သူ့ကို ဘယ်မှာ သွားရှာရမယ်မှန်း မသိတော့ဘူး” ဟု ပျောက်ဆုံးသွားသူ၏ မိသားစုဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပျောက်ဆုံးနေသူ နန်းမလေး

အလားတူ လက်ရှိမှာ လွိုင်လင်မြို့မှ ရဲတပ်ဖွဲ့သည်လည်း လွိုင်လင်ရေကန်အနီးတွင် (မြကန်သာ) သေဆုံးနေသည့် ရုပ်အလောင်း တစ်ခု တွေ့ရှိထားကြောင်း ထုတ်ပြန်ထားသည့်အတွက် ပျောက်ဆုံးနေသူ အသက် (၃၃) နှစ်အရွယ် နန်းမလေး မိသားစုဝင်များကလည်း စိုးရိမ်ပူပန်နေကြောင်း သိရှိရသည်။

“လွိုင်လင်ဖက်ကလည်း ရုပ်အလောင်းတစ်လောင်းတွေ့ရှိထားတယ်လို့ သတင်းကြားထားတယ်။ အမျိုးသမီးပဲလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အလောင်းက ပုပ်ပွနေပြီဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာကို အတည်ပြုလို့ မရသေးဘူး။ သူတို့ ကျမကို ပုံတွေ ပို့လာပေးသလောက်ကတော့ အင်္ကျီ၊ ဘောင်းဘီ၊ အိတ် တွေလည်း ကျမ ညီမ ဟာနဲ့ တူနေတယ်။ ဒါပေမယ့် ကျမတို့ဘက်ကလည်း အတည်ပြုလို့မရသေးဘူး။ ပုံထဲပဲ ဖြစ်နေတဲ့အတွက်။ အခု ကျမ အမျိုးသားလည်း လွိုင်လင်ရဲစခန်းမှာ သွားပြီး အတည်ပြုနေတုန်းပဲ။ အနံ့တွေ တအားထွက်နေပြီဖြစ်တဲ့အတွက် ရုပ်အလောင်းကိုတော့ သင်္ဂြိုဟ်လိုက်ပြီလို့ ကြားတယ်” ဟု မိသားစုဝင် ဖြစ်သူ အမျိုးသမီး တစ်ဦး ကပြောသည်။

လွိုင်လင် – နမ့်စန် ပြည်ထောင်စု လမ်းမကြီးကြားတွင် ညအချိန် သွားလာရာတွင် ဓားပြတိုက်မှု ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း လွိုင်လင်ရေကန် အနီးရှိ နည်းပညာတက္ကသိုလ် အနီးနားတွင် ဓားပြတစ်စုမှ ညအချိန်၌ လေးဂွဖြင့် ပစ်ခတ်ခဲ့မှု ရှိသည့် အတွက် ကားဆရာတစ်ဦး မျက်စိ ထိမှန်သွားခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...