Wednesday, January 28, 2026

RCSS/SSA ရရှိလာသည့် ထောက်ပံ့ရေး ပစ္စည်းကို ခက်ခဲသည့်နေရာပြန်ခွဲမည်

ကိုဗစ်-၁၉ ကာလ ကာကွယ် ထိန်းချုပ် ကုသ နိုင်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ရရှိသည့် ပစ္စည်းများကို ခက်ခဲသည့်နေရာသို့ပြန်လည်ခွဲပေးမည် ဟု စုံစမ်းသိရသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မှ RCSS/SSA ကို ဇွန် ၄ရက် တွင် ကိုဗစ် အတွက် ထောက်ပံ့ရေး ပစ္စည်းပေးအပ်နေစဉ် ( Photo byf RCSS/SSA)

RCSS/SSA သည် ယခု ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ ပစ္စည်း ၃ ကြိမ် လက်ခံ ရရှိခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသနိုင်ရန် အတွက် RCSS/SSA ကို မေ ၂၆ ရက်တွင် သက်ဆိုင်ရာ အစိုးရ ဌာန က တကြိမ်၊ ဇွန် ၄ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မှ တကြိမ် နှင့် ဇွန် ၈ ရက်တွင် သျှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ မှ တစ်ကြိမ် ပေးခဲ့ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ဖို့ အတွက် ထောက်ပံ့မှု ရတာ ၃ကြိမ်ပါ။ ရလာတဲ့ပစ္စည်းတွေကို လိုအပ်တဲ့ စားနပ်ရိက္ခာကို အခက်ခဲ ကြုံနေတဲ့ နေရာမှာ ပြန်ပြီး ခွဲဝေ ပေးမယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

သျှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ မှ RCSS/SSA ကို ဇွန် ၈ ရက်တွင် ကိုဗစ်-၁၉ အတွက် ထောက်ပံ့ရေး ပစ္စည်းပေးနေစဉ် (Photo by RCSS/SSA)

ထောက်ပံ့ရေး ပစ္စည်းများကို RCSS/SSA မှ သက်ဆိုင်ရာ ကျေးရွာ မြို့နယ်တိုင်းတွင် ဖွဲ့ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ကော်မတီ လက်ထဲ အရောက်ပို့ပေးသွားမည် ဟု လည်း ဒုဗိုလ်မှူးကြီးစဝ်အုမ်ခေး က ပြောသည်။

“အစိုးရ ဌာန နဲ့ စစ်တပ် နှစ်ဖွဲ့ပေါင်းရင် ထောက်ပံ့ပစ္စည်း ၁၀ မျိုးကျော်တယ်။ တစ်နေရာကို four wheels ကား ၂ စီး လောက်ရှိတယ်။ စားနပ်ရိက္ခာ ဘက်ကတော့ ဆန် ၂၄ ပြည်အိတ် က အိတ်ပေါင်း ၃၀၀ နဲ့ ဆီ ၁၀ ပိဿာပုံးက ပုံး ၃၀ လက်ခံရရှိခဲ့တယ်”  ဟု RCSS/SSA ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကပြောသည်။

အစိုးရ ဌာန နှင့် စစ်တပ်ဘက်က ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်သည့် ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ လက်ဆေးရည်များ၊ ပိုးသတ်ဆေးများ၊ PPE ဝတ်စုံများ စသည့် ထောက်ပံ့ပစ္စည်း ၁၀ မျိုးကျော်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ကိုဗစ်-၁၉ အတွက် ထောက်ပံ့ရေး ပစ္စည်းပေးသည့် ကိစ္စနှင့် ပတ်သက်ပြီး စဝ်အုမ်ခေးက “ ဒါက တစ်တိုင်းပြည်လုံး တစ်ကမ္ဘာလုံး နဲ့ သက်ဆိုင်နေတဲ့ ကျန်းမာရေး အန္တရာယ်ဆိုတော့ ဒါကတော့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပဲလို့မြင်ပါတယ်” ဟု ထပ်လောင်းပြောသည်။

တဖက်တွင်လည်း အစိုးရ တပ်မတော် နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး ဇွန်၃ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ် အတွင်းရှိ RCSS/SSA တပ်စခန်းကို ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

“ နယ်မြေဒေသရဲ့ နားလည်မှု လွဲနေတာကြောင့် ထိတွေ့မှုတွေ နည်းနည်းပါးပါးဖြစ်နေတယ်လို့ မြင်ပါတယ်။ အကြီးအကျယ်တော့ မဟုတ်ဘူး” ဟု RCSS/SSA ၏ ပြောခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေးက ပြောသည်။

သျှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ သည် PNO နှင့် PNLO တို့ထံလည်း ဆန်အိတ် ၃၀၀ စီနှင့်ဆီ ၃၀ ပုံးစီ လည်းပေးအပ်သေးကြောင်းသိရသည်။

အဆိုပါ ပစ္စည်းများကို သျှမ်းပြည်နယ်အစိုးရ၏ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး RCSS/SSA မှ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး နှင့် တောင်ကြီးမြို့ဆက်ဆံရေးရုံးတာဝန်ခံ နန်းစံဖောင်းတို့က လက်ခံပြီး PNO က တွဲဖက်ကွပ်ကဲရေးမှူး ခွန်သန်းအောင် နှင့် PNLO ဒု ဥက္ကဌ ခွန်မြင့်ထွန်းတို့က အသီးသီး လက်ခံကြကြောင်းလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...