Tuesday, January 27, 2026

ပင်လုံမြို့ အမျိုးသမီး တစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံး

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့က သူနာပြုတစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးသွားပေမယ့် ယနေ့ချိန်ထိ သတင်းအချက်အလက် မရရှိသေးသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း သိရှိရသည်။

ပျောက်ဆုံးနေသူ နန်းမလေး

ပင်လုံမြို့ ရပ်ကွက် (၂) တွင်းနေထိုင်သော ဆရာမ တစ်ဦးသည် ပြီးခဲ့သည့် ဧပြီ (၂၉) ရက် မနက် (၉) နာရီချိန်ခန့်တွင် မင်္ဂလာဆောင်သွားမည်ဟု ပြောဆို ထွက်သွားပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း မိသာစု နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

“အဲ့နေ့ မနက်က သူ မြို့သစ်ဘက်က မင်္ဂလာဆောင်သွားမယ်လို့ အိမ်ကနေ ထွက်သွားလိုက်တယ်။ အဲ့ကိုရောက်တော့ သူ အပြင်ထွက်သွားလည်မယ်လို့ သူ့ သူငယ်ချင်းကို ပြောတယ်။ တစ်ချို့ကလည်း သူ့ကို ပင်လုံ ကျောက်တိုင်က ရွှေတိဂုံ ဘုရားမှာ တွေ့လိုက်သေးတယ်လို့ ပြောတယ်။ အဲ့ကနေပြီးတော့ သူ့ကို အဆက်အသွယ် သတင်းအစအနလည်း မကြားရတော့ဘူး။ ဒီလို ပျောက်သွားတော့ ကျမတို့လည်း အရမ်းကို စိုးရိမ်နေတယ်။ သူ ဒီလို အကြာကြီး မသွားဖူးဘူး။ ကျမတို့ အဖေကလည်း နေမကောင်းဘူး ကျမမှာလည်း ကလေးတစ်ဖက် နဲ့ဆိုတော့ သူ့ကို ဘယ်မှာ သွားရှာရမယ်မှန်း မသိတော့ဘူး” ဟု ပျောက်ဆုံးသွားသူ၏ မိသားစုဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပျောက်ဆုံးနေသူ နန်းမလေး

အလားတူ လက်ရှိမှာ လွိုင်လင်မြို့မှ ရဲတပ်ဖွဲ့သည်လည်း လွိုင်လင်ရေကန်အနီးတွင် (မြကန်သာ) သေဆုံးနေသည့် ရုပ်အလောင်း တစ်ခု တွေ့ရှိထားကြောင်း ထုတ်ပြန်ထားသည့်အတွက် ပျောက်ဆုံးနေသူ အသက် (၃၃) နှစ်အရွယ် နန်းမလေး မိသားစုဝင်များကလည်း စိုးရိမ်ပူပန်နေကြောင်း သိရှိရသည်။

“လွိုင်လင်ဖက်ကလည်း ရုပ်အလောင်းတစ်လောင်းတွေ့ရှိထားတယ်လို့ သတင်းကြားထားတယ်။ အမျိုးသမီးပဲလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အလောင်းက ပုပ်ပွနေပြီဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာကို အတည်ပြုလို့ မရသေးဘူး။ သူတို့ ကျမကို ပုံတွေ ပို့လာပေးသလောက်ကတော့ အင်္ကျီ၊ ဘောင်းဘီ၊ အိတ် တွေလည်း ကျမ ညီမ ဟာနဲ့ တူနေတယ်။ ဒါပေမယ့် ကျမတို့ဘက်ကလည်း အတည်ပြုလို့မရသေးဘူး။ ပုံထဲပဲ ဖြစ်နေတဲ့အတွက်။ အခု ကျမ အမျိုးသားလည်း လွိုင်လင်ရဲစခန်းမှာ သွားပြီး အတည်ပြုနေတုန်းပဲ။ အနံ့တွေ တအားထွက်နေပြီဖြစ်တဲ့အတွက် ရုပ်အလောင်းကိုတော့ သင်္ဂြိုဟ်လိုက်ပြီလို့ ကြားတယ်” ဟု မိသားစုဝင် ဖြစ်သူ အမျိုးသမီး တစ်ဦး ကပြောသည်။

လွိုင်လင် – နမ့်စန် ပြည်ထောင်စု လမ်းမကြီးကြားတွင် ညအချိန် သွားလာရာတွင် ဓားပြတိုက်မှု ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း လွိုင်လင်ရေကန် အနီးရှိ နည်းပညာတက္ကသိုလ် အနီးနားတွင် ဓားပြတစ်စုမှ ညအချိန်၌ လေးဂွဖြင့် ပစ်ခတ်ခဲ့မှု ရှိသည့် အတွက် ကားဆရာတစ်ဦး မျက်စိ ထိမှန်သွားခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...