Tuesday, January 27, 2026

သျှမ်းပြည် မြေယာ သိမ်းဆည်းခံရမှု မြေစစ် မူဝါဒနှင့် မကိုက်ညီသဖြင့် အမှုပိတ်သိမ်းခံရ

သျှမ်းပြည်တွင်း လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီ မြေစစ် မူဝါဒ ၅၂ချက်နှင့် မကိုက်ညီသဖြင့် အမှုပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆည်မြောင်း နှင့် စိုက်ပျိုးရေး ဝန်ကြီး ဦးစိုင်းလုံးကျော် က ပြောကြားလိုက်သည်။

ဓာတ္ပံု Mg Mg/Facebook

ယနေ့ ဇွန် ၂၅ ရက်တွင် ကျင်းပသည့် သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) စိုင်းထွန်းဝင်း (ခ) စိုင်းနော်ခမ်းမှ ပြည်နယ် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ မှ မူလမြေပိုင်ရှင်များထံ အမှုပိတ်သိမ်းကြောင်း ပြန်ကြားလာမှု နှ့င့် စပ်လျဉ်း သည့်မေးခွန်းကို သျှမ်းပြည်နယ် လွှတ်တော်တွင်း ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့သည်။

ထိုကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ဆည်မြောင်း နှင့် စိုက်ပျိုးရေး ဝန်ကြီး ဦးစိုင်းလုံကျော်မှ မြေစစ် မူဝါဒ ၅၂ ချက်ထဲတွင် ကိုက်ညီမှု မရှိသည့်အတွက် အမှုပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့သည်။

ဓာတ်ပုံ ဒေသခံတဦး

အဆိုပါ ဖြေကြားချက် နှင့် ပတ်သက်ပြီး စိုင်းထွန်းဝင်း (ခ) စိုင်းနော်ခမ်း က “ကျေနပ် အားရမှုတော့ မရရှိပါဘူး။ ဒေသခံ တောင်သူ လယ်သမားတွေနဲ့ ခံစားနေရတဲ့ ပြဿနာကို ကျနော်တို့က ထိတွေ့နေရတယ်။ သိမ်းထားတဲ့မြေကို တင်ထားတယ်။ အဲ့အမှုကို ပိတ်သိမ်းခံရတယ်ဆိုတာ ဒီနေရာမှာ ဘယ်လိုမှ မဖြစ်သင့်တဲ့အရာပါ” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူဝါဒ ၅၂ချက်ထဲတွင် အဓိက အချက်ဖြစ်သည့် ရပ်မိရပ်ဖ မှ ထောက်ခံပေးပါက မြေယာပြန်ပေးရန်၊ စစ်တပ်သိမ်းမြေ ဖြစ်နေပါက မူဝါဒ ၃ခုရှိပြီး စစ်တပ်နှင့် တဆက်တည်း မရှိသည့် မြေ၊ လုံခြုံရေး အရ အသုံးမပြုတော့တဲ့မြေများကို ပြန်လည် စွန့်လွှတ်ပေးမည်ဆိုတာ ပြောဆိုထားသည်။

သို့သော် သျှမ်းပြည် ဆည်မြောင်းနှင့် စိုက်ပျိုးရေး ဝန်ကြီး ဦးစိုင်းလုံကျော် က မြေစစ်မူဝါဒ ၅၂ချက်နှင့် မကိုက်ညီသည့်အတွက် သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မူလ မြေပိုင်ရှင်များထံ အမှုပိတ်သိမ်းကြောင်း ပြောဆိုလိုက်သည်။

ပြန်လည် စိစစ်ရေး ကော်မတီ မှ မူလမြေပိုင်ရှင်များထံ အမှုပိတ်သမ်းသည့် ကိစ္စ သည် ကျောက်မဲခရိုင်အတွင်း (၆၆) မူ စိစစ်တွေ့ရှိထားကြောင်း စိုင်းထွန်းဝင်း က ဆိုသည်။

“သျှမ်းပြည်နယ် တစ်ခုလုံး အတွက် ကျနော်က မေးတယ်။ ကျောက်မဲ ခရိုင်အတွင်း စိစစ်တွေ့ရှိချက်အရကတော့ ၆၆ မူ ရှိတယ်။ ပိတ်သိမ်းပြီးတာတွေ ဆက်လက်ပိတ်သိမ်းမယ့်ဟာတွေ ခရိုင်အတွင်းထဲမှာ ၆၆ မူ ရှိတယ်” ဟု စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်နယ် အတွင်း တပ်မှ ခေတ်အဆက်ဆက် မြေယာသိမ်းဆည်းမှုကြောင့် တောင်သူများနှင့် အငြင်းပွားမှုသည့် ယနေ့ထိတိုင်ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ပြင် ၁၉၉၈ ခုနစ် နောက်ပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး အရာရှိများ ကလည်း မြေယာများသိမ်းဆည်းကာ အကွက်ချပြီး ဝန်ထမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ပြန်ချပေးသည့် ကိစ္စများလည်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...