Wednesday, January 28, 2026

သျှမ်းပြည် အတွင်း စိတ်ကြွဆေး ကျပ်သိန်း ဘီလီယံများစွာ သိမ်းဆည်းရမိ

သျှမ်းပြည်အတွင်း ယခုရက်ပိုင်း စိတ်ကြွဆေး တန်ဖိုးငွေ ကျပ်သိန်း ဘီလီယံ ကျော်သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

Photo by CCDAC

မေ ၃၀ ရက် မနက် ၁၀ နာရီ တွင် သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းဆတ်-မိုင်းတွမ်းအသွား ကားလမ်းရှိ ဂျူးလု ကျေးရွာ အနီး အမျိုးသားတဦး မောင်းလာသည့်မူးယစ်ဆေးဝါး တင် မော်တော်ဆိုင်ကယ်တစီးသည် စစ်ဆေး ရေးဂိတ်မတိုင်ခ လျှိုထဲတိုးဝင် မောင်းနှင်ကာ ထွက်ပြေး လွှတ်မြောက် သွားကြောင်းသိရသည်။

ထို ဆိုင်ကယ်သမားနောက်လိုက်လံပြီးဖမ်းဆီးမှုပြုရာ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်း စိတ်ကြွဆေးပြား ၂သိန်းပြား သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်ပြီး မေ ၃၀ရက် ၁၁နာရီခွဲတွင်လည်း TOYOTA REVO အမျိုးအစား မော်တော်ယာဉ် တစီးသည် စစ်ဆေးသည့်နေရာမရောက်ခင် နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီး ချိန် သေနတ်ပစ်ခတ်ရာ အဆိုပါ ကား ဘီးပေါက်သွားပြီး ယာဉ်မောင်းသည် လျှိုအတွင်းသို့ထွက်ပြေးသွားသည်။

Photo by CCDAC

ထိုကားပေါ်တွင်လည်း စိတ်ကြွဆေးပြား ၃,၀၀၀,၀၀၀ ပြားသိမ်းဆည်းရမိပြီး ထိုနေ့ တရက်တည်းတွင် စိတ်ကြွဆေးပြားကာလတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၈၀၀၀ သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့အပြင် မေ ၃၀ရက်တွင် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ အသက် ၄၁နှစ် အရွယ်ရှိ ဆိုင်းခွမ် နေအိမ်ကို သွားရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား ၇၂၀၀၀ ပြား (ကာလပေါက်ဈေး ငွေကျပ် ၁၀၈၀သိန်း) သိမ်းဆည်းရမိကြောင်း မူဆယ်ရဲတပ်ဖွဲ မှစုံစမ်းသိရသည်။

ထို့ပြင် မေ ၂၉ ရက် မွန်းလွှဲ ၁နာရီတွင် သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ တောင်ကြီး-ကလော သွားကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ၁၂ဘီး မော်တော်ယာဉ် နှင့် အတူ အသက် ၂၆နှစ် အရွယ်ရှိ ယာဉ်မောင်း ဇော်မင်းထွေး ကို စစ်ဆေးရာ ICE (မက်သာအဖက်တမင်း) ၁၅၃၄ ကီလို ကျပ်ငွေ တန်ဖိုး ၃၈.၃၅ ဘီလီယံကျော် သိမ်းဆည်းရမိသည်။

မေ ၂၄ရက် မနက် ၂နာရီ တွင် လွိုင်လင်မြို့ ဟိုတင့်ကျေးရွာအနီးတွင် ICE (မက်သာအဖက်တမင်း ၁,၆၁၅ ကီလို စုပေါင်းကျပ်ငွေ ၄၀ ဘီလီယံ သိမ်းဆည်းရမိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ UWSA (၁၇၁)တောင်ပိုင်းတပ် ဖမ်းမိသည့် စိတ်ကြွဆေးပြား ၁၄ သန်းကို စစ်ကော်မရှင်ထံလွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၁၄ သန်းခန့်ကို စစ်ကော်မရှင်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ စက်တင်ဘာလ (၂၉) ရက်တွင် မိုင်းတုံမြို့နယ် ဟွေအော်ကျေးရွာ၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး...

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် စိတ်ကြွဆေးပြား အများအပြားဖမ်းမိ

0
ထိုင်း-မြန်မာ-လာအို (၃) နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှလာသည့် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်အတွင်းရှိ...

ဖန်မြို့နယ် စွန့်ပစ်ထားသည့် ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်းတွေ့ရှိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းရှိ ရွာသားတစ်ဦး၏ ခြံအနီးတွင် စွန့်ပစ်ထားသော ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်း တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါး သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြသည်။ အဆိုပါစိတ်ကြွဆေးပြားများကို ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နံနက် ၇ နာရီအချိန်တွင် တွေ့ရှိခဲ့ပြီး စွန့်ပစ်ထားသော...