Tuesday, January 27, 2026

မိုင်းရှူးမြို့တွင် အသက် ၆နှစ်အရွယ် မိန်းကလေး သက်ငယ်မုဒိမ်းကျင့်ခံရ

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့ တွင် အသက် ၆နှစ်အရွယ်ရှိ ကလေးငယ် တဦး သက်ငယ်မုဒိမ်းပြုကျင့်ခံရကြောင်း စုံစမ်းသိရသည်။

Photo by SHAN

ဇူလိုင် ၁ရက် နေ့လည်ပိုင်းတွင် လူလတ်ပိုင်းအရွယ် တဦးသည် အသက် ၆နှစ် အရွယ် ကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထို ပြုကျင့်သည့် တရားခံကို ရဲစခန်းမှ ဖမ်းဆီးထားကြောင်း မိုင်းရှူးမြို့ တွင်နေထိုင်သည့် နန်းဆိုင် ကပြောသည်။

“ ပြုကျင့်တဲ့ တရားခံက ကလေးငယ်ရဲ့အိမ်နီးချင်းပါပဲ။ ကလေး အမေက တခြားအိမ်ကို အလည် သွားနေတုန်း ပြုကျင့်ခံရတာပါ။ ကလေးက အမှန်အတိုင်းပြောပြလို့ပေါ့။ တရားခံကိုတော့ ဖမ်းမိထားပါတယ်” ဟု နန်းဆိုင်က ပြောပြသည်။

သက်ငယ်မုဒိမ်း ပြုကျင့်ခံရသည့် ကလေးငယ်၏ ကိုယ်အင်္ဂ ါသည် ပျက်စီးသွားသဖြင့် ဆေးကုသခံယူနေကြောင်းလည်း သိရသည်။

“ ကလေးက ဆေးရုံတက်နေရတယ်။ သူ့ ၄ချက် ချုပ်ရတယ်။ နောက် သူ့အမေက အဲ့အကြောင်းပြောနေရင် ငိုတယ်။ စိတ်ဒဏ်ရာတော့ ရှိနေတယ်” ဟု နန်းဆိုင် က ဆိုသည်။

ထိုသက်ငယ်မုဒိမ်း ကျူးလွန်သည့် အမျိုးသားကို မိုင်းရှူးမြို့ မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းထားပြီး၊ ကလေး၏ မိခင်မှာ အမှုဖွင့်ထားကြောင်း လည်း သိရသည်။

“ ကျမ သိရသလောက်တော့ ကလေးဆေးရုံတက်နေရတယ်။ နောက် မုဒိမ်းကျင့်တဲ့ကောင်ကလည်း အဝေးကမဟုတ်တော့ ဖမ်းထားတယ်” ဟု မိုင်းရှူးမြို့ နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်း က ပြောသည်။

လက်ရှိမှာ သက်ငယ်မုဒိမ်း ကျူးလွန်သည့်သူကို မိသားစုဝင်များက ရဲစခန်းတွင် အမှုဖွင့်ဆိုထားသော်လည်း မည်သည့် ပုဒ်မ ဖြင့် ဖွင့်ဆိုသည်ကို မသိရှိကြပေ။

“ ကျမ သူ့မိသာစုတွေကို မေးတယ် ဘာပုဒ်မနဲ့ ဖွင့်တယ်ဆိုတာ မသိကြဘူး။ ရပ်ကွက် အုပ်ချုပ်မှူးကလည်းမသိဘူးဖြစ်နေတယ်” ဟု နန်းဆိုင်က ထပ်လောင်းပြောသည်။

ထိုသက်ငယ်မုဒိမ်းမှု ကျူးလွန်သည့် သူကိုဖမ်းဆီးရမိထားသော်လည်း သက်ဆိုင်ရာမှ ပြန်လွှတ်ပေးမည်ကို စိုးရိမ်ကြကြောင်း မိုင်းရှူး ဒေသခံများက ပြောသည်။

လွန်ခဲ့သည် ဇန်နဝါရီ လတွင်လည်း မိုင်းရှူးမြို့နယ် အတွင်း အသက် ၁၆နှစ် အရွယ် မိန်းကလေး တဦး မုဒိမ်းကျင့်ခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

မိုင်းရှူးမြို့ စစ်ကောင်စီ ဂိတ် အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်မပြု

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ကား ညဖြတ်သန်းခွင့် မပြု ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ မှ စ၍ မြို့ အဝင်၊အထွက် စစ်ဆေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်ကာ ည ၆နာရီမှ မနက် ၆...

တရားဥပဒေ ကင်းမဲ့မှုကြားက သက်ငယ်မုဒိမ်း

0
တစ်ခါတလေမှာ တယောက်တည်း ရယ်ချင် ရယ်နေပြီး၊ စကားပြောချင်ရင်လည်း တစ်ယောက်တည်း ပြောနေသလို ယောင်္ကျားတွေကိုမြင်ရင်လည်း ထိတ်လန့်မှုတွေ ဖြစ်နေပါတယ်။ အဲ့လို ဖြစ်နေသူကတော့ အသက် (၁၁) နှစ်အရွယ်တာရှိသေးတဲ့ သဇင် (အမည်လွှဲ)ပါပဲ။ “ကျနော် ရဲ့ တူမ (သဇင်)ကို မြင်ရတာ စိတ်မကောင်းဖြစ်တယ်။ ကြောက်စိတ်လွန်ပြီး စိတ္တဇ...

စစ်ကောင်စီ မှ SSPP ကိုဖိအားပေးတပ်ဆုတ်ခိုင်း မိုင်းရှူးပြည်သူများ စိုးရိမ်ထိတ်လန့်နေ

0
စစ်ကောင်စီ မှ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)ကို မနက်ဖြန် (ဇူလိုင် ၂၁) ရက် နောက်ဆုံးထားပြီး တပ်စခန်းဆုတ်ခိုင်းသည့် အပေါ် ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ် ထိတ်လန့်နေကြောင်း သတင်းသိရသည်။ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်းနေရာသုံးခုကို ဇူလိုင် ၂၁ ရက်နောက်ဆုံးထား...