ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရန် အစိုးရ မှ RCSS/SSAကို ထပ်မံ ကူညီထောက်ပံ့မည် ဟုဆို

ကိုဗစ်-၁၉ ကာလအတွင်း ထိန်းချုပ်ရေး ၊ကုသရေး နှင့် ပတ်သတ်ပြီး အစိုးရ အဖွဲ့ မှ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်ကို ထပ်မံ ကူညီထောက်ပံ့သွားမည် ဟုစုံစမ်းသိရသည်။

Photo by Tai Freedom/Facebook

ဇွန် လ ၁၆ ရက် နေ့လည် ပိုင်းက RCSS/SSA ကိုယ်စားလှယ်နှင့် အစိုးရ ကိုယ်စားလှယ်တို့ ကိုဗစ်-၁၉ အရေး နှင့်ပတ်သက်ပြီး Vedio Conferencing အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ မနေ့က အွန်လိုင်း ကနေ အစည်းအဝေးလုပ်ပါတယ်။ အဓိကတော့ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်တဲ့ကိစ္စပါ။ နောက် အစိုးရ ဘက်က RCSS/SSA ကို ဒုတိယ အကြိမ် ထပ်ပြီးအကူအညီပေးဖို့ရှိတယ်လို့ပြောလာပါတယ်” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လွန်ခဲ့သည့် မေ ၂၆ရက်တွင် အစိုးရ မှ RCSS/SSA ကို ပထမအကြိမ် ကိုဗစ် -၁၉ တားဆီး ကာကွယ် ထိန်းချုပ် သည့် ပစ္စည်းများ ထောက်ပံ့ကူညီခဲ့ပြီး၊ ဒုတိယ အကြိမ်အဖြစ် ထပ်မံပေးသွားမည်ဟု ယမန်နေ့ က ပြောဆိုခဲ့ကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြန်လည် ပြောပြသည်။

Photo by Tai Freedom/ Facebook

“ ဒုတိယ အကြိမ် ထောက်ပံ့ပစ္စည်းကိုဘယ်တော့ ပေးမယ်ဆိုတာ မသိရသေးဘူး။ နောက်ထပ် ကူညီမယ်လို့ပဲပြောလာတာပါ” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

ယမန်နေ့ အွန်လိုင်း ဆွေးနွေးမှုတွင်အဓိက အားဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး၊ ကုသရေး၊ နိုင်ငံခြား မှပြန်ဝင်လာသူများကိစ္စ၊ ရွှေ့ပြောင်းလုပ်သားအရေး၊ နိုင်ငံတကာအကူအညီ၊ ထိတွေ့လူနာ ရှာဖွေရေး ကိစ္စ နှင့် ငြိမ်းချမ်းရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် RCSS/SSA ဘက်မှ ဗိုလ်ချုပ်ဘောင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒုဗိုလ်မှူးကြီး စိုင်းဟန်၊ ဗိုလ်မှူး စိဏ်းသျဲန်မိုင်၊ စိုင်းလျဲန်း နှင့် စိုင်းစိုင်းငင်းတို့တက်ရောက်ခဲ့ပြီး၊ အစိုးရဘက်က ဒေါက်တာ တင်မျိုးဝင်း၊ ဦးသိန်းဇော်။ ဒုဗိုလ်မှူးကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဒုဝန်ကြီး ဦးလှမော်ဦးတို့တက်ရောက်ခဲ့ကြောင်းသိရသည်။

RCSS/SSAသည် အစိုးရဌာနထံမှ ကိုဗစ်-၁၉ ထောက်ပံ့ပစ္စည်းကို လွန်ခဲ့သည့် မေ ၂၆ရက်က တကြိမ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ ဇွန် ၄ရက်ကတကြိမ် နှင့် သျှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီ ထံမှ ဇွန် ၈ရက်နေ့က တကြိမ် လက်ခံရရှိခဲ့ပြီးဖြစ်သည်။

လက်ရှိ ကိုဗစ်-၁၉ ကာလ အတွင်း RCSS/SSA၏ ဆေးတပ်များသည် သျှမ်းပြည်သူလူထု ၆၄၀၀၀ ကျော်ကို ကိုဗစ်-၁၉ ပညာပေးမှု၊ ကျန်းမာရေး စစ်ဆေးပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...