Tuesday, January 27, 2026

ကိုဗစ် ကာလ ရာသီတုပ်ကွေး မပေါ့ဆသင့်

မိုးရာသီ ရောက်လာတိုင်း မဖိတ်ခေါ်ဘဲ အလိုအလျောက် နှစ်စဉ်နှစ်တိုင်း ရောက်ရှိ ကြုံရတဲ့ပြဿနာ က ရာသီတုပ်ကွေး အန္တရာယ် တခုဖြစ်သည်။

ယနှစ်အတွင်း မြန်မာနိုင်ငံမှာ ရာသီတုတ်ကွေး နှင့် ကိုဗစ် ၁၉ ကပ်ရောဂါကို ယှဉ်ပြိုင် ထိုးစစ်ဆင်ကုသရမည့် နှစ်လို့ ပြောရင်လည်း မမှားနိုင်ပေ။

ကိုဗစ်-၁၉ ကပ်ရောဂါ ကို မြန်မာတဝှမ်း ရှိ ဆရာဝန်တွေ သာမက ပြည်သူတွေက အထိတ်အလန့် လွန်းပြီး ရာသီတုပ်ကွေး ကို မေ့လျော့လာတာကို တွေ့မြင်နေရသည်။

ယခု ဇွန်လကုန်ပိုင်းမှာ မြန်မာတဝှမ်း နှင့် အတူ သျှမ်းပြည် လည်း ရာသီတုပ်ကွေး အန္တရာယ်ကို မဖိတ်ခေါ်ဘဲ အလိုအလျောက် ရောက်လာပါတော့မည်။

ရာသီတုပ်ကွေး နှင့် ကိုဗစ်-၁၉ ကြား သျှမ်းပြည်လူထုများဆီ စစ်တမ်းကောက်ကြည့်လိုက်သည့်အခါ ကိုဗစ်-၁၉ ကို ပိုပြီး ထိတ်လန့်နေကြသည်။

“ ကိုဗစ် က အိမ်မှာနေရင် ကူးစက်ဖို့မလွယ်ဘူး။ ရာသီတုပ်ကွေးက အိမ်မှာနေရင်လည်း ဖြစ်ချင်ရင် ထဖြစ်တယ်” ဟု ကလေး ၂ယောက် ဖခင် စိုင်းဖှ က ပြောဆိုလိုက်သည်။

ကိုဗစ်-၁၉ သည် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ နေအိမ်တွင်နေထိုင်ခြင်း လက်ကိုအမြဲဆေးကြောခြင်းပြုပါက ကူးစက်ရန် မလွယ်သော်လည်း ရာသီတုပ်ကွေး ကတော့ နေအိမ်မှာနေထိုင်ရင်လည်း ကူးစက်နိုင်ကြောင်း စိုင်းဖှ က ပြောသည်။

ရာသီတုပ်ကွေး သည် များသောအားဖြင့် ကလေးငယ်တွေ ကိုယ်ဝန်သည်မိခင်တွေကို ပိုမိုကူးစက်လွယ်တယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သိရသည်။

ထို့ ကြောင့်ဇွန်လရောက်တိုင်း ကလေးငယ်တွေအတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးရန် ကျန်းမာရေး ဌာန မှသက်ဆိုင်ရာ မြို့နယ် အလိုက် ရပ်ကွက် အလိုက်မှာ ကွင်းဆင်း ထိုးပေးပါသည်။

“ကလေးတွေ အတွက်တော့ ရာသီတုပ်ကွေး ကာကွယ်ဆေး ကို ထိုးထားပါပြီ။ အထူးသဖြင့် ကလေးတွေကို သန့်သန့်ရှင်းရှင်းထားထားတယ်။ ရာသီ နဲ့ မတည့် တဲ့ အစားအသောက်ကို မကျွေးဘူး။ ကလေးတွေကို မဖြစ်အောင် သတိထားပြီး ပြုစုစောင့်ရှောက်နေရတာပေါ့။” လို့ စိုင်းဖှ ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာလှဌေးမင်း က ကိုဗစ် – ၁၉ ကပ်ရောဂါ ကြီး ကို ပိုမို စိုးရိမ် ရကြောင်း ပြောဆိုလိုက်သည်။

“လောလောဆယ် ကိုဗစ်က ပိုပြီး ကြောက်ရတယ်။ ရာသီတုပ်ကွေးက ပုံမှန်ပဲ ဖြစ်နေကျဆိုတော့ ကိုဗစ်လောက် တအားကြီး မစိုးရိမ်ရဘူး”လို့ ဒေါက်တာလှဌေးမင်း ကပြောသည်။

 

ရာသီတုပ်ကွေး နှင့် ကိုဗစ် ရောဂါ ကာကွယ်သည့် နည်းလမ်း သည် အလားတူ ဖြစ်ပြီး ရာသီတုပ်ကွေးမှာ ကာကွယ်ဆေး ရှိပြီး ကိုဗစ် မှာ ကာကွယ်ဆေး မရသေးသဖြင့် ပိုမို စိုးရိမ်ရကြောင်း ဒေါက်တာလှဌေးမင်း က ဆိုသည်။

မိုးရာသီ ကျရောက်လာပြီ ဖြစ်တဲ့အတွက် အဖျားရောဂါ စောင့်ကြည့်တဲ့ ဆေးရုံဆေးခန်း (Fever Corner) သီးသန့်ထားကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာန တွေ အထိ Fever Surveillance လုပ်ထားတာရှိကြောင်း သျှမ်းပြည် အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က ပြောဆိုထားသည်။

“ ဒီကာလမှာတော့ fever surveillance ကအဓိကပဲ” လို့ ဒေါက်တာ နှင်းအိဖြူ ကဆိုသည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနစ် တွင် ရာသီတုပ်ကွေး ကူးစက်ခံရသူသည် ၈၀၆ ဦး ရှိပြီး သေဆုံးသူသည် ၁၂၈ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စစ်တမ်းအရ သိရသည်။

Source မြန်မာနိုင်ငံကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန

ထိုစစ်တမ်းထဲမှာ ရာသီတုပ်ကွေး စတင် ဖြစ်ပွားမှု မြင့်တက်လာချိန် က ဇွန်လ နောက်ဆုံးပတ်ဖြစ်ပြီး၊ ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးအချိန် က ဇူလိုင်လ ပထမအပတ် နှင့် ဒုတိယ အပတ်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု လျော့ကျလာချိန် က ဇူလိုင်လ နောက်ဆုံးအပတ် မှ အောက်တိုဘာ ပထမအပတ်အထိဖြစ်သည်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှု ၃ လတာ ကာလတွင်း သေဆုံးမှုနှုန်းသည် ၆ဦးသာရှိသဖြင့် ရာသီတုပ်ကွေး သေဆုံးမှုနှုန်းသည် များနေသည်ကို တေ့ွရသည်။

ကျန်းမာရေး နှင့် အားကစား စစ်တမ်းထဲတွင် ရာသီတုပ်ကွေး သည် ကိုယ်ဝန်သည် မိခင်လောင်း၊ ကလေးမိခင်တွေက ပိုပြီး စိုးရိမ်ကြတဲ့ ကာလဖြစ်သည်။

 

Source မြန်မာနိုင်ငံကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန

လက်ရှိ ကာလမှာ ကိုယ်ဝန်ရင့်မာနေသည့် မိခင်လောင်း နန်းမွေ က “ ကျမ တို့ အရမ်း သတိထားနေရတယ်။ ခြင်တွေ မကိုက်အောင် နေနေရတယ်။ ဒါပေမယ့် ရာသီတုပ်ကွေး ထက် ကိုဗစ်-၁၉ ကို ပိုပြီး စိုးရိမ် တယ်”ပြောသည်။

ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေး မရှိသေးသဖြင့် ရင်သွေးငယ်မွေးလာလျှင် မိခင်နှင့် ကလေး ကိုဗစ်ရောဂါ မကူစက်ချင်ကြောင်း၊ တဖက်တွင်လည်း မွေးလာမည့် ကလေးငယ် ရာသီတုပ်ကွေး မကူးအောင် ဂရုစိုက်နေရကြောင်းလည်း နန်းမွေ ကဆိုပါ သည်။

“ ကိုဗစ်က ကာကွယ်ဆေးမရှိလို့ ကြောက်နေရပေမယ့် ရာသီတုပ်ကွေးကြောင့် တနှစ်တနှစ် ကလေးတွေ နေမကောင်းတာ သေတာကြားရတော့ ဒီကာလ ကျမ ရဲ့ကလေးတွေ အားရှိဖို့ ကျွေးနေရတယ်” ဟု ၃နှစ် အရွယ် ကလေး ငယ်တဦး၏ မိခင် နန်းယု က ပြောသည်။

ကိုဗစ် ကူးစက်ခံရတာများတာက လူကြီးတွေဖြစ်သည့်အတွက် လူကြီးများသည် မိမိကိုယ်ကို ဂရုစိုက်တက်ကြသည်။

ရာသီတုပ်ကွေးသည် ကလေးငယ်ကို ကူးစက်မှုများသည့်အတွက် မိမိကိုယ်ကို ဂရုမစိုက်တတ်သေးသည့် ကလေးများကို မိခင်များကသာ သေချာ ဂရုစိုက် နေရပြီး အဓိက ကိုယ်ခံအားကောင်းအောင် ပြုစုနေရကြောင်း နန်းယု က ဆိုသည်။

ယခု ကာလရောက်လာတိုင်း မိခင် များသည် တုပ်ကွေးရောဂါအား တိုက်စစ်ဆင် အောင်မြင်နိုင်ရေးအတွက် မိမိသား၊သမီးတွေ ကို ပြုစုနေရသည့် ကာလ တခုဖြစ်သည်။

ရာသီ တုပ်ကွေး နှင့် ကိုဗစ် ရောဂါ နှာစေးချောင်းဆိုး မှတစ်ဆင့် ကူးစက်သည် ရောဂါဖြစ်သည့်အတွက် အပြင်ထွက်ပြီး အိမ်ပြန်ရောက်လျှင် လက်ကို သေချာ ဆေးရခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ခြင်း စသည်ဖြင့် ကာကွယ် ပြီး နေထိုင် သွားရမည် ဖြစ်ကြောင်း ဆရာဝန် များက ပြောဆိုသည်။

“မိမိအိမ်မှာ ခြင်မပေါက်ဖွားအောင် ဘုရားပန်းအိုးတွေ မိုးရေတွေ ခံထားတဲ့ အိုးခွက်တွေ သွန်ပစ်မယ်။ ခြင်မပေါက်ဖွားအောင် လုပ်မယ်ဆိုလို့ရှိရင်တော့ ဖြစ်နိုင်ခြေ နည်းပါတယ်” ဟု ဒေါက်တာလှဌေးမင်း ကပြောပါတယ်။

Photo မြန်မာနိုင်ငံကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန

ထိုရောဂါ ၂ခု ကာကွယ်ရန် အတွက် ကိုယ်ခံအားကောင်းအောင်လိုအပ်ကြောင်း၊ အားရှိစေသည့် အစားအသောက်၊ပူနွေးသည့် အစားအစာများစားသောက်ရန် လိုအပ်ပြီး၊ ကိုယ်လက်လှုပ်ရှားမှုသည်လည်း အဓိက လိုအပ်ချက်တွင် ပါဝင်ကြောင်း ဆရာဝန်များက လမ်းညွှန်လိုက်သည်။

ထို့ပြင် ကိုဗစ်-၁၉ ကြောင့် လက်ရှိမြန်မာပြည်တွင် သေဆုံးမှု နှုန်း ၆ဦးရှိပြီး ကာကွယ်ဆေးကို ယနေ့ချိန်ထိ ရှာဖွေ စမ်းသပ်မရသေးသဖြင့် ကိုဗစ်ကို ပိုစိုးရိမ်နေသော်လည်း တဖက်တွင် ရာသီတုပ်ကွေးကို မမေ့ရန် လိုအပ်ကြောင်းလည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က ပြောဆိုလိုက်သည်။

“ကိုဗစ်ကို စိုးရိမ်သလို ရာသီတုပ်ကွေးကိုလည်း မပေါ့ဖို့၊ သတိနဲ့ နေဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးကဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

နမ္မတူမြို့နယ်အတွင်း ရာသီတုပ်ကွေးကြောင့် ဖျားနာသူ များနေ

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု ကောင်းဆာကျေးရွာအတွင်းတွင် ရာသီတုပ်ကွေး ဖျားနှာ၊ ချောင်းဆိုးသူများလာကြောင်း သတင်းသိရသည်။ ကောင်းဆာကျေးရွာမှ ဒေသခံများသည် နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူများအပြင် မျက်စိနာ ၊ လည်ချောင်းနာ ဝေဒနာ ခံစားနေရမှု များပြားနေကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစဖြစ်တော့ ဖျားသလိုလို...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...