ခေါင်းနဲ့ပန်းလိုဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး နဲ့ မူးယစ်ဆေး

ပြည်ထောင်စုမြန်မာနိုင်ငံမှာ သျှမ်းပြည်ဟာ မူးယစ်ဆေး၀ါးမျိုးစုံထွက်ရှိမှု၊ အများဆုံးရောင်းဝယ်ဖေါက်ကား မှု ၊ လူတန်းစားအလွှာအသီးသီးက မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံး နဲ့ လက်နက်ကိုင်တပ် အများဆုံး၊ နိုင်ငံရေး စစ်ရေးအရှုပ်ထွေးဆုံး ပြည်နယ်ကြီးတခု ဖြစ်ပါတယ်။

Photo by မူးယစ်ရဲတပ်ဖွဲ့

သျှမ်းပြည်မှာ “ဝ”UWSA တပ်၊ သျှမ်းတပ် ၂ တပ်၊ ကချင် KIA တပ် ၊ ကိုးကန့် MNDAA  ၊ ပအိုဝ်း PNLA ၊ ပလောင် TNLA ၊ မိုင်းလား NDAA အပြင် မြန်မာအစိုးရ တပ်မတော်ကိုပါ၀င်ထည့်သွင်းရေတွက်ရင် လက်နက်ကိုင်တပ်ဖွဲ့ ၉ ခု ရှိပါတယ်။

အစိုးရ တပ်မတော် ရဲ့ အရံအင်အားဖြစ်တဲ့ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ အဖွဲ့ကြီး (တပ်ရင်း ၅ ရင်းအထိရှိ) ၊ အဖွဲ့ငယ် (လူအင်အား ၁၅ ယောက်နဲ့အထက်) အားလုံး စုစုပေါင်း ရာဂဏန်းအထိရှိပါတယ်။ ဒီတပ်ဖွဲ့ တွေကတော့  လိုအပ်သလို အသုံးပြုနိုင်ဖို့ အစိုးရတပ်မတော် ဖွဲ့စည်းပေးပြီး လက်နက် အပ်နှင်းထား တဲ့အတွက် တပ်မတော်ရဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်လို့ သတ်မှတ်ရင်လဲ မှားမယ်မထင်ပါဘူး။

လက်ရှိ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA  – ဉက္ကဌ တာ့အိုက်ဖုန်း က – “ ပြည်ထောင်စု မြန်မာနိုင်ငံမှာ သေနတ်ကိုင်ဆောင်နေတဲ့တပ်တွေ အင်အားကြီးလေ မူးယစ်ဆေးဝါးနဲ့ ပိုမိုပတ်သက် လေပဲ “ – လို့ ပြောဖူးပါတယ်။

၂၀၂၀ ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ တုန်းက ပြည်ထောင်စု တဝှမ်းလုံးက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး နဲ့ လားရှိုးမြို့တို့မှာ မီးရှို့ဖျက်ဆီးပါတယ်။ ဒီနှစ်ဖျက်ဆီးလိုက်တဲ့  မူးယစ်ဆေးဝါးတွေဟာ ယခင်နှစ်တွေ တုန်းက ထက် သုံးဆပိုများတယ်လို့ဆိုပါတယ်။ အစိုးရ ထုတ်ပြန်တဲ့ သတင်းအရ ကာလ ကာလတန်ဖိုး အမေရိကန်ဒေါ် လာသန်းပေါင်း ၁၄၀၀ နီးပါး ရှိတယ်လို့ဆိုပါတယ်။


တောင်ကြီးမြို့ ဇွန် ၂၆ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ မူးယစ်ဆေးဝါးများ မီးရှို့နေသည့် ပုံ (Photo by Khun Yar zar/ Facebook)

အဲဒီ့လောက်များပြားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့တာတောင် မူးယစ်ဆေး၀ါးက ပျောက်ကွယ်သွားမဲ့ အလားအလာ မမြင်မိသေးပါဘူး။ အသေးစားရောင်းဝယ်ဖေါက်ကားတဲ့သူတွေ၊ ဝယ်ယူသုံးစွဲနေတဲ့ ဒေသခံတွေ ဒုနဲ့ဒေး ရှိနေသေးတဲ့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်နေတဲ့သူတွေ ဘယ်လောက်ကြီးများ တောင် ရှိနေဉီးမလဲ။

၂၀၁၉ -၂၀၂၀ နှစ်အတွင်း အများဆုံး ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါး တွေက တော့ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အခြေစိုက် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့  ထိန်းချုပ်နယ်မြေထဲက အများစု ဖြစ်ပါတယ်။

အမည်မဖေါ်လိုတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တဉီးရဲ့ ပြောပြချက်အရ – ” သျှမ်းပြည်မြောက်ပိုင်းမှာ စီးပွားရေး တောင့်တင်းပြီး အင်အားကြီးမားတဲ့ ပြည်သူ့စစ်အဖွဲ့ ၂၀ ကျော် ရှိပါတယ်။ သုံးလ တကြိမ် အဘတွေကို ပစ္စည်းသေး ပစ္စည်းလေး မှုန့်ပုံး တွေနဲ့ သွားကန်တော့ရတယ်။ တိုင်းမှူး မပြောနဲ့ ဗျူဟာမှူးအပြောင်းအလဲ မှာတောင် ပစ္စည်းလေးလက်ဆောင်သွားပေးရတယ်” – လို့ ပြောပါတယ်။  ပစ္စည်းလေး ပစ္စည်းသေး ဆိုတာ က ရွှေတုံးတွေကို ၄င်းက ဆိုလိုတာပါ။

၂၀၁၂ ခုနှစ်တုန်းက RCSS ၊ အစိုးရတပ် နဲ့ UNODC တို့  တာချီလိတ်မြို့မှာ နှစ်ရက်ကြာ သုံးပွင့်ဆိုင် ဆွေးနွေးပြီး မူးယစ်ဆေးဝါး လက်တွဲဖြေရှင်းဖို့  အချက် ၉ ချက် ပါ သဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့ပါတယ်။ လက်တွေ့ကွင်းဆင်းတဲ့ နေရာမှာ RCSS တပ် ပါရင် အစိုးရတပ်က လက်မခံတဲ့အတွက် အခု ထက်ထိ အဲဒီသဘောတူညီချက်က လက်တွေ့ အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။

မူးယစ်ဆေး၀ါးကို နိုင်ငံရေး စစ်ရေး လက်ကိုင်ဒုတ် အဖြစ် အသုံးပြုနေသရွေ့ – မြန်မာ့ငြိမ်းချမ်းရေး လဲ ဖြေရှင်းနိုင်မှာမဟုတ်သလို မူးယစ်ဆေးဝါးပြဿနာလဲ ထို့နည်းတူ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ခွန်ဆာ လို ဘိန်းဘုရင် တွေ တဉီးပြီး တဉီးသေဆုံးသွားလဲ မူးယစ်ဆေးဝါးက ပေါများနေဉီးမှာဘဲ။

သျှမ်းပြည်မူးယစ်ဆေးဝါး ပြဿနာကို ဆယ်စုနှစ် ၂ ခုကျော် စောင့်ကြည့်လေ့လာသူ၊ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးအတွက် ပါ၀င်ပံ့ပိုးနေသူ ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဉီးခွန်စိုင်း က  – မူးယစ်ဆေး နဲ့ ငြိမ်းချမ်းရေး ကိစ္စ က ခွဲလို့မရဘူး။ ငြိမ်းချမ်းရေး နဲ့ မူးယစ်ဆေးဝါးကိစ္စ က ခေါင်းနဲ့ပန်းလို ဖြစ်တယ်။ ဒီကိစ္စ ကျနော်တို့အားလုံး ပြိုင်တူဖြေရှင်းရမယ်။ ပူးပေါင်းဖြေရှင်းရမယ် – လိုႉ ပြောပါတယ်။

အဘက်ဘက်ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လက်ခံကျင်းပပြီး မူးယစ်ဆေးဝါး လက်တွဲ ဖြေရှင်းနိုင်မှ သာ ပြည်ထောင်စုမြန်မာပြည်သားများ မူးယစ်သားကောင်ဘ၀ကနေ ကင်းဝေးမှာဖြစ်ပါတယ်။

 

လူထုအသံ

သျှမ်းသံတော်ဆင့်အသံ

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...